I am back to steemit

Words
147
Reading
1 min
8y
Listen to this post
~1 min

"အရမ်းချစ်ခဲ့ကြပီးမှ ဘာ့ကြောင့်လမ်းခွဲသွားရတာလဲ....????"

လူ့လောကကြီးမှာ တစ်ချို့သော ချစ်သူစုံတွဲတွေမှာ

စဉ်းစားစရာ ပ​ဟေဠိတွေ ရှိနေတတ်တယ်

ချစ်လိုက်ကြတာကလည်း လက်ဖျားခါလောက်ပီး

တစ်ယောက်ကိုတစ်ယောက် မျက်စိအောက်က အပျောက်မခံနိုင်လောက်

အောင်ပါပဲ။



အရမ်းချစ်ခဲ့ကြတော့.....



၁)တစ်ယောက်နဲ့တစ်ယောက် တော်ရုံစကား အမှားမခံတာက

အစပြုပါတယ်

သာမန်သူငယ်ချင်းတစ်ယောက်က ပြောတဲ့စကားကိုခံနိုင်ပေမယ့်

ကိုယ့်ချစ်သူပြောတဲ့စကားက စကားချင်းတူရင်တောင်

စိတ်ထဲက တုန့်ပြန်မှူချင်း မတူညီတတ်ပါဘူး

ပိုချစ်လေ ပိုတွေးပီး ပိုပီးခံစားရကာ

ပိုပီးထိလွယ်ရှလွယ် ဖြစ်လာတတ်ကြတယ်။



၂)အချစ်ဆိုတာက လူတစ်ယာက်ရဲ့ အတ္တကို ပိုပီးအရောင်တောက်စေတတ်တယ်

ကိုယ့်ချစ်သူကို ကိုယ်တစ်ယောက်တည်း ပိုင်ဆိုင်ချင်လာပီး

ကိုယ့်ချစ်သူရဲ့ အချိန်၊ အတွေး ၊ ဦးစားပေးမှူတွေမှာ

ကိုယ်ကထိပ်ဆုံးနေရာမှာ နေရာယူလာချင်တတ်ကြတယ်

အဲ့ဒီလို လောဘတွေကြီးလာပီး တစ်ဖက်ကလည်း သူ့ကို

ထိမ်းချုပ်တယ်ဆိုပီး အနေကြပ်လာကာ ကန်ထွက်လာတတ်တယ်။



၃)အသိုင်းအဝိုင်း အဆင့်အတန်း လူမျိုးကွဲပြားမှူ

အချစ်ဆိုတာကထူးဆန်းတယ် တစ်​ခါတစ်​ရံကျတော့

တကယ်ချစ်လာရင် ဘာမှ ထည့်မတွက်ဘူးလို့ဆိုကြတယ်

အချစ်မှာမျက်စိမပါပေမယ့် ဦးနှောက်ကတော့

သွေးအေးလာလေ မျက်စိပိုကျယ်လာလေဖြစ်တတ်တယ်။



၎)အမှားသေးသေးလေးတွေကတစ်ဆင့် ပိုပီးပေါက်ကွဲလာတတ်တယ်

အမှားမကင်းတဲ့ လူသားတွေမှာ ခွင့်လွှတ်လို့ရတဲ့ အမှားနှင့်

ခွင့်လွှတ်ဖို့ခက်ခဲသော အမှားဟူ၍ နှစ်မျိုးရှိပါတယ်

တစ်ချို့က အမှားအကြီးတွေကို ခွင့်လွှတ်တတ်ပီး

အမှားအသေးလေးတွေကျတော့ နာကျင်ခံစားနေတတ်တယ်

တစ်ယောက်နဲ့တစ်ယောက် ခံယူချက်မတူညီမှူတွေကြောင့်

ပေတံလည်း မတူညီတတ်ပါ။



၅)နားလည်မှူပြိုကွဲခြင်း

နားလည်မှူဆိုတာက အပေးအယူမျှတမှူရှိမှ ခိုင်မြဲတာမျိုးပါ

နားလည်မှူဆိုတာ တစ်ဖက်တည်းက နားလည်ပေးနေရုံနဲ့လည်း

ရေရှည်မခိုင်မြဲတတ်ပါ

နားလည်မှူ တစ်ဖက်စောင်းနင်း ဖြစ်လာရင် ဘယ်လောက်ပဲချစ်ချစ်

အသက်လောက်ပဲချစ်ချစ် သည်းခံမှူကုန်ဆုံးသွားရင်

လမ်းခွဲကြမှာပါပဲ။



၆)သစ္စာဖောက်ခြင်း

ဒါကတော့ ဘယ်လောက်ချစ်ချစ် စုံတွဲမှာ(၁၀၀) မှာ ၉၀%ကတော့

ခွင့်လွှတ်ပေးမှာမဟုတ်ပါဘူး

တစ်ချို့သော ချစ်သူတွေစုံတွဲတွေမှာတော့ နောက်တစ်ကြိမ်မမှားရင်

ပီးရောဆိုပီး ခွင့်မလွှတ်ချင်ဘဲ ခွင့်လွှတ်ပေးတတ်ကြတယ်။



၇)လူတွေပြောနေတဲ့ ဖူးစာပေါ့

ဖူးစာဆိုတာက ဦးရာလူ မဟုတ်ပါဘူး

ဖူးစာဆိုတာ ကံကြမ္မာကသတ်မှတ်ပေးလိုက်တဲ့ ကိုယ်ပိုင်နံပါတ်ပါ

ဖူးစာဆုံပြန်တော့လည်း ရေစက်ကုန်ရင် ဘယ်လောက်ချစ်ချစ်

ခွဲခွာရပြန်တယ်

လူတစ်ယောက်နဲ့တစ်ယောက် ပေါင်းစည်းခြင်းမှာ

တစ်​ခါတစ်​​လေကျတော့ ချစ်သူနှစ်ယောက်တည်း ပေါင်းသင်းရတာမျိုး

မဟုတ်ဘဲ အသိုင်းအဝိုင်းနှစ်ခုပေါင်းရတာတွေလည်းရှိနေတတ်ပါတယ်။



တကယ်မှ ချစ်မိရင်တော့

ကိုယ့်ချစ်သူအတွက် ဘယ်လိုပေးဆပ်ရမလဲ.....

ဘယ်လိုပျော်ရွှင်မှူတွေ ပေးမလဲ.....

ဘယ်လိုနားလည်မှူတွေပေးမလဲ.....

ဘယ်လို တန်ဖိုးထား လေးစားစွာဆက်ဆံကြမလဲ.....လို့အပြန်အလှန်

တွေးခဲ့ကြပီး ကျင့်ကြံလိုက်နာကြမယ်ဆိုရင်တော့

အဆင့်အတန်း ၊ ဓလေ့စရိုက် မတူလည်း ပေါင်းစည်းခွင့်ရမယ်လို့

ယူဆမိပါတယ်။

I am back to steemit | Ecency