ခက်တယ်လေ

Words
41
Reading
1 min
9y
Listen to this post
~1 min

ခါးသီးသောနေ့ရက်များနဲ့အတူ ဖြတ်သန်းခဲ့ရတာတွေရှိသလို နာကျင်သောနှလုံးသားနဲ့အတူအိပ်စက်ခဲ့ရချိန်တွေရှိတယ်



မွန်းကြပ်သောလေကို အသက်မဝစွာရှူရှိုက်ဖူးသလို ကြိမ်ဖန်များစွာသက်ပြင်းချပြီးအသက် ရှင်သန်ဖို့ သည်းခံထားရဖူးတယ်



ဟန်ဆောင်သောအပြုံးတုတွေကို အပြုံးအလှအဖြစ်ထင်မြင်တွေ့ခဲ့ဖူးသလို မာယာကြွယ်သောအပြောတွေကို ချိုမြိန်စွာနဲ့အသုံးချရဖူးတယ်



ရင်ထဲမှာငိုကြွေးမှုများစွာနဲ့ ရယ်မောပျော်ရွှင်ခဲ့ရသလို ပျက်ရယ်ပြုသံတွေကြား မျက်ရည်မကျအောင် အံကြိတ်ကာထိန်းထားခဲ့ဖူးတယ်

image
မလိုချင်တဲ့အဖြစ်အပျက်တွေကို မေ့ပျောက်ကာကြိုးစားရင်း သတိရမိနေသလို မေ့ဖျောက်လို့အောင်မြင်သွားခါမှ သတိတရပြန်ဖြစ်အောင် အစပြန်ဖော်ဖို့ စပ်စုမေးမြန်းတာတွေရှိခဲ့ဖူးတယ်



အဆင်ပြေစွာနဲ့လျှောက်နေရတဲ့လမ်းမှာ အခက်အခဲတစ်ခုကြောင့် လမ်းမှားတယ်ထင်ခဲ့သလို ယုံကြည်စွာနဲ့ဆက်လျှောက်ဖို့အားပေးရင်း လမ်းမှန်ရောက်သွားဖူးတယ်



အမှန်ထင်ပြီး စိတ်စေရာလုပ်တတ်သောအပြုအမူကြောင့် ဆုံးရှူံးမှုတွေရသလို အချိန်ကုန်လူပန်းရင်း စိတ်ဓာတ်ကျမှုတွေက အစားထိုးဝင်ရောက်လာမှ နောင်တဆိုတာမြင်ရဖူးတယ်



အထင်ကြီးအောင်နေတတ်မှ လိုက်လျောညီထွေအောက်ကျို့ဆက်ဆံတတ်မှ လူရာဝင်သလို အပေါင်းအသင်းတချို့ကြောင့် လူရာမဝင်ပဲဘေးကျအောင်ဆွဲချတာတွေကြုံရဖူးတယ်

ခက်တယ်လေ | Ecency