iOS Youtube App Available Dark Theme

heinzaw(42)
Published in
#ios
Words
89
Reading
1 min
Listen
Play
8y

YouTube ဟာ ပြီးခဲ့တဲ့နှစ်တုန်းက Desktop Web Browser Version မှာ User Interface ကို အမည်းရောင်ပြောင်းပေးနိုင်တဲ့ Dark Mode ကို ထည့်သွင်းပေးခဲ့ပါတယ်။ အဲ့ဒီအချိန်ထဲက စတင်ပြီးတော့ YouTube Dark Mode ဟာ Mobile App Version အတွက် တောင်းဆိုမှုအများဆုံးသော Feature တစ်ခုဖြစ်ခဲ့ပါတယ်။IMG_20180612_211008.jpg

အချိန်တွေကြာပြီးတဲ့အချိန်မှာတော့ YouTube ဟာ Mobile App အတွက် Dark Theme ကို စတင်ပြောင်းလဲနိုင်တဲ့ Option ပေးနေပြီပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် YouTube App အသုံးပြုသူတွေဟာ Web Browser မှာလိုပဲ ကိုယ့်ရဲ့ Account Icon ကို သွားရောက်နှိပ်ပြီး Dark Theme ကို On ပေးလိုက်တာနဲ့ YouTube ကို အမည်းရောင်နဲ့ အသုံးပြုနိုင်ပြီဖြစ်ပါတယ်။IMG_20180612_210956.jpg

ဒါပေမယ့် အခု YouTube Mobile App အတွက် Dark Theme ဟာ Apple iOS Devices တွေအတွက် စတင်ရရှိနေပြီဖြစ်ပြီးတော့ Android Devices တွေအတွက်ကတော့ မကြာခင် Update လုပ်နိုင်တော့မယ်လို့သိရပါတယ်။

ဘာပဲဖြစ်ဖြစ် YouTube ကတော့ အသုံးပြုသူတွေအလိုအပ်ဆုံး Feature တစ်ခုကို ထည့်သွင်းပေးလိုက်တာပဲဖြစ်ပါတယ်။