Job and work

Words
84
Reading
1 min
Listen
Play
8y

job နဲ့ work ကလည်း ရောတောတောရယ်


ရောဆိုလည်းရောစရာ  နှစ်ခုစလုံးက အလုပ် ဆိုတဲ့ အဓိပ္ပါယ်တူဖြစ်နေတာကိုးဗျ



ဒီလိုလွယ်လွယ်မှတ်ရအောင်ဗျာ



job ဆိုတာ ငွေရတဲ့အလုပ်ကိုပဲပြောတာ



ဥပမာဗျာ အလုပ်ရှာတယ်ဆိုရင် job ရှာတယ်ပဲပြောရမှာပေါ့ work ရှာတယ်မပြောရဘူး ငွေရချင်တာကိုးဗျ
image
အဲ work ကကျတော့ ရည်ရွယ်ချက်တစ်ခုပြီးမြောက်အောင် အားစိုက်လှုပ်ရှားတာပြောတာ ယေဘုယျဆန်တာပေါ့

job ( countable noun ) အလုပ် အကိုင်

    jobless အလုပ်မရှိအကိုင်မရှိ (ဝင်ငွေမရှိ)



work (uncountable noun) အလုပ်



work ( v ) အလုပ်လုပ်သည်



Nilar wants a job.

နီလာက အလုပ်လိုချင်နေတယ်

(ဒီနေရာမှာ work ကိုသုံးလို့မရပါဘူး)
image

Her brother works at a company.

သူ့အကိုက ကုမ္ပဏီတစ်ခုမှာလုပ်တာလေ



He finishes work at 4 o' clock.

သူ လေးနာရီမှာ အလုပ်ပြီးတယ်



(ဒီနေရာမှာ He finishes job လို့ရေးလို့မရပါဘူး)



ကဲ  job နဲ့ work မရောလောက်နော့ပါဘူးနော်

Job and work | Ecency