✏✏📗📗📗

hlay(36)
Published in
#esteem
Words
245
Reading
2 min
Listen
Play
9y
  • မြန်မာလူမျိုးတွေ စေတနာကောင်းတယ်။ဒါပေမယ့် ဘာလို့  အများစု ဆင်းရဲနေကြသလဲ *
    1- မြန်မာအများစုက(Team work)အားနည်းတယ်။မညီညွတ်ဘူး။
    2- ဘေးကနေ သွေးခွဲရ လွယ်တယ်။
    3- မနာလိုစိတ် များတယ်။
    4- အချင်းချင်းထဲ ကိုယ့်ထက်သာသွားမှာ မလိုလားဘူး။ သာရင်လည်း မနာလိုဘူး။
    5- သူများကို ချီးကျူးရင် မကြိုက်ဘူး။ ကိုယ့်တယောက်တည်းကိုပဲ ချီးကျူးစေချင်တယ်။
    6- မုဒိတာ မပွားနိုင်ဘူး။
    7- ကြိုစားရမယ် နေရာတွေမှာတက်တက်ကြွကြွ မရှိဘူး။
    8- သူများမလုပ်ရင် မလုပ်ချင်ဘူး။
    9- အချောင်ခိုချင်တယ်။
    10- ပိုက်ဆံရရင် အဖြုန်းများတယ်။ဘာဝယ်ရင် ကောင်းမလဲ စဉ်းစားတယ်။
    11- ကိုယ်နဲ့  အသုံးတည့်တည့် မတည့်တည့် သူများဝယ်ရင် လိုက်ဝယ်ချင်တယ်။
    12- စီးပွားရေးလုပ်ရမှာ ကြောက်တယ်။
    13- ရေရှည် အကျိုးစီးပွါးကို မမျှော်တတ်ဘူး။
    14- ပုံမှန်သေချာရတဲ့ငွေကို ပိုမက်တယ်။ဝန်ထမ်း ပိုလုပ်ချင်တယ်။
    15- အတွေးအခေါ်ပိုင်းမှာ တီထွင်ကြံဆမှုနည်းတယ်။
    16- မိရိုးဖလာ အတွေးအခေါ်ကို မပယ်နိုင်ဘူး။
    17- အများလုပ်တာပဲ စောင့်ပြီး တစ်နိုင်ငံလုံး ဝိုင်းလုပ်တတ်တယ်။ ဒါကြောင့် ရေရှည်မခံဘူး။
    18- ပြောင်းလဲနေတဲ့ခေတ်ကို လိုက်နိုင်ဖို့ လိုအပ်တဲ့ပညာရေးမှာ အားနည်းတယ်။
    19- ဗဟုသုတ လေ့လာဖို့  အားနည်းတယ်။ စိတ်မဝင်စားဘူး။
    20- ဝေဖန်တာကို အားသန်ပြီး လက်တွေ့ ကျကျ ဆောင်ရွက်မှု အား နည်းတယ်။
    21- အကြံပြုတာ ကောင်းပြီး တကယ့်စီမံခန့် ခွဲဖို့ ကျ ညံ့တယ်။
    22- ပုတ်ခတ်တာကို မတရား ကြိုက်တယ်။
    23- ကိုယ်ကျရှူံးတိုင်း သူများလည်း ကျရှူံးရမယ်ဆိုတဲ့အမြင် ရှိတယ်။
    24- ရှူံးပြီး ပြန်ထဖို့  ပျင်းတယ်။
    25- မအောင်မြင်ရင် ကံကို ပုံချတယ်။
    26- ကိုယ်ကြုံဖူးတဲ့ အတွေ့ အကြုံတစ်ခုတည်းနဲ့  အရာတော်တော် များများကို တစ်ဖက်သတ် သုံးသပ်တယ်။
    27- ကိုယ်နဲ့  အမြင်မတူရင် အားမပေးဘဲ မတရားရှုံ့ ချတယ်။
    28- ဘုရားရှိခိုးတိုင်း ချမ်းသာရပါလို၏ ဆုတောင်းပြီး အခွင့်အလမ်းလာရင် အခွင့်အလမ်းမှန်းသိအောင် မလေ့လာဘဲ ကျော်သွားတယ်။
    29- ပြီးတော့ ပုံမှန်ဘဝထဲမှာ ခပ်ပျော်ပျော်နေတယ်။
    30- ကိုယ့်အကြောင်းထက် သူများအကြောင်းကို ပိုပြီး စိတ်ဝင်စား တယ်။
    31- လေကန်ပြီး အချိန်ဖြုန်းတာ များတယ်။
    32- ပိုဆိုးတာက ပိုက်ဆံတော့ရှိပါရဲ့  တိုးပွားအောင်လုပ်ဖို့ စိတ်ကူး နည်းတယ်။
    33- ပိုက်ဆံကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်။ အကျိုးရှိအောင် မရင်းနှီးတတ်ဘူး။
    34- ဘဝမှာ ပိုက်ဆံတစ်ခုပဲ ရှိအောင်လုပ်တယ်။
    35- အောင်မြင်ကျော်ကြားဖို့  အများအတွက်ဆောင်ရွက်ဖို့  စိတ်မဝင် စားဘူး။
    36- ကိုယ်သိတာကို သိသလို အသုံးမချတတ်ဘူး။
    37- ပညာရှင်တွေကလည်း ကိုယ့်ပညာကို မျှဝေမပေးချင်ဘူး။ လူတော် တွေပေါ်ထွက်လာအောင် မမွေးမြူချင်ဘူး။
    ' အဲဒါတွေက ဆင်းရဲစေတာပါ '
    ဒါကို ပညာရှင် တစ်ယောက်က ဒီလိုဖြေသွားပါသည်။

ဆရာကောင်းတစ်ယောက်ဖြစ်ချင်ရင် ကိုယ်ရဲ့ တပည်တွေကို ကိုယ်ထက်တော်အောင် သင်ပြ၊ နည်းပေးနိုင်ရမယ်။ကိုယ့်တပည့်တွေက ကိုယ့်ထက်တော်နေမှ ဆရာတော်၊ ဆရာကောင်း အရည်အချင်းပြည့်ဝတဲ့ဆရာ ဖြစ်နိုင်သည်။ ဒီဆရာထက်တပည့်ကညံ့၊အဲဒီတပည့်ဆရာဖြစ်၊ အဲဒီညံ့တဲ့ဆရာထက် တပည့်ဖြစ်သူက ပိုညံ့၊ ဒီလိုသာ ညံ့ညံ့သွားရင် မင်းတို့ငါတို့မျိုးဆက်တွေ တဖြည်းဖြည်းနဲ့ အဝီစိရောက်သွားမယ်။
image
hlay@hlay

✏✏📗📗📗 | Ecency