လရောက်လွှမ်းတဲ့ အလွမ်း ည
လရောင်တဲ့ လရောင်
ညအမှောင်ကို ဖြိုခွင်းပါလို့
အလင်းကိုတဲ့ သူက ဆောင်
ထူးလှပါတဲ့ ငွေလရောင်။ ။
ငွေလရောင် အေးရိပ်အောက်မှာ
ငယ်ရွယ်စဉ် ဖော်ဝင်တသင်းရယ်နဲ့
နေဝင်ရင် ခေါ်ငင်ဟစ်အော်လို့
ကစားကြ ထိုည အခါဝယ်
မေ တို့တွေ ပျော်ရွှင်ရတယ်
ပြုံးရောင်သမ်းတဲ့ လရောင်ရယ်။ ။
ငွေလရောင် ပြုံးရောင်ပြေးကို
ငွေတိမ်တောင် သွယ်ဖယ် ပြေးလို့ရယ်
အလင်းရောင်သူက ပေးတဲ့
လပြည့်ည ထိုခါဆီ အေးချမ်းပါသည်။
တမ်းတပေါ့ ခါခါစီ
လရောင်လွှမ်းခဲ့ပါတဲ့
လွမ်းရတဲ့ ညရဲ့ခါတော်မှီ။ ။
၁၃၇၄- ခုနှစ် ပထမဝါဆိုလပြည့်ကျော် (၆) ရက်နေ့ ၌ လရောင်သို့ ရေးခဲ့သော ကဗျာ။
@hlay