We suffer from many of the problems which are created by ourselves
"ကျွန်တော်တို့ဟာ ကိုယ်တိုင်ဖန်တီးတဲ့ပြဿနာတွေကြောင့် ဒုက္ခရောက်ရတာဖြစ်တယ်"
Many people have suffered from frustration and nervous breakdowns because they have not trained their minds to maintain calmness in the face of disturbances. They have only allowed their minds to develop craving to satisfy their sensual pleasures.
လူပေါင်းများစွာဟာ အနှောင့်ယှက်တွေ ကြုံလာတဲ့အခါ စိတ်တည်ငြိမ်မှုကို ထိန်းသိမ်းရန် လေ့ကျင့်မထားတာကြောင့် အားမလို အားမရဖြစ်ခြင်း၊ စိုးရိမ်ကြောက်ရွံ့ခြင်းတွေ ဖြစ်ပေါ်ကာ စိတ်ဆင်းရဲခံကြရတယ်။ သူတို့ဟာ ကာမဂုဏ်အာရုံ ခံစားမှုတွေ တိုးမြှင့်ရန်အတွက် စိတ်ကို လွှတ်ထားပေးကြတယ်။
To people who have no true religious guidance, development means the increase of craving for various kinds of pleasures which are provided by the senses. As a result people also develop very unhealthy attitudes that create jealousy, enmity, hatred which then turns into violence. That is how undisciplined people have turned the whole world into a battlefield.
မှန်ကန်တဲ့ ဘာသာရေးရဲ့ လမ်းညွှန်မှုကို မခံယူသူတွေအတွက်တော့ ဖွံ့ဖြိုးတိုးတက်မှုဆိုတာ အာရုံတွေကြောင့် ဖြစ်ပေါ်လာတဲ့ အမျိုးမျိုးသော သာယာဖွယ်တွေကို လိုချင်တပ်မက်မှု မြှင့်တက်လာခြင်းလို့ အဓိပ္ပါယ်ရတယ်။ ဒီအကျိုးဆက်အဖြစ် ရက်စက်ကြမ်းကြုတ်မှု အဖြစ်ပြောင်းသွားမယ့် မနာလိုမှု၊ ရန်လိုမှု၊ မုန်းတီးမှုကို ဖန်တီးသည့် အလွန်ဖောက်ပြန်သော သဘောထားတွေ လူသားတွေထံမှာ တိုးပွားလာပါတယ်။ ဒါဟာ စည်းမဲ့ကမ်းမဲ့ လူသားတွေက ကမ္ဘာလောကကြီးကို စစ်မြေပြင်အဖြစ် ပြောင်းလဲလိုက်ပုံ ဖြစ်ပါတယ်။
Once there is violence everyone cries for peace for some time. Then that episode is forgotten and a new one erupts and there is more suffering. Not knowing that the undeveloped mind is the cause of all these problems, people accuse the devil of
putting them in misery. To fight the devil they turn to god. They start to pray and worship that god to help them. They do all kinds of things to escape from their problems, which were mostly created by themselves. Now we can understand who creates the problems.
ရက်စက်ကြမ်းကြုပ်မှု ပေါ်ပေါက်လာတဲ့အခါ လူတိုင်းက ငြိမ်းချမ်းရေးကို တစ်ခဏတော့ အော်ဟစ် တောင်းဆိုပါတယ်။ နောက်တော့လည်း ထိုဖြစ်ရပ်ကို မေ့သွားကာ ရက်စက်ကြမ်းကြုပ်မှုအသစ် ထပ်မံ ဖြစ်ပွားပြီး ဒုက္ခပိုရောက်တာပါပဲ။ ပြဿနာအားလုံး ဖြစ်ပေါ်ခြင်းရဲ့ အကြောင်းရင်းဟာ စည်းကမ်းမဲ့တဲ့ စိတ်ဖြစ်တယ်ဆိုတာ မသိတာကြောင့် လူတွေဟာ ဆင်းရဲဒုက္ခရောက်စေတဲ့ နတ်ဆိုးကို စွပ်စွဲကြတယ်။ နတ်ဆိုးကို တွန်းလှန်ရန် နတ်ဘုရားဖက် လှည့်လိုက်ပြီး နတ်ဘုရားက ကူညီမယ်ဆိုကာ ဆုတောင်းကြတယ်၊ ရှိခိုးကြတယ်။ အများအားဖြင့် ကိုယ်တိုင်ဖန်တီးတဲ့ ပြဿနာတွေက လွတ်မြောက်ရန် အမျိုးမျိုးလုပ်ဆောင်ကြတယ်။ အခုလောက်ဆို ပြဿနာတွေကို ဘယ်သူဖန်တီးတယ်ဆိုတာ ကျွန်တော်တို့ သဘောပေါက်လောက်ပါပြီ။
The Buddha says the world is within you. When you discipline yourself the whole world is disciplined and peace is maintained not only for yourself but all those around you. It is not necessary for anyone to beg the divine forces for peace. Good and bad, peace and violence do not come from outside. They all exist because of the mental attitude of people.
မြတ်ဗုဒ္ဓက ကမ္ဘာလောကကြီးဟာ သင့်တို့လက်ထဲမှာပဲရှိတယ်လို့ မိန့်တော်မူပါတယ်။ သင်တို့ကိုယ်တိုင်က စည်းကမ်းရှိရင် တစ်လောကလုံး စည်းကမ်းရှိလာမယ်။ သင့်ရဲ့ စိတ်အေးချမ်းမှုကို ထိန်းသိမ်းနိုင်ရုံသာမက သင့်ပတ်ဝန်းကျင်က လူသားအားလုံးရဲ့ စိတ်အေးချမ်းမှုကိုလည်း ထိန်းသိမ်းနိုင်မယ်။ စိတ်အေးချမ်းမှုအတွက် နတ်ဘုရားတွေထံက တန်ခိုးအစွမ်းတွေ တောင်းခံနေဖို့ မလိုပါ။ ကောင်းမှုနဲ့ မကောင်းမှု၊ ငြိမ်းချမ်းမှုနဲ့ ရက်စက်ကြမ်းကြုပ်မှုဆိုတာ အပြင်ကနေ ပေါ်ပေါက်လာတာ မဟုတ်ပါဘူး။ အားလုံးဟာ လူတွေရဲ့ စိတ်သဘောထားတွေကြောင့် ဖြစ်ပေါ်လာတာပါ။
Spiritually immature people believe that they can find the source of their problems if they discover the origin of the world. The Buddha has advised us not to be bothered about the beginning of the world since such speculation does not contribute anything to solve our problems.
စိတ်သဘောထား မရင့်ကျက်သူတွေဟာ သံသရာရဲ့အစကို ရှာတွေ့လျှင် ပြဿနာအရင်းအမြစ်ကို တွေ့နိုင်တယ်လို့ ယုံကြည်နေကြတယ်။ မြတ်ဗုဒ္ဓက သံသရာရဲ့အစနဲ့ပတ်သက်ပြီး စိတ်ရှုပ်မခံဖို့ သတိပေးခဲ့ပါတယ်။ အကြောင်းကတော့ ထိုထို ထင်မြင်ယူဆချက်ဟာ ပြဿနာတွေကို ဖြေရှင်းရာမှာ ဘာတစ်ခုမှ အကူညီမပေးနိုင်တာကြောင့်ဖြစ်ပါတယ်။
Human beings have more craving
လူသားတွေဟာ အာသာပြင်းပြမှု ပိုများလာတယ်
Human beings are more selfish in their craving for pleasure than any other living beings. They enjoy the worldly life and give in to sensual pleasure with no thought for the welfare of others. Sensual people like to live long to experience more pleasures. They develop craving towards property and accumulate more property and are afraid to die because they do not want to part with their property.
လူသားတွေဟာ ပျော်အပါးနဲ့ ပတ်သက်ပြီး အခြားသတ္တဝါတွေထက် အတ္တပိုကြီးတယ်။ လောကီဘဝကို အရသာတွေ့ပြီး သူတစ်ပါးအကျိုးကို ထည့်မတွက်ဘဲ ကာမဂုဏ်အာရုံတွေအောက်မှာ ဒူးထောက် အညံ့ခံကြတယ်။ ကာမဂုဏ်လိုက်စားသူတွေဟာ ပိုမို များပြားတဲ့ အပျော်အပါးတွေ ခံစားရဖို့ အသက်ပိုရှည်ချင်ကြတယ်။ စည်းစိမ်ဥစ္စာအပေါ် အာသာပြင်းပြမှုကို တိုးမြှင့်ပြီး ပိုမို စုဆောင်းကြတယ်။ သူတို့ဟာ စည်းစိမ်ဥစ္စာကို မစွန့်လွှတ်ချင်တာကြောင့် သေရမှာကို ကြောက်လန့်ကြတာဖြစ်ပါတယ်။
Other living beings have no such selfish ideas based on collecting things and hanging on to them. They use their five senses only for their survival and lead a natural life without wilfully cheating others. It has been said that only humans hoard more than they can eat. All the other animals take only as much as they need. What they do not need they leave alone for others.
အခြားသတ္တဝါတွေမှာတော့ ဥစ္စာပစ္စည်းစုဆောင်းခြင်း၊ သိမ်းပိုက်ထားခြင်းကို အခြေခံတဲ့ ထိုသို့သော အတ္တကြီးသည့် ခံယူချက်မျိုး မရှိပါဘူး။ သူတို့ဟာ အသက်ဆက်ရှင်သန်ရေးအတွက် အာရုံငါးပါးကို အသုံးချတယ်။ အခြားသတ္တဝါတွေကို တမင်တကာ လိမ်ညာလှည့်ဖျားတာမျိုး မလုပ်ဘဲ ဗီဇအတိုင်းပြုမူတဲ့ ဘဝမျိုးနဲ့ နေထိုင်ကြတယ်။ လူသားတွေသာ စားနိုင်တာထက် ပိုပြီး သိမ်းဆည်းသိုလှောင်တယ်လို့ ဆိုပါတယ်။ အခြားတိရစ္ဆာန်တွေကတော့ သူတို့လိုအပ်သလောက်ကိုပဲ စားသုံးကြတယ်။ မလိုအပ်တာတွေကို အခြားသူတွေအတွက် ထားခဲ့တယ်။
'Wealth is like sea-water;
the more we drink,
the thirstier we become;
and the same is true of fame.
ဥစ္စာဓနဆိုတာ သောက်လေသောက်လေ
ငတ်မပြေတဲ့ ပင်လယ်ရေနဲ့တူတယ်။
ထင်ပေါ်ကျော်ကြားလိုမှုကလည်း
ထို့နည်းအတိုင်း ချွတ်စွပ်ပါပဲ။
Our delusion also creates problems
ကျွန်တော်တို့ရဲ့ ထင်ယောင်ထင်မှားဖြစ်ခြင်းကလည်း ပြဿနာတွေကို ဖန်တီးပါတယ်
Actually we suffer from many of our problems because they are the result of our illusions and hallucinations. By following the Buddha's advice we can eradicate our human weaknesses. We do not use our intelligence when we come to superstitious beliefs. We must try to get rid of them by strengthening our mind and developing selfconfidence. Then we can overcome many of our problems and in most cases our imaginary problems will simply disappear.
တကယ်တော့ ကျွန်တော်တို့ဟာ ကိုယ်ဖန်တီးတဲ့ ပြဿနာပေါင်းများစွာကြောင့် ဆင်းရဲဒုက္ခ ခံစားရတာဖြစ်တယ်။ အကြောင်းကတော့ ထိုပြဿနာတွေဟာ ကျွန်တော်တို့ရဲ့ အထင်မှားခြင်းတွေ၊ အာရုံခြောက်ခြားခြင်းတွေရဲ့ အကျိုးဆက်ဖြစ်လို့ပါပဲ။ မြတ်ဗုဒ္ဓရဲ့ လမ်းညွှန်ချက်ကို လိုက်နာပြီး ကျွန်တော်တို့လူသားတွေရဲ့ အားနည်းချက်တွေကို ချေဖျက်နိုင်ပါတယ်။ ကျွန်တော်တို့ဟာ အယူသီးတဲ့ ယုံကြည်မှုတွေ ဖြစ်ပေါ်လာတဲ့အခါ ကိုယ့်ရဲ့ ဉာဏ်အမျှော်အမြင်ကို အသုံးမချကြတော့ဘူး။ ကျွန်တော်တို့ရဲ့ စိတ်ဓာတ်ကို ခိုင်မာစေခြင်း၊ မိမိကိုယ်မိမိ ယုံကြည်မှုကို မြှင့်တင်ခြင်းဖြင့် ထိုအယူသီးတဲ့ ယုံကြည်မှုတွေကို ဖယ်ရှားရပါမယ်။ ဒါဆိုရင် ပြဿနာပေါင်းများစွာကို ကျော်လွှားနိုင်ပြီး ကိစ္စအတော်များများဖြစ်ပေါ်တဲ့ စိတ်ကူးသက်သက် ပြဿနာတွေဟာ အလွယ်တကူ ပပျောက်သွားမှာဖြစ်ပါတယ်။
Some religions try to escape from reality by saying that god is responsible for all the good things that happened to us and if anything goes wrong then the devil is to be blamed for that. To Buddhists there is no meaning in this kind of belief.
Most of us simply do not try to understand why we are unhappy and why we are not satisfied with our life and who is responsible for this situation. Besides all the major personal problems which we are directly responsible for we also create other problems on a social level like racial, traditional, religious and economic problems which divide mankind.
ဘာသာတရားအချို့ဟာ ကျွန်တော်တို့မှာ ကံကြမ္မာကောင်းတွေဖြစ်လာဖို့ ဘုရားသခင်က တာဝန်ခံတယ်လို့ပြောပီး လက်တွေ့ဘဝမှ လွတ်မြောက်ရန် ကြိုးစားကြတယ်။ တစ်ခုခုမှားသွားရင် မာရ်နတ်ကို အပြစ်ဆိုကြတယ်။ ဗုဒ္ဓဘာသာဝင်တွေမှာတော့ ဒီလိုယုံကြည်မှုမျိုး မရှိပါဘူး။ ကျွန်တော်တို့အများစုဟာ စိတ်မချမ်းမသာဖြစ်ရခြင်းအကြောင်း၊ ဘဝအပေါ် အားရကျေနပ်မှုမရှိခြင်းအကြောင်းနှင့် ဖြစ်ပေါ်လာတဲ့ အခြေအနေအတွက် တာဝန်ရှိသူ ဘယ်သူလဲဆိုတာကို နားလည်အောင် ရိုးရိုးရှင်းရှင်း မကြိုးစားကြဘူး။ ဒါ့အပြင် တိုက်ရိုက် ကိုယ့်မှာတာဝန်ရှိတဲ့ အဓိက ကိုယ်ရေးကိုယ်တာ ပြဿနာတွေနဲ့ ပတ်သက်ပြီးလည်း လူတွေသဘောထားကွဲစေမယ့် လူမျိုးရေးပြဿနာ၊ ရိုးရာဓလေ့ထုံးစံပြဿနာ၊ ဘာသာရေးပြဿနာ၊ စီးပွားရေးပြဿနာကဲ့သို့ လူမှုရေးနယ်ပယ်မှာ ပြဿနာတွေဖြစ်အောင် ထပ်မံ ဖန်တီးကြပြန်ပါတယ်။
Conditions which have brought about the decline of mankind are the pervasive erosion of moral standards and the degradation of people acting with polluted minds. Man is constantly making mistakes: he reaches out for wrong goals, uses wrong means, and glorifies wrong values. These will only cause him to experience more unhappiness and insecurity which inevitably culminates in guilt, worry, self-hatred, and disappointment. He seeks for remedies to the problems, of course. But he searches for the solutions from the outside, not realizing that the root and solution of every problem lies within oneself.
လူ့ယဉ်ကျေးမှုကို နိမ့်ကျသွားစေတဲ့ ကိုယ်ကျင့်တရားဆိုင်ရာ စံနှုန်းတွေ ဆုတ်ယုတ်ကျဆင်းမှုနှင့် စိတ်ယုတ်မာနဲ့ ပြုမူတဲ့ လူသားတွေရဲ့ သိက္ခာမဲ့မှုတွေဟာ နေရာတကာမှာ ဖြစ်ပေါ်နေပါတယ်။ လူသားတွေဟာ အမှားတွေကို အဆက်မပြတ် လုပ်ဆောင်နေကြတယ်။ မှားယွင်းတဲ့ ရည်မှန်းချက်ပန်းတိုင်ဆီ အရောက်လှမ်းတယ်။ မှားယွင်းတဲ့ နည်းလမ်းတွေကို အသုံးပြုတယ်။ မှားယွင်းတဲ့ စံတန်ဖိုးတွေကို အမွှမ်း တင်တယ်။ ဒါတွေဟာ လိပ်ပြာမလုံခြင်း၊ စိုးရိမ်ခြင်း၊ ကိုယ့်ကိုယ်ကို မုန်းစိတ်ဝင်ခြင်း၊ စိတ်ပျက်ခြင်းတွေအဖြစ် ဧကန်မုချ အဆုံးသတ်စေတဲ့ ပိုပြီး စိတ်မချမ်းမသာဖြစ်မှုနှင့် ကိုယ့်ကိုယ်ကို အယုံကြည်နည်းမှုတွေကိုသာ ခံစားရစေပါတယ်။ တကယ်တော့ ပြဿနာကို ပပျောက်စေမယ့် ကုစားခြင်းတွေကို ရှာဖွေတာပါ။ ဒါပေမယ့် ပြင်ပက ဖြေရှင်းနည်းတွေကို ရှာဖွေတာဖြစ်ပြီး လူ့အတွင်းစိတ်ထဲမှာရှိနေတဲ့ ပြဿနာတွေရဲ့ အခြေအမြစ်နဲ့ ဖြေရှင်းနည်းကို သဘောပေါက်နားလည်တာမျိုး မဟုတ်ပါဘူး။