ဘဝဆိုတာ တိုက်ပွဲလား?

Words
124
Reading
1 min
9y
Listen to this post
~1 min

Pyinoolwin_--_DSA_Bayinnaung.JPG
ဘဝ ဆိုတာ တိုက်ပွဲလား?
ဘဝ ဆိုတာ စစ်ပွဲတစ်ပွဲလိုမြင်ရင် တိုက်ပွဲတစ်ပွဲမကပါဘူး တိုက်ပွဲတွေအကြိမ်ကြိမ်နွဲမှ စစ်အောင်နိုင်သလို ဘဝဆိုတာလည်း အခက်အခဲတွေအများကြီးကို တိုက်ပွဲတိုက်သလိုကျော်ဖြတ်မှ မိမိလိုချင်တဲ့ပန်းတိုင်ကိုအရောက်လှမ်းနိုင်မှာပါ။
စစ်ဆိုတာ တိုက်လျှင်နိုင်အောင် တိုက်မှ ကောင်းတယ် ဟု ကင်းဝန်မင်းကြီးဦးကောင်း ပြောခဲ့သလို ဘဝ ဆိုတဲ့ တိုက်ပွဲတွေအတွက်လည်း လုံ့လ၊ဝိရိယ၊ဇွဲ ဆိုတဲ့သတ္တိတွေအပြင် ကြိုတွေးပြီးပြင်ဆင်ထားရမဲ့အရာတွေ အများကြီးရှိပါတယ် စစ်ပွဲတစ်ပွဲအောင်နိုင်ဖို့က စိတ်ဓာတ်နဲ့ဗျူဟာပါဘဲ စိတ်ဓာတ်ကတော့တိုက်ပွဲကိုမကြောက်မရွံ့ တိုက်နိုင်ဖို့အတွက် ပထမအချက်အနေနဲ့ ဘုရင်နောင်မင်းတရားကြီးလုပ်ခဲ့သလို ဘုရင်နောင် ဖောင်ဖျက် ဆိုတဲ့စကားအတိုင်း စိတ်ဓာတ်ပြတ်သားနေဖို့တော့လိုပါတယ်။

ဘဝမှာ မိမိလိုချင်တဲ့ ပန်းတိုင်ကိုသေချာမသိခြင်း(သို့မဟုတ်)စိတ်ထဲတွင်မပြတ်မသားဖြစ်ခြင်းဟာ လမ်းမှားကိုရောက်မှန်းမသိ ရောက်စေတတ်ပြီး ကျရှုံးမှုဘက်ကို ရောက်ဖို့အရေးပိုများပါတယ်။ထိုကြောင့် ပထမဆုံးအနေနဲ့ မိမိလိုချင်တဲ့အရာ/ပန်းတိုင် ရှိနေမှရပါမယ်။စိတ်ဓာတ်ပြတ်သားနေဖို့ လိုပါတယ်။(ဥပမာ အသက် ၂၀ မှာ ဘွဲ့ နှစ်ခုရရမယ် မှန်းထားရင် ရအောင်ကြိုးစားဖို့လိုပါတယ်။မရတော့လည်း တစ်နှစ်နောက်ကျလည်း ဘာဖြစ်လဲဆိုတဲ့ စိတ်ဓာတ်မျိုးမဝင်သင့်ပါဘူး။)ချွင်းချက်အနေနဲ့ ကိုယ်တိုင်ကကြိုးစားပါလျက် မိသားစုကြောင့်သော်လည်းကောင်း၊အကြောင်းတစ်စုံတစ်ရာကြောင့်သော်လည်းကောင်း မဖြစ်ခဲ့ပါက မိမိအပြစ်မဟုတ်ပါဘူး။သို့သော် စိတ်ဓာတ်မကျဖို့တော့လိုပါတယ်။

ဒုတိယအချက်အနေနဲ့ဗျူဟာပါ စစ်ပွဲတစ်ပွဲမှာဗျူဟာအရေးကြီးသလို ဘဝဆိုတာအတွက်လည်း ဗျူဟာလိုပါတယ် ဘယ်အလုပ်ကိုမဆို လုပ်တော့မယ်ဆိုရင် စဉ်းစားပါ၊တွေးပါ၊ဆုံးဖြတ်ချက်ထားပါ။အဆိုးဆုံးကိုရင်ဆိုင်ဖို့ပြင်ဆင်ထားရန် လိုအပ်သလို အကောင်းဆုံးကိုလည်းမျှော်လင့်ထားပါ။ဘဝအတွက် ဗျူဟာဆိုတဲ့နေရာမှာ မိမိလိုချင်တဲ့အရာကို မိမိမှာရှိတဲ့အရာ ဇွဲ၊လုံ့လ၊သတ္တိတွေနဲ့ စဉ်းစားဆုံးဖြတ်ချက်များ ပေါင်းစည်းထားတဲ့အရာလို့ ကျွန်တော်ဆိုလိုချင်တာပါ။ကိုယ်ကဘယ်လောက်လုပ်နိုင်တယ်၊အချိန်ဘယ်လောက်ရတယ်၊ဘာတွေပေးဆပ်နိုင်တယ်၊ဘာတွေမျှော်လင့်ထားတယ် ဆိုတဲ့အကြောင်းအရာတွေအပေါ် လိုက်ပြီး တစ်ဦးနဲ့တစ်ဦး မတူကြပါဘူး။ဒုတိယအချက် ဗျူဟာအတွင်း ပထမဆုံးပြောချင်တာက မိမိကိုယ်ကို မိမိသိပါ၊ကိုယ်တိုင်ဘာလုပ်နိုင်တယ်၊ဘာတွေရှိတယ်ဆိုတာ မိမိကိုယ်တိုင်အသိဆုံးပါ။မိမိမှာရှိတဲ့စွမ်းရည်နဲ့ဇွဲ၊လုံ့လ၊သတ္တိ အပြင် စနစ်တကျစဉ်းစား တွေးတောကာဆုံးဖြတ်ချက်တွေချထားခြင်းက မိမိလိုချင်တဲ့အရာကို ယူဆောင်ပေးနိုင်မဲ့အကောင်းဆုံး ဗျူဟာပါ။ဗျူဟာလို့ပြောတဲ့နေရာမှာ ဘက်ပေါင်းစုံ နေရာစုံကတော့ကြိုတွေးထားဖို့လိုပါတယ်။စစ်ပွဲတစ်ပွဲတိုက်မည်ဆိုလျှင် မိမိစစ်သည်အင်အား၊တိုက်ခိုက်စွမ်းရည်၊ရိက္ခာနဲ့ တိုက်ပွဲကို ဘယ်လိုတိုက်မလဲဆိုတာတွေ အရေးကြီးပါတယ်။ဘဝဆိုတဲ့အရာကို စစ်ပွဲတစ်ပွဲလိုပြင်ဆင်မယ် ဆိုရင် မိမိမှာရှိတဲ့လုပ်နိုင်စွမ်း၊အချိန်၊ပေးဆပ်မှုတွေကို စနစ်တကျကြိုတင်ပြင်ဆင်ထားဖို့လိုအပ်ပါတယ်။
အချုပ်အားဖြင့်ဆိုရသော် တိကျပြတ်သားသောစိတ်ဓာတ်နှင့် စနစ်တကျပြင်ဆင်တတ်သောအကျင့်ရှိလျှင် မိမိလိုချင်သောပန်းတိုင်ကို စစ်ပွဲတိုင်းအောင်နိုင်သောဘုရင်ကဲ့သို့ရရှိမည်မှာ မလွဲဧကန်ပင်ဖြစ်ပါတော့သည်။

Credit to Google images

written by hpone ko ko myint

@ hponekokomyint

Steemit Myanmar

ဘဝဆိုတာ တိုက်ပွဲလား? | Ecency