ထန်းသမား(၂)

heinzaw(42)
Published in
#life
Words
228
Reading
2 min
Listen
Play
8y

သို့တစေ ညစ်ပတ်သော ထေကြီးတို့အိမ်မှာ လူစည်သည်။ အကြောင်းမှာ ထန်းရည်ရောင်းခြင်းကြောင့် အသာက်သမားများ
ယောက်ယက်ခတ် နေကြခြင်းဖြစ်၏။ အကြွေးသောက်သူများသည် လေကြီးမိန်းမ ခိုင်းစေသည်များကို လုပ်ပေးကြသည်။ ညစ်ပတ်ပေရေနေသာ
ထေကြီး၏ကလေးများကို ချီပိုးခြင်း၊ ချော့မြူခြင်း၊ နှပ်သုတ်ပေးခြင်းများကို ပြုကြသည်။ ထေကြီး မိန်းမ အုန်းဆင့်အဖို့ ဒီရွာရောက်မှFB_IMG_15256711613747224.jpg
ရတနာပုံဆိုက်ခြင်း ဖြစ်ပေသည်။ ငွေကြေးမပြတ်ကိုင်နေရသည်။ ထန်းရည်တစ်ပုလင်း တစ်မတ်ရောင်းရသည်။ အကြွေးသောက်သူများအား
စာရင်းမှတ်ရသည်။
မူလ သူတို့ဇာတိရွာတုန်းကမူ အဘယ်မှာလျှင် ဤသို့ လူမွေးလူတောင် ပြောင်လိမ့်အံ့နည်း၊ ဆင်းရဲသောမိသားစု ဖြစ်သည်နှင့်အညီ
အစားဆင်းရဲ အနေဆင်းရဲဖြင့် ယခုလို ကိုယ်ကကြွေးမှတ်ဖို့ မဆိုထားဘိ၊ ကြွေးရှင်တို့မျက်မှောက်မှာ မျက်နှာငယ်နှင့် နေခဲ့ရပေသည်။
အဘယ်ကြောင့်နည်း။
သူတို့ မူလဇာတိရွာသည် မြို့မှ ၇ မိုင်ဝေး၏။ လသာကွင်းရွာ'ဟုခေါ်သည်။ ယခု သူတို့ ပဝတ္တိရွာမှာ မြို့မှ ၃ မိုင်ခန့်သာကွာ၍
ပေတစ်ရာလမ်းနှင့်ကပ်နေသဖြင့် ‘တာကပ်ကြီးရွာ'ဟု ခေါ်၏။FB_IMG_15206673449774710.jpg
တာကပ်ကြီးရွာသည် ကြီး၏။ လယ်ပိုင် မြေပိုင်နှင့် လူချမ်းသာများပေါ၏။ ဆန်စပါးအပြင် အခြားသီးနှံစိုက်ပျိုးခြင်း၊
ရက်ကန်ရက်ခြင်းတို့ဖြင့် ရွာသူရွာသားများ ချောင်လည်ကြသည်။
လသာကွင်းရွာကား နာမည်လှသော်လည်း မြို့နှင့်ဝေး၍ လူဆိုးသူခိုးများနှင့် အတော်ဗရုတ်ကျ၏။ ချမ်းသာချောင်လည်သူနည်း၍
ဆင်းရဲသားများ၏။ ထန်းရည်အရက်ကား ပေါ၏။ ထန်းရည်တက်ခြင်းအတတ်ကို နွားကျောင်းသားအရွယ်ကစ၍ တတ်ကြကုန်၏။ ကိုယ့်ဟာကိုယ်
တက်သောက်တတ်ကြ၏။ သောက်၍ပိုသည်ကို ဆီဖိုး ဆန်ဖိုးရအောင် ရောင်းကြ၏။
သူတို့ရွာသည် မြို့မှလာသော လမ်းဆုံရွာ တာခွလမ်းဆုံနှင့်နီး၍ အခြားဝေးလံသာရွာများမှ မြို့ကိုလာကုန်သော ခရီးသည်တို့၏
လှည်းလမ်းဆုံရွာလည်းဖြစ်သောကြောင့် ထန်းရည်ရောင်းကောင်းကြ၏။ မြို့နှင့်ဝေးကွာသဖြင့် လိုင်စင်ဝိနှင့် ဘုံဆိုင်မရှိသဖြင့် မည်သူမဆို
ထန်းပင်ရှိ ထန်းတက်နိုင်ကြ၍ ကိုယ့်အိမ်ရှေ့မှာကိုယ် ထန်းရွက်တဲကလေးထိုးကာ အမြုပ်ကလေးတစီစီနှင့် ထန်းရည်ပုလင်းတွေထောင်ကာ
ရောင်းကြသည်။ အမြည်း ငါးကြော်၊ အမဲကြော်နှင့် ဆေးလိပ်များလည်းရှိသည်။ ထိုနေရာသည် လမ်းဆုံ လူဝံ့ဖြစ်၍ ဆေးခြောက်၊ ကွမ်းပုံ(ဘိန်း)ရောင်းကြသည်။ အမြည်း ငါးကြော်၊ အမဲကြော်နှင့် ဆေးလိပ်များလည်းရှိသည်။ ထိုနေရာသည် လမ်းဆုံ လူပုံဖြစ်၍ ဆေးခြောက်၊ ကွမ်းပုံ(ဘိန်း)
များလည်းရနိုင်သည်။
ဤဒေသ၌ကား လေကြီးလို သတ္တဝါသည် ပွဲမတိုးနိုင်ခဲ့ပေ။ ကိုယ်ပိုင် ထန်းပင်ပင် မတက်နိုင်ခဲ့။ အခြားသူ၏ ထန်းပင်သူရင်းငှား
တက်ခဲ့ရသည်။ ယင်းသို့ ထေကြီးသည် လသာကွင်းရွာ၌ ဆင်းရဲမွဲတေနေစဉ် ကံကောင်းထောက်မချင်တော့ အကြောင်းအားလျော်စွာ တာကပ်ကြီးရွာက
သူကြီးနှင့်ဆက်မိ၍ သူကြီးအိမ်ကို သူရင်းငှားအဖြစ်နှင့် ရောက်လာခဲ့လေတော့သည်။
စရောက်သောနှစ်မှာပင် သူကြီးက ထေကြီးအား “မင်း... ထန်းတက်တတ်လား...” ဟုမေး၏။ "လသာကွင်းသား ထန်းတက်တတ် 25
မေးခြင်းသည် "ငါး ရေကူးတတ်လား...” မေးခြင်းနှင့်တူ၍ သူကြီးက သူသောက်ရန် ထန်းတစ်ပင်ကို တက်စေသည်။
တာကပ်ကြီးရွာ၌ ခြံတွေမှာရော၊ လယ်ကွင်းတွေထဲမှာရာ ထန်းပင်တွေ အလွန်ပါ၏။ သို့သော် ထန်းတက်တတ်သူ အလွန်နည်း၍
တက်တတ်သူ နှစ်ဦးသုံးဦးမှာလည်း မိမိတို့သောက်ဖို့သာ လိုင်စင်ပီရရုံလောက် တက်ကြသည်။ တောကပ်ကြီးရွာသည် မြို့နှင့်နီး၍
ထန်းရည်လိုင်စင် ဧရိယာအတွင်းကျရောက်သဖြင့် ထန်းရည်တက်လိုလျှင် လိုင်စင်စီကို အခွန်အခပေးရသည်။ ထေကြီးတက်သောအပင်ကား
တစ်ပင်တည်း၊ သူကြီးဂုဏ်ရှိန်နှင့်မို့ မပေးရ။
ယင်းသို့လျှင် ထေကြီးသည် သူကြီးအိမ်မှာ သူရင်းငှားလုပ်ရင်း ထန်းတစ်ပင်တက်ခြင်းဖြင့် အမှုတော်ထမ်းနေစဉ် နေ့စဉ်သူတက်သော
ထန်းပင်ပေါ်မှ လှမ်းမျှော်ကြည့်၍ အနီးပတ်ဝန်းကျင်ရှိ ထန်းပင်များကို မြင်ရသည်၌ "သည်ထန်းပင်တွေများ ငါ အားလုံးတက်လိုက်ရ၊ ဘယ်လောက်
စီးပွားဖြစ်လိမ့်မလဲ..."ဟုတွက်ဆမိ၏။
ရွာထဲ၌ ထန်းတက်သူ တောင်ပိုင်းတပ်ယောက်၊ မြောက်ပိုင်းတစ်ယောက်ရှိရာ သူတို့သည် တစ်ဦးလျှင် နှစ်ပင်သုံးပင်
အပျော်တက်လောက်ဖြစ်၍ ရောင်းမလောက်ပေ။ သောက်ချင်လျက်နဲ့ မသောက်ရသူတွေ အနတတ္တမ။ ထကြီးသည် ယခု
သူတစ်ပင်တည်းတက်၍ သူကြီးသောက်၍ပိုသမျှ ရောင်းရသည်နှင့်ပင် သူခပ်မြက်မြက် တွေ့နေပေပြီ။ လသာကွင်းတုန်းက

ထန်းသမား(၂) | Ecency