New

heinzaw(42)
Published in
#esteem
Words
100
Reading
1 min
Listen
Play
8y

Motorola က ထုတ်တဲ့စမတ်ဖုန်းတွေက ရိုးရှင်းပြီးတော့ အခြား ရှုပ်ရှပ်ခတ်နေတဲ့ UI တွေ၊ Features တွေမပါဝင်တဲ့ Pure Android ကိုပဲ အသုံးပြုထားတဲ့အတွက် Features တွေအများကြီးပါတာထက် ရိုးရှင်းပြီး Software Update ကို အမြန်ဆုံး ရစေချင်တဲ့သူတွေအတွက်ကတော့ ရွေးချယ်စရာဖြစ်နေပါတယ်။IMG_20180612_131125.jpg

အခုအချိန်မှာလည်း Motorola ရဲ့ ဒုတိယမြောက် Android One စမတ်ဖုန်းဖြစ်လာမယ့် Motorola One Power စမတ်ဖုန်းရဲ့ အချက်အလက်တွေက ပေါက်ကြားလာခဲ့ပြီပဲဖြစ်ပါတယ်။

အခု ပေါက်ကြားလာတဲ့သတင်းတွေအရ Motorola One Power စမတ်ဖုန်းဟာ 6.2″ Full HD+ Display ကို အသုံးပြုထားပြီးတော့ 19:9 Ratio Screen ကို အသုံးပြုထားမှာပါ။

Processor ပိုင်းအနေနဲ့ကတော့ Qualcomm Snapdragon 636 Processor ၊ RAM 4GB နဲ့ Storage 64GB ပါဝင်မှာဖြစ်ပြီးတော့ Camera ပိုင်းအနေနဲ့ 12MP + 5MP Dual Back Camera နဲ့ 8MP Selfie Caemra ပါဝင်မယ်လို့ သိရပါတယ်။IMG_20180613_185906.jpg

Motorola One Power ဖုန်းရဲ့ အဓိက ထူးခြားချက်ကတော့ Battery ပဲဖြစ်ပြီးတော့ လက်ရှိထွက်ပေါ်လာတဲ့သတင်းတွေအရ Battery ပမာဏက 3780mAh Battery အထိ ရှိနေမှာပဲဖြစ်ပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ ဒေါ်လာ ၂၀၀ ဝန်းကျင်ပဲရှိမယ်လို့ သိရပါတယ်။

New | Ecency