Attractive (8)

heinzaw(42)
Published in
#story
Words
77
Reading
1 min
Listen
Play
8y

တော်တော်တူပါတယ်ဟုဆိုပြီး ဝမ်းသာအားရ ယူထားလိုက်ပါ၏။
ယင်းသည် ၃-၄ လအကြာ တစ်နေ့သ၌ အလှသည် ဗဟန်းမှအပြန် ကျွန်တော့်လှည်းပေါ် ပါလာခဲ့သည်။ အားအားရှိ ကျွန်တော့်လှည်းနှင့်
လိုက်လေ့ရှိသော ကိုသောင်းက မြင်းကိုမောင်းသည် ဤမြင်းမနာမည် လှလှကြည်"ဖြစ်ကြောင်း ကိုသောင်းကသိသည်။ ဘာကြောင့်
ဤနာမည်ပေးသည်ကိုလည်း ကျွန်တော်က ပြောထားပါသည်။ သို့ရာတွင် ကိုသောင်းသည် ယခုမြင်းလှည်းပေါ်၌ ၎င်းနာမည်ရှင်ပါလာသည်ကို
သတိမေ့လျော့သွားကာ အခြားမြင်းလှည်းတစ်စီးက နောက်မှကျော်တက်မည်ပြုသည်ကို သူက ကျော်တက်မခံဘဲ မြင်းမကို
လက်ဖျားခတ်လိုက်ကာ...
“လှလှကြည်တဲ့ကွ... ဘာရမလဲ လှလှကြည်... သမီးဆွဲလိုက်စမ်း...”
ယင်း၌ ကျွန်တော့်ကျောနောက် ကပ်ထိုင်လာခဲ့သော အလှသည် ကျွန်တော့်အင်္ကျီလက်မောင်စကို ဆွဲကာ
“ဟင်... ကိုကြင်ဆွေ မြင်းမနာမည်က
အခြားသူများနားမလည်အောင် ကျွန်တော်က အင်္ဂလိပ်ဘာသာဖြင့် 'မင့်နာမည် ယူမှည့်ထားတာပဲ...
သူကလည်း (မျက်လုံးလေးများ တောက်ပကာ) အင်္ဂလိပ်လို “ရှင့်နာမည်ကော ဒီလို တိရစ္ဆာန်ယူမှည့်ရင် စိတ်ဆိုးမှာလား.."FB_IMG_1528876523480.jpg
“ကိုယ့်ကို သဘောကျလို့ မှည့်တယ်ဆိုရင် ဝမ်းတောင် သိပ်သာပစ်လိုက်မှာပေါ့...”
“ဒါဖြင့် သာပေရော့... အရင် ရှင်လာပေးတဲ့ ကြောင်လေးနာမည်ဟာလေ...”IMG_20180612_214310.jpg

အလှ၊ အလှ၊ ကျွန်တော်နှင့်အလှ။ ကျွန်တော့်မြင်းမကို သူ့နာမည်မှည့်၊ ကျွန်တော့်နာမည်ကို သူ့ကြောင်...။