နွေဦးရာသီ

Words
79
Reading
1 min
8y
Listen to this post
~1 min

Steemitမှာ စာမရေးဖြစ်တာတောင် ကြာပြီပေါ့။ဘယ်ချိန်တည်းကလည်းဆိုတော့ ကိုaggamun@aggamunရဲ့ contestမရှိတော့တည်းက ဆိုပါတော့😝အဓိကမရေးဖြစ်တာကို ကိုယ့်ကိုယ်ကိုပြန်သုံးသပ်ကြည့်တော့ အဖြေကတစ်ခုတည်းထွက်လာပါတယ်။အဲ့ဒါကတော့ အပျင်းကြီးနေတာကြောင့်ပါ။ရာသီကလည်း တွေးလို့ငေးလို့ ကောင်း စာဆိုတွေရေးသလို ချစ်ရသူကို လွမ်းလို့ကောင်းတဲ့ရာသီိဆိုပဲ။ သစ်ရွက်တွေကြွေတာကိုကြည့်လိုက် ပူလို့အအေးလေးသောက်လိုက် စာအုပ်လေးဖတ်လိုက်နဲ့ ပိတ်ရက်တွေမှာ ကုလားထိုင်ပေါ်မှာ အချိန်ကုန်နေတာပေါ့။
image
အခုလိုအပျင်းပြေ အဲလေ အပန်းဖြေနေရင်းမှ ကျွန်မရှု့ခင်းတစ်ခုကိုမြင်လိုက်ရပါတယ်။စာတွေမှာဖတ်ဖူးနေကြ နွေဦးရာသီဆိုပြီး စာစီစာကုံးတွေမှာ ထည့်ရေးနေကြ "ရော်ဝါတွေ မြေမှာခလို့ ပုရစ်ဖူးကလေးတွေ အစီအရီ"ဆိုသော စာသားနဲ့ညီတဲ့ မြင်ကွင်းလေးကို မြင်လိုက်ရပါတယ်။

image
အမှန်တိုင်းဝန်ခံရရင် အခုလို အရိုးပြိုင်းပြိုင်းထနေတဲ့ သစ်ပင်ကနေ ပုရစ်ဖူးလို့ခေါ်တဲ့ သစ်ရွက်နုလေးတွေကို တစ်ခါမှမမြင်ဖူးပါဘူး။အရင်နှစ်တွေမှာ ဘယ်နားသွားအိပ်နေလဲလို့ မေးရင်လည်း ခံရမှာပါပဲ။သစ်ပင်ပေါ်ကိုမော့မကြည့်မိတာလည်း ပါမှာပေါ့နော်။အခုတော့ ကျွန်မမျက်မြင်ဒိဋ္ဌတွေ့ခဲ့ရတော့ စာဆိုတွေနွေဦးရာသီရဲ့ အလှကိုရေးဖွဲ့ကြတာ မလွန်ဘူးဆိုတာ သိလာပါတယ်။အမှန်တစ်ကယ်ကို လှပပေတဲ့ နွေဦးရာသီပါတကား။စာဆိုတွေရေးသလို ချစ်ရသူကိုလွမ်းမယ်ဆိုလည်း လွမ်းလောက်ပါတယ်။ကျွန်မတောင် ဒီမြင်ကွင်းလေးကို ကြည့်ရင်း ထိုင်းနိုင်ငံက marioလေးကိုတောင် လွမ်းလာပါတယ်။😝
Steemitမိသားစုဝင်များအားလုံးကို ကျေးဇူးအထူးတင်လျက်။

Steemit မိသားစုဝင်များအားလုံးစိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ။
Give my love to you all Steemians.
written by :hnineikhaing@hnineikhaing
MSU NO-003
received_236425950252219.jpeg

#myanmar
#msu

နွေဦးရာသီ | Ecency