မေးမြန်းချင်ပါက group chat သုံးပါ။
Steemit Myanmar Team အဖွဲ့သားများအားလုံးမင်္ဂလာပါ။ ကျွန်တော်တို့အဖွဲ့လေးဟာဖြင့် အချင်းချင်းလက်တွဲကူရင်း လေ့လာရင်း ကြိုးစားလာတာ ခရီးတစ်ခုရောက်လာပါပြီ။ စတင်ချိန်မှာ နည်းပညာအကူအညီများမပါပဲ အားလုံးအတူတကွလေ့လာရင်းစတင်ခဲ့တာဖြစ်တဲ့အတွက် အဆင်မပြေမှုများစွာကြုံခဲ့ရပေမယ့် လက်တွဲမဖြုတ်ကြပဲ ရေရှည်ကိုမျှော်ကိုးပြီး ညီအကိုရင်းများပမာအချင်းချင်း သိထားသမျှမျှဝေခဲ့ကြလို့ အားလုံးကိုကျေးဇူးတင်ပါတယ်။
အခုအချိန်မှာ ကျွန်တော်တို့အဖွဲ့လေးဟာ အတန်အသင့်အဆင်ပြေလာပြီဖြစ်လို့ အားလုံးအတွက် အစီအစဉ်သေချာရေးဆွဲပြီး ရှေ့ဆက်တော့မှာဖြစ်ပါတယ်။
လုပ်ငန်းစဉ် (၃) ရပ် ချမှတ်ထားပါတယ်။
(၁)ပုံမှန် linkshare . upvote and comment အစီအစဉ်။
(၂) Regular power up အစီအစဉ်။
(၃) 1.4$ ပုံမှန်ယူမည့်အစီအစဉ် တို့ဖြစ်ပါတယ်။
လုပ်ငန်းစဉ်(၁)
- linkshare and v&c အား အဖွဲ့ (၂)ဖွဲ့ဖြင့် အလှည့်ကျ ပြုလုပ်မည်ဖြစ်ပြီး ၂ ရက်ပြည့်တိုင်း (တစ်လှည့်ပြီးတိုင်း) တစ်ရက်နားပါမည်။
- SMT ၏ ဂုဏ်သိက္ခာကို ငဲ့ညှာသောအားဖြင့် (သို့) Steemit Myanmar Team ကောင်းမွန်သောပုံရိပ် အတွက် smt noရယူထားသူများသည် မိမိအလှည့်ကျ linkshare ရမည့်ရက်တွင် share မည့် post အား မိမိကိုယ်တိုင်ရေး ဗဟုသုတ ရသ အတွေ့အကြုံ ကဗျာ စာတိုပေစ ဟာသ ပုံပြင်တို ရှုခင်းဓါတ်ပုံ ခံစားချက်စာစုများ စသည်ဖြင့် Facebook တွင် post တင်သကဲ့သို့ နှစ်သက်ရာ ရေးသားပြီး အောက်တွင် SMT No ဖော်ပြ ပြီးမှ( မဖြစ်မနေဖော်ပြရန်) linkshare ရပါမည် ။ ဖတ်သူများမှလည်း ခံစားဖတ်ရှုပြီးမှ(font အခက်အခဲကြောင့်ဖတ်မရပါကခြွင်းချက်) မိမိ No နှင့်အတူ comment ကောင်းကောင်းလေးများပေးပါရန်။Social network ဆန်ဆန်သွားမည်ဖြစ်ပါသည်။
- အများသဘောတူ Ground Rule အဖြစ် SMT အဖွဲ့ဝင်မဟုတ်သူများအား Vote လုံးဝမပေးရန်သတ်မှတ်ထားပါသည်။
-post တင်ချိန်သည် ည၁၁နာရီ မှ နောက်တစ်နေ့နေ့လည် ၁၂ နာရီထိဖြစ်ပြီး vote ချိန်သည် နောက်တစ်နေ့ည ၁၀ နာရီထိဖြစ်သည်။
(Post တင်ချိန်သည် ၅ မိနစ်မျှသာကြာသည်။ မနက်ပိုင်း ၅ မိနစ်ခန့်သာအချိန်ပေးရန်လိုသည်။အချိန်နောက်ကျမှတင်သော post များ အား linkshare မှ ဖယ်ရှားပါမည်)။

လုပ်ငန်းစဉ် (၂)
- SMT no ရယူထားသူများအနေဖြင့် steemitအကောင့် ကြိုက်သလောက်ဖွင့်ပိုင်ခွင့်ရှိသည်။သို့သော် SMT noကို account တစ်ခုတည်းအတွက်သာ ရယူရပါမည်။ လှဲလှယ်သုံးစွဲခွင့် မရှိပါ။
- Steemit Myanmar Team အဖွဲ့ရေရှည်မှာ ကောင်းမွန်လာစေရန်အတွက် အလှည့်ကျ linkshare and v&c နှစ်လှည့်ပြည့်ပြီးနားရက်တိုင်း (6 ရက်မြောက်ရက်) တွင် ရရှိထားသော reward ၏ 25% နှင့် ညီမျှသော SBD ဖြင့် Steem Power အား power up ပြုလုပ်ပေးရပါမည်။
လုပ်ငန်းစဉ် (၃)
- 1.4$ ရရယူမည့်လုပ်ငန်းစဉ်ဖြစ်ပါသည်။ အဆိုပါလုပ်ငန်းအတွက် နေ့စဉ် ၂၄ နာရီ တိုင်း (24 နာရီ အကောင်းဆုံးဖြစ်ကြောင်း လေ့လာတွေ့ရှိရ) Quality ပြည့်မီသော post ၁ခု တင်ပြီး 1.4$ ရယူခြင်းဖြစ်ပါသည်။ အဆိုပါ အစီအစဉ်မှရ ရှိသော reward များသည်လည်း အစီအစဉ် (၂) တွင်အကြုံးဝင်သည်။
လေ့လာတွေ့ရှိချက်များ
-၂၄ နာရီ ခြားပြီး မနက်တိုင်း post တစ်ခုသာ တင်ခြင်းသည် အကောင်းဆုံးဖြစ်သည်။ ၂၄ နာရီအတွင်း post (၃) ခု (၄) ခု တင်လည်း တစ်ခုသာရပါသည်။ linkshare တွင် share ရမည့် ရက်တွင်မူ post (၂)ခုဖြစ်သွားမည်ဖြစ်သည်။ post အား Edit များများပြုလုပ်ခြင်းသည် မကောင်းပါ။
-Reputation 35 အထက်ရှိသော accountသာ ရဖို့သေချာသည်။ RP 35 အထက်ရောက်လိုပါကbot များထံမှ တန်ဖိုးများသော upvote များရယူခြင်းဖြင့် ဆွဲတင်နိုင်သည်။ RP 30 အောက် acc များ လုံးဝမရသည်ကိုတွေ့ရသည်။
-iabout မှတစ်ဆင့် Good-karma အား voteပေးရန်လိုသည်။ တစ်ခါသာလုပ်ပေးရမည်ဖြစ်သည်။
- Post တွင် စာများနိုင်သလောက်များရန် လိုအပ်ပြီး ပုံ 5 ပုံအထိ ထည့်ပါကအသေချာဆုံးဖြစ်သည်။
လိုက်နာရန်
ယခု plan အတွက် မိမိကြိုက်နှစ်သက်ရာနည်းလမ်းဖြင့် copyကူးပြီး လွတ်လပ်စွာတင်နိုင်ပါသည်။ သို့သော် cheetah မမိစေရေး သတိထားရန်။SMT no လုံးဝမတပ်ရ။
အထက်ပါလုပ်ငန်းစဉ်များအား ခြုံငုံကြည့်ပါက နေ့စဉ် 1.4$ အတွက် SMT no မတပ်သော post တစ်ခုသာတင်ရမည်ဖြစ်ပြီး linkshare အလှည့်ကျသည့်နေ့တွင် မူ ကိုယ်တိုင်ရေး post တစ်ခု (SMT no တပ်ရမည်) သာအပိုရေးရပေမည်။၎င်းနည်းဖြင့် bandwidth limit ပြသနာအား ကျော်လွှားနိုင်ပါမည်။ 
စည်းကမ်းချက်
- ground rule ကိုသေချာလိုက်နာရန်ဖြစ်ပါသည်။ ပေါ့ပေါ့ပါးပါးဖြင့် တစ်ရက် မြန်မာငွေအနည်းဆုံး ၃၀၀၀ ကျော်ရနိုင်သော နည်းများသာ စီစဉ်ထားပေးသောကြောင့် အခြားသူများအား vote and comment ပေးခြင်း မိမိ linkshare ရမည့် နေ့တွင် ပျက်ကွက်ခြင်း v&c ပေးရန်ပျက်ကွက်ခြင်းများ ရှိလာပါက ပြင်းထန်စွာသတိပေးမည်ဖြစ်ပြီး group မှဖယ်ရှားပါမည်။ ခြွင်းချက်အနေဖြင့် အရေးပေါ်အလုပ်များ ရှိပါက Admin များထံ အကြောင်းကြားခွင့်ပန် နိုင်သည်။
-Smt noရယူထားသူများမှ အထက်ပါ အစီအစဉ်များအား မလိုက်နာနိုင်ပါက smt noများအား ပြန်လည်ပေးသွားနိုင်ပါသည်။
ယခု ကြေငြာချက် အား Copyခြင်းလုံးဝခွင့်မပြုပါ။