သတင်းဌာနက ဖော်ပြသည်

Words
79
Reading
1 min
Listen
Play
8y

တာ့ခ်နော့ဖ်ဆိပ်ကမ်းမှ နွား ကုန်သည် ဆာလင်ဆူလာက ‘‘ပြီးခဲ့သည့်ရက်က ဒီဆိပ်ကမ်းကို ဖြတ်ပြီး ကျွဲ၊ နွား ကောင်းရေ ၂,၀၀၀ ထက်မနည်းဝင်ရောက် လာ တယ်။ တစ်ပတ်အတွင်း ဒီကို ကောင်ရေတစ်သောင်းလောက် ဝင်ရောက်လာနေတယ်’’ ဟု Dha-ka Tribune အား ပြောကြား သည်။ ကျွဲ၊ နွား တရားဝင်တင်ပို့နိုင် ရေး အစိုးရချင်း ဆွေးနွေးရန် အစီအစဉ်ရှိသည်ဟု ဦးရန်နိုင်ထွန်းကဆိုသည်။
image
ပြီးခဲ့သည့်နှစ်က ဘင်္ဂါလီ ပြဿနာများကြောင့် ယင်းနယ် စပ်မှတစ်ဆင့် ကျွဲ၊ နွား တင်ပို့မှု ရပ်ဆိုင်းလုနီး ဖြစ်ခဲ့သော်လည်း လက်ရှိတွင် ကျွဲ၊ နွားတင်ပို့မှုများ ပြားလာကြောင်း ယင်းသတင်းဌာနက ဖော်ပြသည်။ အိန္ဒိယနိုင်ငံက နွားတင်ပို့မှု တားမြစ်ခြင်းကြောင့် မြန်မာနိုင်ငံ မှ ကျွဲ၊ နွားများကို ဘင်္ဂလားဒေ့ရှ် တွင် ဝယ်လိုအားမြင့်တက်လာပြီး မတ်လ အတွင်းက ကျွဲ၊ နွားအ ကောင်ရေ ၁၁,၆၆၅ ကောင် ဝင်ရောက်ခဲ့ကာ အကောက်ခွန် ဝင်ငွေ ကာတာ ၅၈ ဒသမ ၃၃ သိန်း ရရှိခဲ့ကြောင်း တာ့ခ်နော့ဖ် ဆိပ်ကမ်းမှ အကောက်ခွန်အရာရှိ ဂျဟန်ရှာဟိုစိန်က ပြောကြားသည်။

သတင်းဌာနက ဖော်ပြသည် | Ecency