ဒီရက်တွေအတွင်း ခရီးတွေ တစ်ခုပြီးတစ်ခုသွားဖြစ်မယ်။ ရပ်ဝေးအဆက်အသွယ်ကောင်းတွေလည်း ရတတ်ပါတယ်။ လုပ်ငန်းအစီအစဉ်သစ်တွေ ပေါ်လာမယ်။ အလုပ်မှာ အင်နဲ့ အားနဲ့ တိုးချဲ့သင့်တဲ့ အချိန်ပါပဲ။ အောင်မြင်သလောက် ရန်များတတ်ပါတယ်။ တန်ဖိုးကြီးကြီးပစ္စည်းတွေ ဝင်မယ်။ နေရာထိုင်ခင်းကိစ္စနဲ့ ပတ်သက်တဲ့ကိစ္စ၊ အဆောက်အဦးကိစ္စတွေမှာ အဆင်ပြေအောင်မြင်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ တစ်ယောက်နဲ့ တစ်ယောက် အထင်အမြင်လွဲတတ်ပါတယ်။ ဘေးကဝင်ရှုပ်လို့ ပိုဆိုးသွားတတ်ပါတယ်။ ရောဂါဝေဒနာတစ်ခုကတော့ ပျောက်မှန်းမိ ပျောက်သွားပါလိမ့်မယ်။ ကံအကျိုးပေးဂဏန်းကတော့ ၂ နဲ့ ၃ ဖြစ်ပါတယ်။
အင်္ဂါသားသမီးများ