Who is richer?
ဘယ်သူက ပိုချမ်းသာလဲ
There was a boy, whose family was very wealthy.
အရမ်းချမ်းသာတဲ့ မိသားစုမှမွေးဖွားလာတဲ့ ကောင်လေးတစ်ယောက်ရှိသတဲ့။
One day his father took him on a trip to the countryside, where he intended to show his son how poor people lived.
တစ်နေ့တော့ သူဆင်းရဲများ ဘယ်လိုနေထိုင်ကြရတယ်ဆိုတာကို သူ့ကိုပြချင်လို့ သူ့ရဲ့အဖေက သူ့ကို ကျေးလက်ဒေသကို ခရီးထွက်တာခေါ်သွားလေရဲ့။
So they went to a farm of a very poor family.
ဒီလိုနဲ့ သူတို့ဟာ အလွန်ဆင်းရဲလှတဲ့ မိသားစုရဲ့ စိုက်ပျိုးမွေးမြူရေးခြံသို့သွားကြတယ်။
They stayed there for several days.
အဲဒီမှာ သူတို့ သုံးလေးရက်လောက်နေခဲ့ကြတယ်။
On their return, the father asked his son whether he liked the trip.
အိမ်အပြန်လမ်းမှာ အဖေက သားကို ဒီခရီးထွက်ရတာကြိုက်ရဲ့လားလို့မေးသတဲ့။
“Oh, it was great, Dad,” the boy replied.
"အိုး၊ အရမ်းကောင်းတာပေါ့ အဖေရယ်" လို့ကောင်လေးကပြန်ဖြေတယ်။
"Did you notice how poor people live?” asked the father.
"ဆင်းရဲတဲ့သူတွေ ဘယ်လိုနေကြရရှာတယ်ဆိုတာ သတိထားမိရဲ့လား" လို့ အဖေကမေးသတဲ့။
“Yes, I did,” said the boy. The father asked his son to tell in more details about his impressions from their trip.
"ဟုတ်ကဲ့၊ သတိထားမိပါတယ်" လို့ကောင်လေးကဖြေတယ်။ အဖေက သူ့သားကို ဒီခရီးနဲ့ပတ်သက်လို့ သူ့ရဲ့ထင်မြင်ချက်လေးတွေကို အသေးစိပ်ပြောပြခိုင်းပြန်တယ်။
“Well, we have only one dog, but they have four of them. In our garden, there is a pool, but they have a river that has no end.
"ဟုတ်ကဲ့၊ ကျွန်တော်တို့မှာ ခွေးတစ်ကောင်သာရှိပေမဲ့ သူတို့မှာ လေးကောင်တောင်ရှိတယ်။ ကျွန်တော်တို့ပန်းခြံထဲမှာ ရေကန်လေးရှိပေမဲ့ သူတို့မှာ အဆုံးမရှိတဲ့ မြစ်ကြီးရှိတယ်။
We’ve got expensive lanterns, but they have stars above their heads at night. We have the patio, but they have the whole horizon.
ကျွန်တော်တို့မှာ ဈေးကြီးတဲ့ မီးအိမ်တွေရှိပြီး သူတို့မှာတော့ ညဖက်မော့ကြည့်လိုက်ရင် ကြယ်လေးတွေရှိတယ်။ ကျွန်တော်တို့မှာ မိသားစုပျော်ပွဲစားထွက်ဖို့ အိမ်ဘေးကကွက်လပ်လေးရှိပေမဲ့ သူတို့မှာတော့ မိုးကုပ်စက်ဝိုင်းကြီးတစ်ခုလုံးရှိတယ်။
We have only a small piece of land, while they have the endless fields. We buy food, but they grow it.
ကျွန်တော်တို့မှာ မြေကွက်သေးသေးလေးတစ်ကွက်ပဲရှိပေမဲ့ သူတို့မှာ အဆုံးအစမရှိတဲ့ လယ်ကွင်းပြင်ကြီးတွေရှိတယ်။ ကျွန်တော်တို့က စားစရာကိုဝယ်စားရပေမဲ့ သူတို့က ကိုယ်တိုင်စိုက်တယ်။
We have high fence for protection of our property, but they don’t need it as their friends protect them.”
ကျွန်တော်တို့ရဲ့ စည်းစိမ်ဥစ္စာတွေကို ကာကွယ်ဖို့ ခြံအမြင့်ကြီးခတ်ထားရပေမဲ့ သူတို့ရဲ့မိတ်ဆွေတွေက သူတို့ကိုစောင့်ရှောက်ပေးလို့ သူတို့ခြံကာထားဖို့မလိုဘူး"။
The father was very surprised. He could not say a word.
အဖေဟာ အံ့သြလွန်းလို့ ဘာစကားမှမပြောနိုင်ရှာဘူး။
Then the boy added, “Thank you, Dad, for letting me see how poor we are.”
" ကျွန်တော်တို့ ဘယ်လောက်တောင်ဆင်းရဲတယ်ဆိုတာကို မြင်အောင်ပြပေးလို့ ကျေးဇူးပဲ အဖေရေ" လို့ ကောင်လေးက ထပ်ပြောလိုက်သတဲ့။
With love,
@hlay