အင်္ဂလိပ်စာလေ့လာမှုတိုးတက်ရန် အသုံးဝင်သော အကြံပြုချက်များ
Useful suggestions to improve English study
***.........................................................
အင်္ဂလန်မှာနေပြီး တစ်ခါတစ်ရံ အင်္ဂလိပ်မြန်မာနှစ်ဘာသာနဲ့  ဆောင်းပါးလေးတွေရေးတဲ့အတွက် လူတစ်ချို့က မိမိကို အင်္ဂလိပ်စာ အဆင့်မြင့်မြင့် တတ်တယ်လို့ ထင်နေပုံရတယ်။ မဟုတ်ပါဘူး။ မိမိမှာ အင်္ဂလိပ်စာအရည်အချင်း မပြည့်မီသေးပါဘူး။ လေ့လာနေဆဲပါ။ လေ့လာခြင်းဟာ မိမိတစ်ဘဝလုံး မြှုပ်နှံထားရမယ့် လုပ်ငန်းရပ်ပါ။
Some people may think high of me in English because I am staying in England and sometimes write the bilingual article in Myanmar and English. No, I am not qualified for English yet, I am still learning and learning is my life-work.
အချို့သော မိမိရဲ့ မိတ်ဆွေများ၊ ကျောင်းသားများ၊ စာဖတ်သူများက စိတ်ကူးတွေကို အင်္ဂလိပ်လို ရေးသားဖော်ပြရန် လွယ်သလား ခက်သလာလို့  မေးကြပါတယ်။
ဒီပို့စ်ဟာ အဲဒီမေးခွန်းရဲ့ ယျေဘုယျအဖြေဖြစ်ပြီး၊ မိမိတို့ ရဲ့  လေ့လာမှု အတွေ့ အကြုံကို အသုံးပြုကာ အင်္ဂလိပ်ဝါကျတွေ ဘယ်နည်း ဘယ်ပုံ ရေးရသားရမယ်ဆိုတာ သင့်ကို ပြောပြပါလိမ့်မယ်။
Some of my friends, my students and my readers ask me if it is easy or difficult to express our ideas in English.
This post will be the general answer to their question and you will learn how we can write English sentences using our experience from learning.
ဒီပိုစ်လေးကို ဖတ်ခြင်းအားဖြင့် တန်ဖိုးရှိတဲ့ အချိန်တွေပေးပြီး၊ သင်တန်းအမျိုးမျိုးမှာ ဆရာအမျိုးထံက အချိန်ကြာမြင့်စွာ သင်ယူထားသူဖြစ်လျက်၊ အင်္ဂလိပ်လို ရေးသားရဲတဲ့ သတ္တိဘာကြောင့်မရှိတာလဲဆိုတာ နားလည်သွားပါလိမ့်မယ်။
By reading this post you will understand why anyone has no courage to write an article in English although he or she studied hard enough using precious time under the teachings of various teachers at various classes.
တကယ်တော့ စာတစ်ပုဒ်ကို လူစိတ်ဝင်စားအောင် ရေးဖို့ဆိုတာ မိခင်ဘာသာစကားနဲ့ တောင်မှ လွယ်ကူတာမဟုတ်ပါဘူး။
ဘာသာစကားနှစ်မျိုးနဲ့ ရေးသာခြင်းဟာ ဘာစကားတစ်မျိုးထဲ ရေးသားခြင်းထက် ပိုမို ခက်ခဲမယ်ဆိုတာ ပြောဖို့လိုမယ် မထင်ပါဘူး။
In fact, It is not easy task to write an article in which readers are interested in mother language indeed.
Needless to say writing a bilingual article is more difficult than writing in mother language.
ဘာသာစကားနှစ်မျိုး ရေးသားသူဟာ မိခင်ဘာသာစာပေ ရေးသားမှုနှင့် ပတ်သက်ပီး ဉာဏ်ရည်ဉာဏ်သွေး၊ ထက်မြက်တဲ့ အာရုံခံစားမှုရှိရမှာဖြစ်သလို၊ သူဘာသာပြန်ဆိုရေးသားမယ့် နိုင်ငံခြားဘာသာစကား အရေးအသားလည်း ကျွမ်းကျင်ဖို့ လိုပါတယ်။
A bilingual writer must have intelligent sense of writing in mother language and writing skill in foreign language into which he intend to translate.
စာအရေးအသားစွမ်းရည်ဆိုတာ စာဖတ်ခြင်းအတွေ့ အကြုံမှာ တည်မှီတဲ့အတွက် သူ့မှာ စာဖတ်ဝါသနာ စာဖတ်အလေ့အကျင့် ရှိရပါမယ်။
သူရဲ့ ကိုယ်ပိုင် စိတ်ကူးစိတ်သန်းနဲ့  အတွေးအခေါ်တွေအပြင်၊ စာဖတ်ခြင်းကနေရလာတဲ့  အခြားပညာရှင်တွေရဲ့  အတွေးအခေါ်တွေ၊ အရေးအသားနဲ့ ပတ်သက်တဲ့ ဉာဏ်ကွန့့် မြူးမှုတွေကိုပါ အသုံးချတတ်ရပါတယ်။
He should have reading hobby and habit for writing ability depends on reading experience.
He must use his own idea and philosophy and also he must use other scholars' thoughts and inspiration for writing which he got by reading.
မိမိတို့ မြန်မာပြည်မှာ နှစ်ပေါင်းများစွာ ကျောင်းတွေ၊ သင်တန်းတွေတက်ပြီး ဆရာအမျိုးမျိုးထံမှာ အင်္ဂလိပ်စာ လေ့လာသင်ယူကြသူတွေ ရှိပါတယ်။ သူတို့ ထဲက အများစုဟာ မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေမှာ အင်္ဂလိပ်လို ဆောင်းပါးလေးတစ်ဆောင်၊ သတင်းလေးတစ်ပုဒ် ရေးသားရဲတဲ့သတ္တိ မရှိတာတွေ့ ရပါတယ်။ ဘာကြောင့်လို့ ထင်ပါသလဲ။
There are so many English learners in our country who have studied at school and in various classes under the teaching of different teachers in many years but many of whom have no courage to write an article or news in public journal or magazine. How do you think of that?
သူတို့ ရဲ့ လေ့လာမှုလုပ်ငန်းစဉ် မပြည့်စုံလို့ ထင်ပါသလား။ ဒါမှမဟုတ် သူတို့ မှာ စာရေးပုံစနစ်ကို ပြည့်ပြည့်ဝဝ မရရှိခဲ့တာလို့  ထင်ပါသလား။
မဟုတ်ပါဘူး။ လုံးဝကို မဟုတ်ပါဘူး။ သူတို့ အများစုဟာ အင်္ဂလိပ်သဒ္ဒါ၊ အင်္ဂလိပ်စာဖွဲ့ သီပုံ၊ ဝါကျရေးသားနည်းတွေကို ဆရာတွေက စနစ်တကျသင်ပေးတဲ့အတိုင်း ပြည့်ပြည့်ဝဝ လေ့လာသင်ယူခဲ့ကြပါတယ်။
Do you think their learning process was not enough or they didn't get writing method completely? No, no, most of them have completely studied English grammar, composition and how to write sentences as their teachers taught methodically.
ဒီလိုဆို ဘာကြောင့် အင်္ဂလိပ်လိုရေးသားဖို့  သတ္တိမရှိကြတာလဲ၊ မဝံ့မရဲဖြစ်ကြတာလဲဆိုတာ စဉ်းစားကြည့်ရအောင်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး မိမိပေးလိုတဲ့ ထင်မြင်ချက်နဲ့ အယူအဆကတော့ လက်တွေ့ အသုံးချနိုင်အောင် ကိုယ်တိုင် ပိုင်ခြားစိပ်ဖြာလေ့လာဖို့  ပျက်ကွက်ကြတာကြောင့်လို့  ဆိုချင်ပါတယ်။
Let's think about why they have no courage and why they hesitate to write English.
The opinion or thought I want to offer you about that is that they failed to analyse themselves so that they can apply.
သူတို့ လေ့လာထားတာတွေကို လက်တွေ့ နယ်ပယ်မှာ အသုံးမချတဲ့အတွက် သင်ယူမှုကနေ ရရှိထားတဲ့ ကျွမ်းကျင်မှုတွေဟာ မေ့ပျောက်သွားတာ၊ ဒါမှမဟုတ် စာအုပ်ထဲမှာ၊ ဘလက်ဘုတ်ပေါ်မှာ၊ လေထဲမှာတင် ကွယ်ပျောက်သွားတာ ဖြစ်မှာပါ။
လက်တွေ့ နယ်ပယ်မှာ အသုံးမချရင် ဘယ်လို အသိပညာမျိုးမှ တာရှည်မခံပါဘူး။
They didn't apply their learning in practical spot so their skills which got from learning were forgotten or vanished in the book, on the board or in the air.
No knowledge exists forever without applying in practical field.
တစ်ချို့ ကတော့ အင်္ဂလိပ်လို ပြောဆိုတတ်ပြီး အစီရင်ခံစာလေးတစ်စောင်၊ စီးပွါးရေးကိစ္စအတွက်ပေးစာ၊ လူမှုရေးဆိုင်ရာ ဆောင်းပါးလေးတစ်ပုဒ်လောက်မျှ မရေးနိုင်ဖြစ်နေကြတာဟာ အပြောမှာပဲ အသုံးချပြီး၊ အရေးသာမှာ အသုံးမချလို့ ဖြစ်ပါတယ်။
Although some speak English, they don't dare write any report, any business letter or any social article because they use English only in speaking, not in writing.
အင်္ဂလိပ်လို ရေးသာခြင်းဟာ အင်္ဂလိပ်စကားပြောခြင်းထက် အတော်လေးကို ပိုခက်ပါတယ်။
ဘာကြောင့်လည်းဆိုတော့ ကျွမ်းကျင်မှုလေးမျိုးထဲမှာ အရေးအသား ကျွမ်းကျင်မှုက အခက်ခဲဆုံးဖြစ်လို့ ပါပဲ။
အင်္ဂလန်မှာ (၇) နှစ်ကျော်နေထိုင်နေပြီး အင်္ဂလိပ်လို စာတမ်းတိုလေးတစ်စောင်လောက်မျှ ရေးနိုင်သော စွမ်းရည်မရှိတဲ့ မြန်မာအချို့ကို တွေ့ရပါတယ်။ ဘာကြောင့် လုံလောက်တဲ့ အရေးသားစွမ်းရည်မရှိတာလဲလို့ မိမိကမေးတဲ့အခါ အရေးသားကျွမ်းကျင်မှုကို အထူးပြုပြီး မလေ့လာခဲ့လို့ဆိုပီး ဖြေကြပါတယ်။
Writing English is rather difficult more than speaking since writing skill is the most difficult among four skills.
I find some of Myanmar people who have been living in England for over 7 years and have not enough ability to write an essay in English.
I asked why they don't have enough writing ability, they answer they did not analyse writing skill.
သင်ဟာ စာရေးစာဖတ် မတတ်သူတစ်ယောက်ကို အကြားအထိအတွေ့  အကြိမ်ကြိမ်ပေးခြင်းဖြင့် စကားပြောသင်ပေးနိုင်ပေမယ့်၊ အရေးအသားကိုတော့ ဒီနည်းနဲ့ သင်ပေးလို့ မရပါဘူး။ စာမရေးတတ် မဖတ်တတ်ဘဲ အင်္ဂလိပ်စကားပြောနေတဲ့ ကလေးငယ်တွေ ပုဂံမှာရှိနေတာ သင် သတိပြုမိမှာပါ။
Though you can teach speaking to someone who cannot read and write by giving hearing exposure again and again, you cannot teach him writing in this way. You may notice some children in Bagan who speak English though they cannot read and write.
မြန်မာဆိုရိုးစကားမှာ ငါးပိဖုတ်တာတောင် ဆရာမပြရင် နည်းမကျဘူးဆိုတာ ကြားဘူးမှာပါ။
ဝါကျတစ်ကြောင်း၊ စာပိုဒ်တစ်ပိုဒ်၊ ပေးစာတစ်ဆောင်၊ စာစီစာကုံးတစ်ပုဒ်၊ ဆောင်းပါးတစ်ပုဒ်၊ စာအုပ်တစ်အုပ် ရေးသားရာရန် ဝါကျအစိတ်အပိုင်းတွေကို ခွဲခြမ်းစိတ်ဖြာတဲ့နည်းဖြင့် အင်္ဂလိပ်ဂရမ်မာကို ပိုမိုလေ့လာရပါမယ်။ အခြားဆရာတွေရဲ့  စိတ်ကူးတွေ၊ အရေးအသားလက်ရာတွေကို မဖြစ်မနေ လေ့လာရမယ်ဆိုတာတော့ ပြောစရာလိုမယ်မထင်ပါ။
You may heard one of Myanmar saying that that is not systemic to bake fish paste without learning under the teaching of a teacher.
To systematically write a sentence, a passage, a letter, an essay, an article or a book, we must learn more about English grammar by way of analysing the parts of the sentence and we surely need to learn other writers' ideas and writing of course.
လေ့လာပြီးတဲ့နောက် သူတို့ အရေးအသားတွေကို အတုခိုးပြီး ကိုယ်ပိုင်အရေးအသားတွေထဲမှာ ထည့်သွင်း အသုံးပြုရပါမယ်။
တစ်ခါတစ်ရံ စာဖတ်သူများကို ပိုပိုကျယ်ပြန့် တဲ့ ဗဟုသုတတွေပေးဖို့  စကားပုံတွေ၊ အဆိုအမိန့်တွေ၊ စာပိုဒ်တွေကို အညွှန်းစာအုပ်တွေက ယူသုံးရပါတယ်။
After learning we must imitate their writing and use in our self-writing.
Sometimes we use some proverbs, sayings and passages from other reference books to give wider knowledge to our readers.
ဘယ်သူမှ မွေးကထဲက ပါရမီရှင် စာရေးဆရာဖြစ်လာတာ မဟုတ်ပါဘူး။ ကိုယ်ပိုင်အရေးအသားတိုးတက်မှုအတွက် အတုခိုးမှုဆိုတာ မဖြစ်မနေ လုပ်ရပါတယ်။
စု, တု , ပြု ဆိုတဲ့ ရှေးစာရေးဆရာကြီးတွေရဲ့  အကြံပြုချက်ဟာ စာရေးလိုသူတွေအတွက် အဖိုးမဖြတ်နိုင်တဲ့ ရတနာသိုက် လမ်းညွှန်မြေပုံများဖြစ်ပါတယ်။ ဒီမြေပုံများကို ပစ်ပယ်လို့ မရပါဘူး။
No one is a writer of genius in born, imitation must be done to improve self-writing.
Collection, imitation and creation which were advised by antecedent authors are priceless road -maps of treasure-house for writers. They cannot ignore this road-map.
ဒီနေရာမှာ ဆရာအမျိုးမျိုးထံက နည်းအမျိုးမျိုးနဲ့  လေ့လာသင်ယူလျှင် အရေးသားစွမ်းရည်အတွက် လုံလောက်ပီလားလို့  မေးစရာရှိပါတယ်။
ဆရာတွေဆိုတာ နည်းပေးလမ်းပြတွေဖြစ်ပါတယ်။ တပည့်တွေလိုက်နာဖို့  လမ်းညွှန်မှုတွေပေးပေမယ့် ညွန်ကြားမှုအတိုင်း ဖြောင့်ဖြောင့်မသွားလျှင် သူတို့ ဘာမှ မတတ်နိုင်ပါဘူး။
Here there is a question, learning under the teachings of various teachers in various way is enough to have writing ability. Teachers are only guides, they will show their pupils guidelines to follow but hey can do nothing if their pupils don't go straight as their instruction.
ကိုယ်တိုင်အားထုတ်မှုမရှိတဲ့ ကျောင်းသားတွေကို ဘယ်ဆရာမှ ပြည့်စုံအောင်သင်ကြားမပေးနိုင်ပါဘူး။
ရေရှည်လေ့လာသင်ယူရာမှာ ကိုယ်တိုင်လေ့လာခြင်းကသာ အကောင်းဆုံးဆရာဖြစ်တယ်ဆိုတာ မမေ့ပါနဲ့ ။
No teacher makes his students perfect without their selves-efforts. Don't forget only self-study is the best teacher in your life long learning.
အထက်မှာပြောခဲ့သလို လေ့လာသင်ယူပြီးတဲ့နောက် ခွဲခြမ်းစိတ်ဖြာခြင်းဆိုတာ လာရပါမယ်။ အဲဒီနောက် လက်တွေ့ နယ်ပယ်မှာ အသုံးချမှုလုပ်ရပါတယ်။ ဒါမှမဟုတ်ရင် လေ့လာထားတာတွေဟာ တစ်နည်းနည်းနဲ့  ပျောက်ဆုံးသွားပါတယ်။
As above mention, analyzing should follow after learning and applying must do after analyzing in practical spot or our learning will vanish in any way.
စာအုပ်ထဲမှာရှိတဲ့ အသိပညာဆိုတာ အသုံးချဖို လိုအပ်တဲ့အခါ ကိုယ်ပိုင်ဖြစ်မလာပါဘူး။
လေ့လာမှုကရတဲ့ အသိပညာဟာ သင့်ရဲ့ ရေးသားမှုနယ်ပယ်မှာ လက်တွေကျကျ ထောက်ကူပေးတဲ့ ဉာဏ်စွမ်းဖြစ်လာရပါမယ်။
The knowledge in book is not our own when we want to use it.
The knowledge must become realistic intellect to support in your writing field.
ဒီနေရာမှာ မိမိဟာ ပြည့်စုံ တတ်သိတဲ့ အင်္ဂလိပ်လိုရေးသားသူတစ်ယောက် မဟုတ်ဘူးဆိုတာ ဝန်ခံပါတယ်။ ပီအိပ်ခ်ျဒီဘွဲ့ အတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့တဲ့  ကျမ်းပြုသူတစ်ယောက် ဖြစ်ပါတယ်။
Here I admit that I am not a perfect English writer. I was only thesis reasearcher who tried the best for my PhD.
၂၀၁၅ က " အဖိုးတန်ဘဝတစ်ခု ထုဆစ်ရန် နည်းလမ်းများ" The ways to carve out a valuable life ဆိုတဲ့ စာအုပ်ကို ဘာသာစကားနှစ်မျိုးရေးပြီး ထုတ်ဝေခဲ့ပါတယ်။ ၂၀၁၆ မှာ "သင်ယူလေ့လာ ဗုဒ္ဓဝင်သင်ခန်းစာ" Learn the lessons from the life of the Buddha စာအုပ်ထုတ်ဝေခဲ့ပါတယ်။ "ဗုဒ္ဓဝါဒလာ အထူးသိမှတ်စရာများ" Special knowledge on Buddhism ဆိုတဲ့စာအုပ်နဲ့ "ဘဝအာင်ပန်း ဆွတ်ချူလှမ်းစို့" Let's have triumph စာအုပ်တွေကိုတော့ တလောက ဇူလိုင်လထဲမှာ ထုတ်ဝေခဲ့ပါတယ်။ ဒီစာအုပ်များရေးသားမှုကနေ တွေးခေါ်ပုံ၊ ရေးသားပုံ အတွေ့အကြုံများစွာ ရရှိခဲ့ပါတယ်။ ဒါကြောင့် ဘာသာစကားနှစ်မျိုးနဲ့ ရေးသားရာမှာ ကိုယ်တိုင် အသုံးပြုနေတဲ့ အကြံဉာဏ်စိတ်ကူးလေးတွေကို အင်္ဂလိပ်စာရေးသာရာမှာ စဉ်းစားပုံစဉ်စားနည်းစနစ်အဖြစ် ပေးခြင်းသာဖြစ်ပါတယ်။
In 2015, I published a bilingual book titled " The ways to carve out a valuable life" and "The lessons from the life of the Buddha" in 2016. Another two books "Special Knowledge on Buddhism" and "Let's have triumph were also published recently in July.
By writing these books, I got much experience how to think , how to write so I offer you the ideas which I apply to my writing, which will guide you how to consider for English writing.
မိမိရဲ့ စာဖတ်သူများ၊ မိတ်ဆွေများနဲ့  အင်္ဂလိပ်လေ့လာသူများ စာရေးနည်းစနစ်၊ စာဖတ်ပုံဖတ်နည်းနဲ့  အချက်အလက် စဉ်စားတွေးခေါ်နည်းရစေရန် မျှော်လင့်ချက်နဲ့  ကိုယ်တိုင်ရေးသားရာမှာ အကျိုးပြုတဲ့ အမြင်လေးတွေကို မျှဝေခြင်းသာဖြစ်ပါတယ်။
I only share my views which benefits my writing with hope that my readers, friends, learners will get writing method, reading way and consideration fact.
စွမ်းရည်နဲ့  ကျွမ်းကျင်မှုကို အသုံးချခြင်းသည် မိမိကိုယ်ကိုယ် တိုးအောင်လုပ်တဲ့ နည်းလမ်းကောင်းတစ်ခုဆိုတာမမေပါနဲ့ ။
လေ့လာထားတာတွေကို သင့်လျော်တဲ့ နယ်ပယ်မှာ အသုံးချဖို့  အမြဲ သတိရပါ။
Never forget using ability and skill is a good way of improving yourself, ever remember to apply what you have learnt in proper field.
စာရေးခြင်ကသာလျင် အရေးသားစွမ်းရည်ကို တိုးတက်စေတယ်ဆိုတာ မမေ့ပါနဲ့ ။
လက်တွေ့ ရေးသားခြင်းကသာ သင့်ရဲ့ အရေးသားစွမ်းရည်ကို ပြည့်စုံစေမယ်ဆိုတာ အမြဲ သတိရပါ။
Never forget only writing can improve your writing, ever remember practical writing make your writing skill perfect.
အင်္ဂလိပ်လို ရေးတတ်ချင်လျင် ထပ်ခါထပ်ခါရေးဖို့  မမေ့ပါနဲ့ ။
အရေးသားကောင်းသူတစ်ယောက် ဖြစ်မလာမချင်း သင့်ရဲ့  စာရေးသာမှုအလုပ်ကို မစွန့်လွတ်ဖို့  အမြဲသတိရပါ။
Never forget to write again and again, If you want to write English, and ever remember not to leave your writing process until you be a good writer.
ပန်းတိုင်မရောက်မချင် ကြိုးစားအားထုတ်မှုကို မြှင့်တင်နေဖို့ ဘယ်တော့မှ မမေ့ပါနဲ့။
ကြိုးစားအားထုတ်မှုမပါဘဲ ဘယ်လိုထိုက်တန်တဲ့ အောင်မြင်မှုမှ ပေါ်ပေါက်မလာဘူးဆို အမြဲသတိရပါ။
Never forget to increase your effort until you reach your goal and ever remember nothing worthwhile ever come without hard work.
အထက်မှာဖော်ပြခဲ့တဲ့ အကြံပြုချက်တွေကို ဂရုတစ်စိုက်နဲ့  လေးလေးနက်နက် လိုက်နာပြီး၊ မိမိကိုယ်ကိုယ် တိုးတက်မှုရှိအောင် လက်တွေ့လုပ်ဆောင်လျှင် သင်ဟာ တစ်နေ့ နေ့  တစ်ချိန်ချိန်မှာ အရည်အချင်းပြည့်မီတဲ့ အင်္ဂလိပ်စာရေးသားသူတစ်ယောက် ဧကန်မုချ ဖြစ်လာပါလိမ့်မယ်။
If you seriously follow above suggestions in care manner and practise self-improvement, it is sure you will be a qualified English writer in a day at any time.
မေတ္တာဖြင့်