Introduction

Words
123
Reading
1 min
9y
Listen to this post
~1 min

SMT 25 (kmmt@kmmt):
အရေးကြီးကြေငြာချက်။ကျွန်တော်တို့ group ကို စတင်တာမကြာသေးပါဘူး။ဒါပေမယ့် ညီအကိုလိုခင်ရတဲ့သူတွေ ရခဲ့ပါတယ်။ အခုအချိန်က ပြောသင့်တာ ပြောရမယ့်အချိန်ရောက်ပြီလို့ထင်ပါတယ်။ group လေး အထိုင်ကျပြီးတဲ့နောက်မှာ နောက်တစ်ဆင့် မတက်ခင် plan တွေ မစခင်မှာ ရှင်းသင့်တာလေးတွေရှိပါတယ်။ ယခု ဒီနေရာမှာ MSC ဆိုတဲ့ Myanmar Steemit Community ဆီ MSC နံပါတ်တောင်းထားပြီး မရသေးလို့ ယောင်လည်လည်ဖြစ်နေရာကနေ ရောက်လာတဲ့လူတွေလည်းရှိပါတယ်။ MSC မှာရော ဒီမှာရော account 2 ခုပွားပြီး ခွချက်နေတဲ့သူတွေလည်းရှိပါတယ်။ ကျနော်တို့ GP နဲ့ သူတို့ အဖွဲ့နဲ့က အခြေခံအချက်တော်တော်များများတူပါတယ်။ ဥပမာ အချင်းချင်းကလွဲလို့ မ vote ရ။ link အလှည့်ကျ share ပါစသည်ဖြင့်ပါ။ အဲဒီတော့ လူတစ်ယောက်ဟာ နှစ်ဖွဲ့လုံးမှာနေလို့မရပါဘူး။
အခုအချိန်က တစ်ခုခုကို ရွေးချယ်ရမယ့် အချိန်ပါ။ မကြာခင် လုပ်တော့မယ့် plan တွေမှာ အဲလိုမပြတ်မသားလူတွေ ပါနေလို့မရပါဘူး။ အဲဒီတော့ လွတ်လပ်စွာရွေးချယ်ပါ။လူတိုင်း ကိုယ့်ဘဝနဲ့ ကိုယ် ကိုယ့်အချိန်ကိုယ်ရင်းပြီး ပိုက်ဆံရှာနေတာဖြစ်လို့ bro တို့ရဲ့ရွေးချယ်မှု ကို လေးစားလက်ခံပါတယ်။
ဒီ Gp ထဲမှာ ဆက်မနေလိုတော့ဘူးဆိုရင် ကျနော့ကို ပွင့်ပွင့်လင်းလင်း လာပြောပါ။ အားနာစရာအကြောင်းဘာမှမရှိပါဘူး။ နောက်မှ သိရရင်တော့ တစ်ခါတည်း ထုတ်ပါမယ်။ ဆက်လက်ကျန်ရစ်မယ့် bro များအတွက်လည်း အားမငယ်စေရပါဘူး။ ကျနော် ဘာ plan မှမရှိပဲ GP ထောင်တာမဟုတ်ပါဘူး။
ဒီ pin post တင်ပြီး ၁ ရက်အတွင်း ထွက်ချင်သူများ ထွက်သင့်သူများထွက်ခွာသွားပေးပါ။ ကျန်ခဲ့မယ့်လူတွေကိုအားနာပေးပါ။ ဒီမှာလည်းလုပ်စရာတွေရှိပါတယ်။အဲနောက်ပိုင်းမှ စစ်ဆေးတွေ့ရှိရင် kick ပါမယ်။ အဖွဲ့အချင်းချင်း ထိခိုက်တာတွေဖြစ်လာနိုင်လို့ပါ။ အဆင်ပြေကြပါစေ ညီကိုတို့။ ကျနော် SMT 25 kmmt@kmmt ပါ။ကျေးဇူးတင်ပါတယ်။

Introduction | Ecency