သူများနဲ့မတူတဲ့
ကိုယ့်ရဲ့ရင့်ကျက်မှုဆိုတာ
တည်ငြိမ်စွာ ချစ်တတ်ဖို့နဲ့
အချစ်လား အမုန်းလာဆိုတာတွေကို
နှလုံးသားထဲမှာ ပိုင်ခြားဖို့
ခက်ခဲလာခဲ့တယ်လို့ ယူဆမိတယ်။
အတိတ်တွေဟာ
ကိုယ့်အတွက် မလှပခဲ့ပေမယ့်
တစ်ယောက်ထဲ နေခဲ့ခြင်းနဲ့အတူ
ခံစားချက်တွေကို အကျိုးရှိစွာ
စားသုံးတတ်ခဲ့ပါပြီ။
အသိတရားတွေနဲ့
ရှေ့ဆက်ချင်ခဲ့ပါတယ်``
ဒါပေမယ့် အမှတ်မထားနိုင်ခြင်းတွေက
တစ်ခုခုဆိုရင်
အားနာပေးလိုက်ချင်တယ်
ဒါတွေဟာ တကယ်တော့
ဘဝအတွက် အားနည်းချက်တစ်ခု
ဖြစ်နေခဲ့တယ်။
အရင်ကဆို...
ကလေးအတွေးနဲ့
နာကျင်မှာ မကြောက်
ပူလောင်မှာ မကြောက်နဲ့
ခံစားချက်တွေနဲ့အတူ
ပိုးဖလံလို မီးထဲမှာ တိုးဝင်နေခဲ့မိတယ်။
အခုတော့
ရင့်ကျက်ခြင်းတွေက
နှလုံးသားမှာ စကားပြောတတ်နေပြီ
´´တစ်ယောက်ထဲ နေတတ်အောင်
ကြိုးစားပါ ပူလောင်မှုကို မရှာပါနဲ့တဲ့``
အဲဒီ အမှန်တရားတွေကြောင့်
မှားခဲ့တာတွေ အတွက် ကိုယ့်ကိုကိုယ်
ဝန်ခံခဲ့ပါပြီ။
ဘဝကို အဟန့်တားဖြစ်စေတဲ့
လိုချင်မှုတွေ...
နှလုံးသားကို နာကျင်မှုရစေတဲ့
သာယာမှုတွေ...
တကယ်ဆို ဒီအရာတွေကို
ရင့်ကျက်မှုတွေနဲ့ အတူ
ကြောခိုင်းပစ်ချင်တယ်။
တစ်ယောက်ထဲ နေတတ်ဖို့
ကြိုးစားနေဆဲပါ
တစ်ခါတစ်လေ...
အတွေးဆိုးတွေက ခြောက်လန့်နေတော့
ကိုယ့်နှလုံးသားကို ဆုံးမဖို့ ခက်ခဲနေခဲ့တယ်။
တစ်ယောက်ထဲ နေတတ်ဖို့ဆိုရင်
ခံစားချက်တွေက တံခါးလာခေါက်တဲ့အခါ
ဥပေက္ခာပြုနိုင်အောင် ကြိုးစားလိုက်ပါ။
အရာအားလုံးဟာခဏလေးပါပဲ