ကိုမောင်ချိုသည် သမီးလေး လှမ်းပေးလိုက်သော ကွမ်းထုပ်ကို ထန်း မြစ်ဆုံစည်နတ်ခမ်းပေါ်တွင် တင်၍ ကွမ်းယာရင်း စဉ်းစား၏။
ဒီနေ့ မြို့တော့ မသွားနိုင်တော့ဘူး။ အိမ်လုပ်စရာတွေထဲက တစ်ခုခုလုပ်ရတော့မှာပဲ။ သက်ကယ်ပစ်ဖို့လည်း ရှိ၏။ မိုးဦးကျ
ဂုံလျှော်စိုက်ရန် နောက်ဖေးခြံအမှိုက်ချဖို့လည်း ရှိ၏။ ဟိုပေါက်ပြားရိုး ကျိုးနေတာလည်း ပြန်တပ်ရဦးမည်။ မနေ့ညက ပေါက်လက်စ ထင်းတုံးကာ
ရှိနေသေး။
သူ့အတွေးမဆုံးမီ ကွမ်းယာပြီး၍ ပါးစပ်ထဲငုံကာ နောက်ဖေးဘက် ထွက်လာမိလျက် ထန်းလက်ခြောက် လေခတ်သံကြားရ၍ ခြံဝပ်က
ထန်းပင်ပေါ် မော့ကြည့်လိုက်မိတော့မှ အခု ဘာလုပ်ရတော့မည်ကို ဆုံးဖြတ်ချက် ချမိတော့လေ၏။
“ဟာ... မမြင့်ရေ.. ထန်းခိုင်ကလေးတွေ သီးလုံးတောင်ပေါ်နေမှ ဒီထန်းပင် တက်မှဖြစ်တော့မယ်ဟေ့..."
မီးဖိုချောင်ထဲရှိနေသော သူ့မိန်းမကို လှမ်းပြောလိုက်လေသည်။ မမြင့်ကား သူ့လင်ပြောတာကို ကြားသည်ဖြစ်စေ၊ မကြားသည်ဖြစ်စေ
ဘာမှပြန်ပြောလေ့မရှိပေ။ ကိုမောင်ချိုကသာ ထန်းပင်ကို လှည့်ပတ်မော့ကြည့်ကာ ဆက်၍ပြော၏။
"ဒီနှပ် ထန်းတော်တော်ထွက်မှာပဲကွ၊ အဆင်သင့်ပဲဟေ့။ ကျေးတောင်ပိုက်ရော၊ တောက်တဲ့ခေါင်းရာ
ထန်းလက်၊ ထန်းရွာကြားမှ ထွက်ပြူစ ထန်းကလေးသည် ကြက်တူရွေးတောင်ကဲ့သို့ စိမ်းမြနေ၍ ကျေးတောင်စိုက်'တဲ့။
ထိုကျေးတောင်အောက်မှ သီးတံအစွန်ကလေးပေါ်လာတော့ တောက်တဲ့ခေါင်းပြူလာသည်နှင့်တူ၍ 'တောက်တဲ့ခေါင်း'တဲ့။ ဤမှတစ်ဆင့်
ခိုင်တံထွက်ပြီး သီးလုံးလေးတွေ ပီသလာတော့ “သီးလုံးပေါ်'၊
ထန်းမကို ထန်းရည်ချရာတွင် ဤသီးလုံးပေါ်ကစ၍ ကိုင်ရလေသည်။ ထို့ကြောင့် ကိုမောင်ချိုက အဆင်သင့်ပဲဟု ပြောခြင်းဖြစ်သည်။
ယခု နှစ်စမျှ သီးလုံးပေါ်ကစ၍ထု၊ ဤအခိုင်ကလေးများ လှီးဖြတ်ရတော့ တောက်တဲ့ခေါင်းက သီးလုံးပေါ်ဖြစ်လာမည်။ ကျေးတောင်စိုက်က
တောက်တဲ့ခေါင်းထွက်လာမည်။ ထန်း ၄-၅-၈ စသည် ဤနှုန်းဖြင့် အလျဉ်းသင့် ဖြစ်လာပေသည်။ တစ်ပတ်အတွင်းမှာ ထန်းရည်ကျတော့မည်။
ကိုမောင်ချိုသည် ကာလသား ထန်းတက်သမားတစ်ယောက် ဖြစ်ခဲ့သည်။ ရှေးယခင်က ထန်းပင်ပေါင်း အပိတ်၊ သုံးဆယ် တက်၍
အသက်မွေးခဲ့ဖူးသည်။ ထန်းသမားအလုပ်သည် ဘာပြောပြော ကျေးရွာတွင် ငွေကြေးချောင်လည်၍ မျက်နှာပွင့်လင်းသူ ဖြစ်သည်။
"ထန်းရည်သောက်တတ်တဲ့ လူတွေဆိုရင် ကိုယ့်အောက်ကချည်းပေါ့ကွ၊ ငါ ထန်းပင်ပေါ်နေတုန်း သူတို့က အောက်လာလာပြီး ရဦးမလား၊
တစ်ပုလင်းပေးပါ၊ နပ်ပုလင်းပေးပါနဲ့ တောင်းရသကိုးကွ၊ ဟဲ.. ဟဲ...”
ကိုမောင်ချို၏ ပြက်လုံးရွှင်လုံးကလေးဖြစ်သည်။ ကျေးရွာတွင် ထန်းတက်ခြင်းအလုပ်ကို 'အထက်တန်းစားအလုပ်'ဟူ၍လည်း
ပြောတတ်ကြသည်။
ယင်းအလုပ်ကို ကိုမောင်ချို မက်မောခဲ့ပါ၏။ သို့သော် ယခု အသက် ၅၀ ကျော်လာတော့ ဇရာချဉ်းလာသော သူ၏ခြေလက်အင်္ဂါတို့က
ထန်းပင်ပေါင်းများစွာတို့အား ပင်တိုင်းစေ့ မနက်တစ်ကြိမ် ညနေတစ်ကြိမ် ဆင်းတက်ရန်တို့ကို ငြင်းဆိုလာလေသည်။ ထို့ကြောင့် သူသည်
ထန်းတက်အသက်မွေးခြင်းအလုပ်ကို စွန့်လွှတ်လိုက်ရကား တစ်နှစ်မှာ တစ်ပင်နှစ်ပင်လောက်သာ ကိုယ်သောက်ဖို့လေးလည်းရ၊
ဟင်းလျာဖိုးလည်းရအောင် ကြိုးပမ်းခြင်း ဖြစ်လေသည်။
ကိုမောင်ချိုသည် ထန်းပင်ကို လှည့်ပတ်ကြည့်ရှုပြီးနောက် သူ့ဇနီးရှိရာ မီးဖိုချောင်ဆီသို့ ပြန်လာခဲ့ပြီး
"ပေးစမ်းဟေ့.. ငါ့ဘေးမ၊ သွေးရဦးမယ်၊ သွေးပြီး မောင်းတက်ဝါး သွားခုတ်ရမယ်..."