ပိန်ဆေး(final)

heinzaw(42)
Published in
#life
Words
259
Reading
2 min
Listen
Play
8y

မြကြီးမှာ အသိဉာဏ်များစွာ မခေလှချေ။ အကယ်၍ မိမိ၏ မောင်ငယ်အရွယ်နှင့် ချစ်ကြိုက်နေက
သည်တိုက်နှင့် အိုးစားကွဲမည်ကို ရိပ်မိလေ၏။ ထို့ကြောင့် သီလှလည်း သင်္ကာမကင်း မဖြစ်စေရန်
သန်းစိန်လာသောအခါ “ငါ့မောင်ကလေး။ ငါ့မတ်ကလေး”ဟူသော စကားကို သီလှ မကြားတကြား
များစွာပြောလေ၏။ “မင်းတော့ အစ်မကြီးက ငါ့ညီမနဲ့ ပေးစားရမယ်။ အစ်မကြီးကို မမေ့နဲ့”ဟု ပုတ်လား ခတ်လား။IMG_20180611_220334.jpg
ထိကပါး ရိကပါးလည်းနေလေ၏။ သန်းစိန်မှာကား မြကြီးစိတ်ပြောင်းပြီဟု အဟုတ်မှတ်ထင်ကာ သီလှအား တကယ်
ချစ်ကြိုက်ကြောင်းများကို ဖွင့်ဟ ပြောဆိုလေ၏။ မြကြီးကလည်း အောင်သွယ်ပမာ များစွာအရေးစိုက်သကဲ့သို့
အထိုက်အလိုက် ပြောဆိုပြန်သဖြင့် မတ်လောင်းနှင့် မရီးမှာ များစွာကျေနပ်၍နေလေ၏။ ဒေါ်ထွေးသည်
ကောင်းကောင်း မသိရှာချေ။ ရက်အနည်းငယ်သာနေရပြီး ကုန်ဝယ်သွားခြင်း၊ ကြွေးတောင်းသွားခြင်းဖြင့်
အချိန်ကုန်လွန်သောကြောင့် သမီးနှင့် တူမအကြောင်းကို ကောင်းကောင်းမသိရှာချေ။ သီလှမှာကား သန်းစိန်နှင့်
မြကြီး ရောလွန်းသောကြောင့် အောင်သွယ်နှင့် ညားတတ်သည့် အကြောင်းများကို အထူးသတိပေးလေ့ရှိလေ၏သို့ရာတွင် မြကြီး ကျေနပ်မှ မိမိတို့ ချောင်ချိစွာ နေရမည်ကို စဉ်းစားမိသောအခါ ၎င်းတို့ ရောနှောခြင်းကိုပင်
တစ်နည်းအားဖြင့် သဘောကျရမလို ဖြစ်၍ နေလေ၏။
မြကြီးမှာ ယခုအခါ၌ သူ၏ ဝဖြိုးခြင်းကိုသာ၍ ဒေါသထွက်နေလေ၏။ မိမိကိုယ်ကို အလှပြုပြင်ခြင်းကို
ရှေ့ကထက် ပိုမိုဂရုစိုက်လေ၏။ ကွမ်းစားပြီး နှုတ်ခမ်းနီရုံနှင့် အားမရသဖြင့် ပန်းဆီများဖြင့်ခြယ်လှယ်ကြည့်လေ၏။IMG_20180611_215802.jpg
နဖူးပြောင်တင်းကြီးကို ဆံလျဉ်စကလေးများ ကိုက်၍ ချထားလေ၏။ သီလှ၏ ကြံဆစ်လက်ကောက်များကို
ဝတ်ရန်စွပ်ကြည့်ရာ လက်သုံးချောင်းတွင် တစ်၍ နေလေ၏။ ရှေးက ဝတ်ခဲ့သော ရွှေခြေချင်းမှ ထောင်သားများ
ဝတ်ရသော သံခြေချင်းပမာ သေးငယ်တစ်ဆို့၍နေလေ၏။ သို့နှင့်လည်း မှန်တင်ခုံနားကမခွာ။ သီလှက အောက်ထပ်
ဈေးရောင်းတုန်း အပေါ်ထပ်တွင် တိတ်တိတ်ပုန်း ခြယ်လှယ်၍နေလေ၏။ တစ်ခါတစ်ရံ ခေါင်းအုံးကြီးဖက်ကာ မြူး၍
စိတ်ကူးနှင့် လိမ်းနေလေ့ရှိလေ၏။
"ဪ..မောင်သန်း..မောင်သန်း၊ ကြီးတယ်၊ ငယ်တယ် မဟုတ်၊ လူပျိုစိမ်းလေးဆိုတာ စွဲတတ်တာပဲ ”ဟု ၎င်း၏
ဘုရားကြီးအတွင်း ဈေးသည်များ ရောင်းသော သူငယ်တော်ရုပ်ပမာနှင့် ချိန်ကိုက်နေလေ၏။လဆန်း(၁ဝ)ရက်ညသည်ကား မြကြီး၏အပျော်ဆုံးည ဖြစ်လေ၏။ သန်းစိန်နှင့် ညီအစ်မနှစ်ယောက်တို့သည်
စကားပြောနေကြအတိုင်း ပြောပြီးလျှင် သီလှသည် ခေါင်းခဲသည်ဟု အိမ်ခန်းသို့ပင် ဝင်သွားလေ၏။
သန်းစိန်နှင့် မြကြီး နှစ်ဦးထဲ ကျန်သောအခါ လွတ်လပ်စွာ စကားပြောခွင့်ရလေ၏။ “အို..မောင်သန်း၊ လှလှ
ချောင်းကြည့်နေပါ့မယ်။ မင်းနှယ်ကွယ် မမပြောတာလည်း မကြောက်ဘူး”ဟုကနွဲ့ကလျ ပြောဆိုလေ၏။
မောင်သန်းက တစ်ဖန်"နို့ မမက ဒီမှာ မတော်ဘူးဆို ဘယ့်နှယ်ကြံရမလဲ မမရဲ့ “ဟုတ်တယ်..ဒီမှာတော့
ရှက်စရာကြီး၊ မမအရီးများရှိတဲ့ မတ္တရာကို သွားမယ်၊ နောက်က မောင်သန်း လိုက်ခဲ့မယ် မဟုတ်လား။ မနက်ဖြန်
အဒေါ်ပြန်လာမယ်၊ သန်ဘက်ခါ မမထွက်နှင့်မယ်” ဟု ချိန်းချက်တိုင်ပင်ကြပြီးနောက် လူချင်းခွဲကြလေ၏။
၂ ရက်ခန့်ကြာသောအခါ မြေကြီးသည် မတ္တရာမြို့က အရီးတော်စပ်သူ တစ်ယောက် အိမ်သို့ ရောက်ရှိနေလေ၏။
မန္တလေးက မတ္တရာသို့ ဆိုက်ကပ်သော မီးရထားချိန်ကျလျှင် သန်းစိန် ပါလာလိမ့်မည် ဟု ခေါင်းထောင်၍
ပုတိုတိုနေသော လည်တံများ ရှည်နိုင်သလောက် ရှည်အောင် မျှော်လေ၏။ ထိုနေ့ မောင်သန်း မပေါ်လာချေ။
ဟယ်..သူ့အိမ်က မချောင်လို့ ထင်ပါရဲ့ဟု နောက်တစ်နေ့ မျှော်ပြန်လေ၏။ နောက်တစ်နေ့တွင် မပေါ်လာသောအခါငိုချင်စိတ်ပေါက်လာလေ၏။ ၃ ရက်ခန့် ကြာသောအခါ စာတစ်စောင်သည် မြကြီး လက်ထဲသို့ ရောက်ရှိလာလေ၏။
ဖွင့်၍ကြည့်လိုက်သည်နှင့် တစ်ပြိုင်နက် မြွေပွေးထိလိုက်သကဲ့သို့ ဖြစ်၍သွားလေ၏။
ထိုစာမှာ မောင်သန်းစိန်နှင့် မသီလှ နှစ်ဦး မိဘသဘောတူလက်ထပ်ဖိတ်စာ ဖြစ်လေ၏။ ထိုအခါကျမှ မိမိအား
သူတို့နှစ်ယောက် တစ်ပတ်ရိုက်ထုတ်လိုက်သည်ကို ရိပ်မိသဖြင့် မင်္ဂလာဆောင်သို့လည်း မလာ၊ မတ္တရာတွင်
တစ်လခန့် နေရာမှ ငှက်ဖျားနှင့် စိတ္တဇရောဂါပါ အဖမ်းခံရလေ၏။ ဒေါ်ထွေးသည် တူမအား ရေတိမ်နစ်မည်
စိုးသဖြင့်မန္တလေးသို့ ပြောင်းယူကာ ဆရာဝန်များနှင့် ကုသရာ၊ ၃ လခန့်ကြာမှ ပျောက်ကင်းလေ၏။
ထိုအခါ၌ ဧရာမ မမြကြီးမှာ ပိန်ပိန်ကလေးဖြစ်ကာ စစ်ကိုင်းချောင်တွင် သီလရှင် အဝတ်နှင့်
ဖြစ်၍သွားလေသတည်း။

ရုပ်ရှင်လမ်းညွှန်

ပိန်ဆေး(final) | Ecency