အပိုင်း(၁)
***********
နိုင်ငံရေးဆိုတာ အင်မတန် ကျယ်ပြန့်နက်နဲတဲ့အရာပါ။နိုင်ငံရေးရဲ့ ခေါင်းစဉ်အောက်မှာ
နိုင်ငံရေးယဉ်ကျေးမှူ (political culture)
နိုင်ငံရေး ဘောဂဗေဒ (political economy)
နိုင်ငံရေး ပထဝီဝင် (political geography)
နိုင်ငံရေး ဒဿန (political philosophy)
နိုင်ငံရေး သိပ္ပံ (political science)
နိုင်ငံရေးကျွမ်းဝင်မှု ခေါ် နိုင်ငံလေူမှူဆက်ဆံမှု (political socialozation)
နိုင်ငံရေးလူမှုဗေဒ(political sociology)
နိုင်ငံရေး စနစ်(political system)
နိုင်ငံရေးသဘောတရား(political Theory)
နိုင်ငံရေးခိုလှုံခွင့် (political asylum)စတဲ့ အကြောင်းအရာတွေရှိနေတာကြောင့်အဲ့ဒါတွေကိုလည်း သေချာသိရှိလေ့လာဖို့လိုပါတယ်။
- ယဉ်ကျေးမှူ (political culture)
နိုင်ငံရေးယဉ်ကျေးမှုဆိုတာ နိုင်ငံရေးစနစ်လှုပ်ရှားမှု လည်ပတ်မှုကို ကျောထောက်နောက်ခံပြုနေတဲ့ လူ့အဖွဲ့တည်းတစ်ခုရဲ့ သဘောထားတွေ၊သက်ဝင်ယုံကြည်မှုတွေနဲ့ တန်ဖိုးတွေပါ။နိုင်ငံတစ်ခုမှာတည်ရှိနေတဲ့ နိုင်ငံရေးစနစ်လှုပ်ရှားလည်ပတ်တာနဲ့ပတ်သတ်ပြီးတော့ လူအများ ဘယ်လောက်သိရှိကြလဲ၊ နားလည်သဘောပေါက်ကြသလဲ အကောင်းမြင်အဆိုးမြင် ဘယ်လိုရှိကြသလဲ စတာတေက အဲ့ဒိလူ့အဖွဲ့စည်းရဲ့ နိုင်ငံရေးယဉ်ကျေးမှူ ကိုဖော်ပြတာပါပဲ။
အချုပ်အားဖြင့်ကတော့ နိုင်ငံတစ်နိုင်ငံမှာ သူတို့ရဲ့နိုင်ငံသားတွေ အနေနဲ့ နိုင်ငံရေးမှာ ဘယ်လိုပါဝင်ဆောင်ရွက်ကြသလဲ ဆိုတဲ့အချက်က နိုင်ငံရေးယဉ်ကျေးမှူ ရဲ့အဆင့်အတန်းကိုဖော်ပြနေတယ်လို့် ဆိုကြပါတယ်။ တိုင်းသူပြည်သားတွေက အစိုးရနေနဲ့ ဘယ်လိုပုံစံတွေလုပ်ဆောင်သင့်တယ်လို့ စဉ်းစားတွေးခေါ်ခြင်းဟာ နိုင်ငံရေးယဉ်ကျေးမှူ မှာ အကျူံးဝင်နေပါတယ်။ ဒါပေမယ့်နိုင်ငံရေးယဉ်ကျေးမှုဟာ နိုင်ငံရေးသဘောတရား (political ideology) နဲ့
လုံးဝခြားနားနေပြန်ပါတယ်။ လူအများမှာရှိတဲ့ နိုငိငံရေးသဘောတရားတွေကတော့ တူညီမှူမရှိပဲ အမျိုးမျိုး ကွဲပါးခြားနိုင်နေနိုင်ပါတယ်။ဒါပေမယ့်လည်း
အများဆိုင်နိုင်ငံရေးပိုင်းမှာ ရပ်တည်ပုံချင်း ရှု့မြင်ပုံခြင်း တူညီကြပါလိမ့်မယ်။ ဥပမာ- တစ်ချို့နိုင်ငံတွေမှာဆိုရင် လုအများဟာ နိုင်ငံရေးဆောင်ရွက်သူမျညးကို ယုံကြည်မှု လျော့နည်းတယ်။နိုင်ငံရေးဆောင်ရွက်သူတွေက ကိုယ်ကျိုးရှာသူက များတယ်လို့ ယူဆကြတယ်။ အဲ့ဒီလူတွေဟာ ရွေးကောက်ပွဲကို စိတ်ဝင်စားမှု မရှိဘူး။ ဒါပေမယ့် တစ်ချို့နိုင်ငံတွေမှာတော
လူအများစုဟာ နိုင်ငံရေး ဆောင်ရွက်နေတဲ့သူတွေကို မိမိတို့ကိုယ်စား အများအက်ျိုးကိုဆောင်ရွက်ပေးနေသူများလို့ သဘောထားကြတယ်။နိုင်ငံရေးအတွက် ကောင်းမွန်တဲ့ မူဝါဒများ ကောင်းမွန်တဲ့ ဆုံးထြတ်ချက်များ ပြည်သူများကလည်း ပံ့ပိုးကူဆောင်ရွက်ပေးရမယ်လို့ ခံယူထာုးကပါတယ်။ တိုင်းပြည်အကျိုးဆောင်ရွက်မယ့် လူတော် လူကောင်းတွေကိုရွေးချယ်ပေးရမှာက မိမိတို့ပြည်သူတွေမှာ တာဝန်ရှိတယ်လို့ ခံယူပြီးတော့ ရွေးကောက်ပွဲတွေမှာ လေးလေးစားစားနဲ့ ပြည်သူ့ကိုယ်စားလှယ်လောင်းတွေကို
မဲပေးရွေးချယ်ကြတယ်။ အပေါ်မှာရေးသားထားတာ တွေကတော့ နိုင်ငံရေးယဉ်ကျေးမှူ နမူနာလေးတွေဖြစ်ပါတယ်။
2.နိုင်ငံရေး ဘောဂဗေဒ (political economy)
အမှန်တကယ်တော့ ကုန်ထုတ်လုပ်ခြင်း၊ဝယ်ခြင်း ရောင်းခြင်းတို့နဲ့ တရားဥပဒေ၊ကောက်ခွန် အစိုးရတို့ဆက်စပ်နေမှုကို လေ့လာရတဲ့ ပညာရပ်တစ်ခါပါပဲ။နိုင်ငံများရဲ့ ဓန သဘောသဘာဝများနဲ့ ဓနဖြစ်ခြင်းအကြောင်းတရားများကိုလည်း နိုင်ငံရေးဘောဂဗေဒက စူးစမ်းလေ့လာတယ်။ နိုငိငံရေး ဘောဂဗေဒ ဟာ ၁၈ ရာစုမှာ နိုင်ငံများရဲ့ စီးပွားရေးအခြေနေများနဲ့ နိုင်ငံရေးအနေအထားများကို ဆက်စပ်လေ့လာရာကနေ ဖွံ့ဖြိုးလာတဲ့ ပညာရပ်တစ်ခုဖြစ်ပါတယ်။ နိုင်ငံရေးဘောဂဗေဒ ဆိုတဲ့စကားလုံးကို ၁၆၁၅ ခုနှစ်မှာ ပြင်သစ်လူမျိုး အန်တွိုင်းဒေမွန်ခရီရှန် ( Antoine de Montachretien)က ပြင်သစ်ဘာသာနဲ့ (Economic politique)ဆိုပြီး စတင်သုံးနှုန်းခဲ့ပါတယ်။ နောက်ပိုင်းမှာ အဒမ်စမစ် ၊ဒေဗစ်ရီကားဒိုး၊ကားလ်မော့ခ်စ် တို့ဟာ နိုင်ငံရေးဘောဂဗေဒ ပညာရှင်တွေ ဖြစ်လာကြပါတယ်။ ၁၈၀၅ခုနှစ်မှာတော့ သောမာတ်စ်မားလ်သပ် (Thomas Robert Malthus) ဟာ အင်္ဂလန်မှာ ပထမဆုံး နိုင်ငံရေး ဘောဂဗေဒ ပါမောက္ခဖြစ်လာခဲ့တယ်။အမေရိကန်ပြည်ထောင်စုမှာလည်း ဝီ လျှံနဲ့မေရီကောလိပ်မှာ နိုင်ငံရေးဘောဂဗေဒကိုပထမဆုံးသင်ကြာပေးခဲ့တယ် ။ စကော့လူမျိုး ဒဿနိက ပညာရှင်နဲ့ နိုင်ငံရေးဘောဂဗေဒ ပညာရှင် အဒမ်စမစ် (Adam Smith) တို့ကတော့ နိုင်ငံရေးသမားတွေ ၊ဥပဒေပြုလွှတ်တော် အမတ်တွေဟာ နိုင်ငံရေးဘောဂဗေဒ ကို နားလည်သဘောပေါက်အောင် လေ့လာထားကြဖို့ လိုအပ်တယ်လို့ပြောဆိုခဲ့ကြတယ်။
ဒါကြောင့်မို့လည်း အိန်ဂျလ် (Frederik Engels)ကနိုင်ငံရေး ဘောဂဗေဒဟာ အကျယ်ပြန့်ဆုံး အဓိပ္ပါယ်ပြောရလျှင် လူ့အဖွဲ့စည်းအတွင်းမှာရှိတဲ့ အသက်မွေးမ၊ှု ရုပ်ဝထ္တုပစ္စည်များ၊ထုတ်လုပ်မှု နဲ့ ဖလှယ်မှုများကို
စိုးမိုးချုပ်ကိုင်နေတဲ့ ဥပဒေများနဲ့သက်ဆိုင်တဲ့ သိပ္ပံပညာရပ်တစ်ခုဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
အပိုင်း ၂. ကိုဆက်လက်အားပေးပါအုံးခင်ဗျ.....
......................................................................
Translate and Author -Aung Ko Oo
18.9.2017