သူ့ရုံးက ဂျပန်အရာရှိကြီးကို သူနဲ့ကျွန်တော် လက်ထပ်တော့မယ့် သမီးရည်းစားပါတဲ့။ ကုက္ကိုင်းလမ်းမှာ ဂိုဒေါင်နားတွေ့ခဲ့ရတဲ့
ဂျပန်ကြီးကလည်း ကျွန်တော်တို့ကို ဒီလိုပဲသမုတ်။
တစ်ယောက်တစ်ယောက် ချစ်လိုက်ကြသည်ကလည်း အမှန်။ သို့သော် သူနှင့်ကျွန်တော်သည် ညားရန် ဖူးစာမပါခဲ့ပါ။
သူ့ရုပ်လှသည်နှင့်အမျှ အသက်ကလည်း တိုခဲ့ပါသည်။
၁၉၄၅ ခုနှစ်၊ ဟာမိတ်တို့ နောက်ဆုံးအကြိမ် ရန်ကုန်မြို့ကို ဗုံးကြီးသောအခါတွင်...
အေးဥဩဆွဲသည်နှင့်တစ်ပြိုင်နက် ကြည့်မြင်တိုင်ဘက် အလှတို့နေသောအကွက်ဟု ကြားသည်နှင့် ကျွန်တော်သည်
ကိုသောင်းကိုခေါ်ကာ မြင်းလှည်းမောင်း၍ ထွက်ခဲ့သည်။
အလှတို့အတွက် မဟုတ်ပါဒ၀နှင့်၊ ဟုတ်သည့်တိုင်အောင် အလှတော့ လွတ်ကင်းပါစေ။
သို့သော် ကျွန်တော့်ဆုတောင်း တစ်ခုမျှ မပြည့်ခဲ့ပါ။ မီးလောင်ဗုံးဖြစ်သည့်အားလျော်စွာ သေလိုက်ကြသည့်လူတွေ အတိုးအရုံး၊
အိမ်တွေမှာ သစ်ပင်တွေပါ ငုတ်တိုတွေဖြစ်နေကြသည်။ ဘယ်သူ့အလောင်း ဘယ်မှာမဆိုထားနှင့်၊ ဘယ်သူ့အိမ်ဟာ ဘယ်မှာဆိုတာကိုပင်
မခန့်မှန်းနိုင်။ မျှော်နံ့ကလည်း ပြင်းထန်လှပါဘိတောင်း။
မီးသတ်ကားများနှင့် အလောင်းတင်ရအောင်လာသော ဆေးရုံကားများနှင့်၊ ငိုယိုနေကြသော ဆွေမျိုးသားချင်းများနှင့်
ယောက်ယက်ခတ်နေကြသည့်အကြား ကျွန်တော်ဆင်းသွားတော့ အလှ၏အမေက...။
"အောင်မယ်လေး မောင်ကြင်ဆွေရဲ့….၊ ဟောဒီမှာ မင်းအလှအလောင်းကွဲ..."
အလိုလေး ကြည့်ရက်စရာ မရှိပါလားဗျာ။ ဗုံးဆန်လည်းမှန်ထားတယ်။ မီးလည်းလောင်ထားတယ်။ ညိုမဲတွန့်ခွေလို့ ပါးတစ်ခြမ်းကလည်းအလိုလေး ကြည့်ရက်စရာ မရှိပါလားဗျာ။ ဗုံးဆန်လည်းမှန်ထားတယ်။ မီးလည်းလောင်ထားတယ်။ ညိုမဲတွန့်ခွေလို့ ပါးတစ်ခြမ်းကလည်း
ပုံနေလေတော့ "ကျွန်တော့်ရည်းစား ပျောက်လို့ရှာ၊ တွေ့ရင်ပြောကြပါ။ မှတ်မိတာလည်းသေအချာ ပါးစပ်မှာလည်းသွားနို့ပါ..."
"မောင်ကြင်ဆွေရဲ့ သူက တနင်္ဂနွေနေ့မို့ အိမ်မှာနေတယ်၊ အမေကတော့ ဈေးသွားနေလို့၊ အောင်မယ်လေး ငါ့သမီးနဲ့အတူ
လိုက်မသွားရဘူးကွဲ မောင်ကြင် ဆွေရဲ့၊ မင်းကို သူသိပ်ချစ်တယ်ကွဲ။ မင်းပေးတဲ့ ကြောင်လေးကို ဘယ်လိုခေါ်တယ်မှတ်သလဲ။ ကိုဆွေ'တဲ့။
မင်းပါးစပ်က သွေးစသုတ်ပေးရတဲ့ လက်ကိုင်ပဝါလေးလည်း သူ တရိုတသေ သိမ်းထားရှာတယ်။ အို... မင်းကို သူ သိပ်ချစ်ရှာတယ်ကွယ်။
ကိုကြင်ဆွေက အလှကို ဘယ်နေ့ လက်ထပ်ဖို့ပြောမလဲ မသိဘူး၊ တစ်နေ့တော့ ပြောမှာပဲ... ပြောမှာပဲနဲ့၊ အခုတော့
မင်းမပြောတော့ဘူးမဟုတ်လား.."
အမေကြီးသည် ကျွန်တော့်အားဖက်၍ငိုပါတော့သည်။ ကျွန်တော့်မှာ မျက်ရည်တွေတွေ ကျရပါသည်။ ကျွန်တော်နှင့် အဖော်လိုက်ခဲ့သော
ကိုသောင်းလည်း မျက်ရည်စို့ရပါသည်။
ကိုးသောင်းသည် ၁၉၄၉ ခုနှစ်၌ အဆုတ်အအေးမိသောရာဂါဖြင့် ရန်ကုန်ဆေးရုံကြီးတွင် ကွယ်လွန်ပါသည်။ အလှအမေကြီးကား
သူ့သမီးဆုံးပြီး သိပ်မကြာခဲ့ချေ။ လှလှကြည်ဟု နာမည်ပေးထားသော ကျွန်တော့်မြင်းမလည်း ထိုနှစ်မှာပင် ဂျပန်တွေ့မြင်းသိမ်းမည်ဆို၍
မှော်ဘိလှပဒါးရွာသို့ပြေးရင်း ဟိုရောက်တော့ မောလွန်ပြီး သေရှာပါသည်။ ဟိုကြောင် မောင်ကြင်ဆွေမှာမူ လှနှင့်အတူပဲ ဗုံးချရာမှာ
မီးသွေးတုံးဖြစ်သွားပါသည်။
သတ္တဝါမှန်သမျှ သင်္ခါရချည်း။ ကျွန်တော်လည်း တစ်နေ့ သူတို့နောက် လိုက်ရချေတော့မည်။
မလိုက်မီ ယခု ဤတရေးနေချိန်ဝယ် လွန်ခဲ့သော ၂၄ နှစ်ကျော်က အလှ၏ မသေမီ ချောမာသော ရူပါဋ္ဌာရုံကိုလည်းကောင်း၊
မီးလောင်ဗုံးထိသေပြီးသော အလောင်းကောင်၏ အနိဋ္ဌာရုံကိုလည်းကောင်း မျက်စိတွင် ထင်မြင်၍ ဆင်ခြင်မိတော့ အလှကို လွမ်းဆွတ်တသသော
စိတ်နှင့် ကျွန်တော် အလှကို ရှာဖွေတွေ့မိလေ၏။