📝📝✉

hlay(36)
Published in
#esteem
Words
1136
Reading
6 min
Listen
Play
9y

သစ်ကုလားအုပ်လို လူသားများအတွက် အဖိုးတန် သင်ခန်းစာ
"The valuable lesson for human beings like the camel"

လူအတော်များများရဲ့ စိတ်ထဲမှာ ပြဿနာအရပ်ရပ်ကို ငွေနဲ့ ဖြေရှင်းနိုင်တယ်လို့ မှာယွင်းတဲ့ အတွေးအမြင်တွေ ရှိနေကြတယ်။ သို့ပေမဲ့ ဓနဥစ္စာနှင့် ပိုင်ဆိုင်မှုတွေကို လွန်လွန်ကဲကဲ တိုးချဲ့ ခြင်းဟာ တစ်ခါတစ်ရံ ပျော်ရွှင်ချမ်းမြေ့ မှုရဲ့  အရင်းအမြစ် ဖြစ်မလာဘဲ စိုးရိမ်ပူပန်မှုရဲ့  မြစ်ဖျားခံရာ ဖြစ်သွားပါတယ်။ သူတို့ဟာ ဒီအချက်ကို တွေးခေါ်ဖို့ မေ့နေကြတာပါ။

Many people have the mistaken ideas that they can solve all their problems with money.
Sometimes, Inordinate expansion of wealth and possessions however becomes not a source of happiness but a source of anxiety. They forget to think about this fact.

ငွေဟာ လူတစ်ယောက်အတွက် ခေတ်သစ်လူ့ အဖွဲ့ အစည်းထဲမှာ သက်သောင့်သက်သာဘဝနဲ့  နေနိုင်ဖို့  အသုံးဝင်ပေမဲ့ လူတစ်ယာက်ရဲ့  ပြဿနာအားလုံးကို ဖြေရှင်းမပေးနိုင်ပါဘူး။ ဒါတင်မက ယင်းကပင် ပြဿနာအသစ်တွေကို ဖန်တီးတတ်ပါတယ်။ ဒါကြောင့် အရာဝတ္ထုတွေနှင့် ကျွန်တော်တို့ ဘဝတွေကို မှန်ကန်တဲ့ ရှုထောင့်ကနေ စဉ်းစားသုံးသပ်ဖို့ လိုအပ်ပါတယ်။

Why money is useful for one to lead a comfortable life in modern society, it does not always solve one's all problems. Not only that, it can also creates new problems as well. Therefore, it is important for us to consider things as well as our lives in proper perspective.

အရာဝတ္ထုတွေရဲ့  အမှန်အကန်တန်ဖိုးနှင့် အစစ်အမှန်သဘာဝကို နားလည်သဘောပေါက်ပြီး ကာမဂုဏ်အာရုံ အပျော်အပါးတွေအပေါ် တွယ်တာတပ်မက်မှုကို လျော့ချတဲ့အခါ စိတ်တည်ငြိမ်မှုနှင့် ကျေနပ်နှစ်သိမ့်မှုကနေ ပေါ်ပေါက်လာတဲ့ စိတ်အေးချမ်းသာမှုကို ကျွန်တော်တို့ ပိုမို ခံစားရမှာဖြစ်ပါတယ်။

When we realize the true value and real nature of the things and reduce our craving for sensual pleasure we will have more peace arising from tranquility and contentment.

ကျွန်တော်တို့ဟာ တပ်မက်မှုနှင့် အမုန်းတရားတွေကို အာသာဖြေဖျောက်ရန် ကိုယ်တိုင်အတွက်ရော အခြားသူတွေအတွက်ပါ ပြဿနာတွေဖန်တီးကြတယ်။ ဒီအတွက် နိုင်ငံတွေဟာ စစ်ပွဲတွေဆီ တိုးဝင်ကြပါတယ်။ သူတို့ ဟာ အခြားသူတွေကို အနိုင်ယူပြီး နယ်မြေတွေသိမ်းပိုက်ဖို့  မျှော်လင့်ကြပါတယ်။

To satisfy our craving and hatred, we create problems for ourselves and others. Nations go to war for this reason. They hope to defeat others and conquer their lands.

တိုက်ကြခိုက်ကြ စစ်ဖြစ်ကြပြီး အလွန်ကြီးကြီးမားမား ဒုက္ခရောက်ခဲ့ကြတဲ့ အဖြစ်အပျက်တွေကို ကမ္ဘာ့သမိုင်း မှာ နှစ်စဉ်အလိုက် မှတ်တမ်းပြုစုထားပါတယ်။ ဒါပေမဲ့ လောကီသာယာဖွယ်တွေနဲ့ ငြိကပ်နေတဲ့ လူသားတွေဟာ လွယ်လွယ်နဲ့  ဆင်ခြင်တုံတရား မရကြပါဘူး။ ဒုက္ခများစွာ ခံစားရပြီး အန္တရာယ်တွေနဲ့  ရင်ဆိုင်ရပေမဲ့ လက်တွေ့ ဘဝကို သတိမပြုမိကြသေးပါဘူး။

Battles and wars were fought and stories of enormous suffering have been recorded in the annals of world history. But human beings, entangled in worldliness, will not come to their senses so easily, They suffer so much misery and face many dangers, but yet will not wake up to reality.

သူတို့ ဟာ ဆူးခြုံစားရတာကို သဘောခွေ့ နေတဲ့ သစ်ကုလားအုပ်လို ဖြစ်နေပါတယ်။ ဆူးများများစားလေ ပါးစပ်က သွေးများများ ပန်းထွက်လေပါ။ ဒါပေမဲ့ ၄င်းဟာ ဆူးပင်တွေကို ဆက်စားပါတယ်။ ဘယ်တော့မှ စားတာကို စွန့်လွှတ်မှာမဟုတ်ပါဘူး။ ဒါမှမဟုတ် အခြားဥပမာကို သုံးရရင် လူတွေ ခံစားနေတဲ့ လောကီသာယာဖွယ်ဟာ အာလူးပူပူနဲ့ တူပါတယ်။ စားတဲ့သူတွေဟာ အပူခံရပေမဲ့ ဒါကို မလွင့်ပစ်ရက်ပါဘူး။

They are like the camel which loves to eat thorny bushes. The more thorns they eat, the more blood gushes from its mouth. Still it continues eating thorny plants and will not give them up. Or, to use another example, the worldly pleasure that people experience is like a hot potato. Eaters feel hot but they do not wish to throw it away.

မြတ်ဗုဒ္ဓက ကျွန်တော်တို့ ရဲ့  ဒုက္ခတွေဟာ မှားယွင်းတဲ့ အရာတွေကို လိုချင်မှုကနေ ပေါ်ပေါက်လာတယ်လို့  မိန့် ခဲ့ပါတယ်။ ကိုယ့်အတ္တကို အလိုလိုက်ဖို့  ပိုမိုများတဲ့ ငွေကြေးလိုချင်မှု၊ အခြားသူတွေကို လွှမ်းမိုးဖို့  သြဇာအာဏာ ပိုမို ရလိုမှု၊ သေပြီးနောက် ထာဝရရှင်သန်ဖို့ဆိုတဲ့ စိတ်ကူးကို ရင်ဝယ်ပိုက်ထားမှုတွေဟာ မှားယွင်းတဲ့ အမျိုးအစားတွေ ဖြစ်ပါတယ်။

The Buddha taught that all our miseries arise from wanting the wrong sort of things: more money for self indulgence, power over other people, and cherishing the idea of living forever after one is dead.

ဒါတွေအပေါ်တပ်မက်မှုက လူတွေကို ဘဝနဲ့ ပတ်ပြီး မရောင့်ရဲမတင်းတိမ်နိုင်ဖြစ်အောင် လုပ်ဆောင်ပါတယ်။
အထူးသဖြင့် ကိုယ်ကျိုးအတ္တကိုသာ စဉ်းစားပြီး သူတစ်ပါးကောင်းကျိုးကို ဥပေက္ခာပြုတဲ့အခါမှာ ဒီလိုအခြေအနေ ဖြစ်ပေါ်ပါတယ်။ သူတို့ လိုတာ မရတဲ့အခါ ဆောက်တည်ရာမရဖြစ်ပြီး မကျေမနပ် ဖြစ်လာပါတယ်။ တစ်ချိန်တည်းမှာပဲ သူတို့ တောင့်တတဲ့အရာတွေ၊ ဆုတောင်းတဲ့အရာတွေ ရပြန်တော့ ဆုံးရှုံးမှာကို စိုးရိမ်တဲ့အတွက် ဒါမှမဟုတ် တပ်မက်တဲ့ အရာတွေက ဆွဲဆောင်မှု မရှိတော့တဲ့အတွက် မကျေမနပ် ခံစားကြရပြန်ပါတယ်။

The desire for these things makes people become discontented with life. This is especially the case when they think about their own interest, and disregarded others' welfare. When they do not get what they want, they become restless and discontented. At the same time when they gain with what they were longing and praying for they experience unsatisfactoriness or disappointment because of the fear of loosing it, or because what they craved for is not that attractive anymore.

ကျွန်တော်တို့ရဲ့  ကိုယ်စိတ်ဆင်းရဲဒုက္ခအားလုံးဟာ သာယာမှုအပေါ် တစ်ကိုယ်ကောင်းဆန်ခြင်းကြောင့် ဖြစ်လာတာပါ။ ဒါကို လေးလေးနက်နက် စဉ်းစားကြည့်ပါ။ အဲဒီဒုက္ခတွေဟာ မဖြစ်သေးတာကို ဖြစ်လိုတဲ့ ဆန္ဒ၊ မရှိသေးတာကို ရှိလိုတဲ့ဆန္ဒ၊ ရှိပြီးတဲ့အရာတွေကို မလိုချင်တော့တဲ့ ဆန္ဒတွေကြောင့် ဖြစ်ပေါ်လာတာပါ။
ဒီအကြောင်းကို အလေးအနက် အချိန်ကြာကြာ စဉ်းစားကြည့်လျင် စိတ်ချမ်းသာမှု မခံစားရခြင်းရဲ့  အဓိကလက်သည်ဟာ အာသာဆန္ဒ ဒါမှမဟုတ် ရမက်ပြင်းပြမှုဖြစ်တယ်ဆိုတာ မငြင်းနိုင်ပါဘူး။

All our physical and mental sufferings are caused by selfishness for pleasure. Think about that deeply. They are caused by the desire to be what we are not, to have what we do not have, and not to want the things we already have. If we think hard and long about it, there is no denying that the chief culprit in our inability to enjoy a sense of happiness is desire or craving.

သောကဆိုတာ ရှောင်ရှားလိုတဲ့ဆန္ဒ၊ လောဘဆိုတာ ရလိုတဲ့ ဆန္ဒ၊ အဘိဇ္ဈာဆိုတာ သူတစ်ပါးကို မရစေလိုတဲ့ဆန္ဒ၊ ပရိဒေဝဆိုတာ တစ်စုံတစ်ခု ဒါမှမဟုတ် တစ်စုံတစ်ယောက်ကို ပိုင်ဆိုင်လိုတဲ့ ဆန္ဒဖြစ်ပါတယ်။ ကျွန်တော်တို့ ရဲ့  အပျက်သဘော စိတ်ခံစားချက်အားလုံးကို ကျွန်တော်တို့ကို ချည်နှောင်ထားတဲ့ နှောင်ကြိုးတည်းဟူသော အလိုဆန္ဒအားဖြင့် ဖော်ထုတ်အဖြေရှာနိုင်ပါတယ်။

What is fear but the desire to avoid; greed, the desire to have; jealousy, the desire that other shall not have; grief, the desire to gain something or someone.
All our negative emotions can be worked out in terms of desire, the chain that binds us.

ဂဏှာမငြိမ်ဖြစ်မှုကနေ ရှောင်ရှားရန် တစ်ခုတည်းသောနည်းဟာ ၄င်းကိုဖြစ်ပေါ်စေတဲ့ အလိုဆန္ဒကိုလျော့ချရန် ဒါမှမဟုတ် ရှင်းထုတ်ပစ်ရန် ဖြစ်ပါတယ်။ ဒါဟာ လုပ်ဆောင်ဖို့ ခက်ခဲပေမဲ့ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ ဂဏှာမငြိမ်ဖြစ်မှုကို ကျော်လွှားနိုင်တာနဲ့  သူ, သူမဟာ စိတ်တည်ငြိမ်တဲ့ အနေအထား ဒါမှမဟုတ် ရောင့်ရဲကျေနပ်တဲ့ အနေအထားကို ရောက်သွားပါတယ်။

The only way to avoid this restlessness is to reduce or get rid of the desire that caused it.
This may be difficult to do, but not impossible.
Whenever a person overcome restlessness, he or she arrives at a state of calmness or contentment.

မြတ်ဗုဒ္ဓက " လောကမှာရှိတဲ့ သာယာဖွယ်ကနေ ဆင်းသက်လာတဲ့ ကျေနပ်မှုနှင့် လောကနိဗ္ဗာန်ဆိုတာတွေဟာ တွယ်တာတပ်မက်မှု (တဏှာ) ကို ဖျက်ဆီးခြင်းကနေပေါ်ပေါက်လာတဲ့ ကျေနပ်မှုလောက် မထိုက်တန်ဘူး" လို့  မိန့် ကြားခဲ့ပါတယ်။

The Buddha said: " The joys derived from pleasure in the world, as well as those of heaven are not worth as joy arising from the destruction of craving."

ဒီမှာ သင်တွေးဆနိုင်ရန် အခြားအဆိုအမိန့် လေးပါ-
ဝန်ထုပ်လေးလေး ထမ်းတဲ့သူဟာ ဆင်းရဲတယ်၊
ဝန်ထုတ်ကို ပစ်ချထားသူဟာ ချမ်းသာတယ်၊
ဝန်ထုတ်ကို တစ်ကြိမ်စွန့် ပစ်ပြီးသူဟာ
ဝန်အပိခံရဖို့  ဝန်ထုတ်ထပ်မရှာတော့ဘူး။

Here is another saying for you to ponder:
"Sorry is whose burden is heavy,
And happy is he who has cast it down;
When once he has cast off his burden,
He will seek to be burdened no more."

ဘဝအတွက် ကျွန်တော်တို့ ပေးဆပ်ရတဲ့ ဆင်းရဲဒုက္ခတန်ဖိုးဟာ တွယ်တာတပ်မက်မှုကနေ ဖြစ်ပေါ်လာပါတယ်။ တွယ်တာတပ်မက်မှုရဲ့  အကျိုးဆက်အဖြစ် ကျွန်တော်တို့စိတ်ထဲမှာ အရာထင်မှုတွေ ကျန်ရစ်မဲ့ ဒါမှမဟုတ် မျိုးစေ့တွေ ချန်ထားရစ်မဲ့ အလုပ် (ကံ) တွေကို လုပ်ဆောင်ကြတယ်။ နောင်အခါ ဒီဘဝမှာ ဒါမှမဟုတ် နောက်ဘဝမှာ အဲဒီကံတွေရဲ့  မျိုးစေ့တွေကနေ ကံ၏ အကျိုးဆက်တွေအဖြစ် ရင့်မှည့်လာပါတယ်။

Suffering, which is the price we pay for our existence, is brought about by craving.
As a result of craving, we perform actions which leave imprints or seeds on our mind.
Later, in this life or another, the seeds of our actions will ripen as reactions.

အခြားစကားနဲ့ ပြောရရင် ငါဆိုတဲ့တွယ်တာမှုကနေ တန်ပြန်အကျိုးဆက်ပေါ်ပေါက်လာမယ့် ကံကို ဖန်တီးပါတယ်။ အကောင်းအဆိုး နှစ်ရပ်နဲ့ ဆက်စပ်နေတဲ့ ကျွန်တော်တို့ အတိတ်ကံတွေက ယခုဘဝ ကျွန်တော်တို့ ခံစားရသည့် ကောင်းတဲ့အခြေအနေ မကောင်းတဲ့ အခြေအနေတွေကို ဖြစ်ပေါ်စေခဲ့တာပါ။

In another words, selfish craving creates kamma which gives rise to reactions.
Our past actions, coupled by two factors of wholesomeness and unwholesomeness, cause good and bad states which we experience today.

ဒါကြောင့် အနာဂတ်မှာ ကောင်းတဲ့အကျိုးဆက်တွေကို ခံစားရဖို့  ယခုလောလောဆယ် (ပစ္စုပ္ပန်) မှာ အကောင်းကံတွေကို လုပ်ဆောင်ရပါမယ်။ ဒါဟာ ဘယ်သူက ဘယ်နည်းနဲ့ မှ မပြောင်းလဲနိုင်တဲ့ အစစ်အမှန် လောကနိယာမတရားဖြစ်ပါတယ်။ ဒါတွေဟာ ဆူးခြုံစားရတာကို သဘောခွေ့ နေတဲ့ သစ်ကုလားအုပ်လို လူသားများအတွက် အဖိုးတန်သင်ခန်းစာများ ဖြစ်ပါတယ်။

So, to experience good reactions in the future, we must perform good actions at present.
This is an invariable true universal law which no one can change in any way.
These are valuable lessons for human beings who are like the camel which loves to eat thorny bushes.
image

hlay@hlay

📝📝✉ | Ecency