Attractive (5)

heinzaw(42)
Published in
#story
Words
136
Reading
1 min
Listen
Play
8y

"ဘယ်လိုကူညီရမလဲ အလှ"
"နက်ဖြန်ခါမနက် ၁၀ နာရီလောက်လေ အလှတို့ အလုပ်လုပ်တဲ့ရုံးကို လိုက်ခဲ့စမ်းပါ”
"လိုက်နိုင်ပါတယ်၊ ဘာကိစ္စ"
"အလှတို့ ဂျပန်ကြီးက ကိုကြင်ဆွေ တွေ့ချင်လို့တဲ့၊ ကြည့်ချင်လို့တဲ့လား”
အလှက ရယ်မောပြီး..FB_IMG_1528876534673.jpg
"အဲဒီစစ်ဗိုလ်ကို ကိုကြင်ဆွေ တောင်းပန်ခိုင်းလိမ့်မယ်"
"အောင်မယ်... ဒါဖြင့် ဒီဂျပန်အရာရှိ လိမ္မာသားပဲ"
"အက်ကိတ်တက်ပဲ၊ အင်္ဂလိပ်လို ကောင်းကောင်းတတ်တယ် ကိုကြင်ဆွေ၊ ဂျင်းဘယ်လ်မဲင်းပဲ”
“ဒါဖြင့် တွေ့ကြရတာပေါ့ဗျာ"
"ဒါပေမဲ့ ကိုကြင်ဆွေ ဒီလိုမြင်းလှည်းသမားတိုင်ကြီးနဲ့ မလုပ်နဲ့၊ ဆရာမကလေး ကင်ပွန်းတပ်ပွဲတုန်းကလို ပိုးအင်္ကျီအနက်ကလေးနဲ့၊
ကာကီရောင်ဘန်ကောက်လုံချည်လေးနဲ့ စတိုင်ကျကျဝတ်ခဲ့နော်”
"သည်တော့ အလှကလည်း ဟိုနေ့တုန်းကလိုပဲ ဖက်ဖူးရောင် အင်္ကျီလေးနဲ့ ကြိုးကြီးချိတ်ထမီ အစိမ်းနုဝတ်ခဲ့ပေါ့ ဟုတ်လား"
ကျွန်တော်တို့နှစ်ယောက်သား တစ်ယောက် တစ်ယောက် ကြည့်၍ သဘောကျစွာ ရယ်ကြသည်။
နောက်တစ်နေ့နံနက်ဝယ် ဖော်ပြပါ အဝတ်အစားများနှင့် ကျွန်တော်တို့နှစ်ယောက်သည် အလှတို့ရုံးရှိရာ ဂိုးလ်ဒင်းဘယ်လိသို့IMG_20180612_131125.jpg
သွားကြသည်။ ကျွန်တော်သည် မြင်းလှည်းကို ကိုယ်တိုင်မမောင်းချေ။ ကျွန်တော့်မိတ်ဆွေကိုသောင်းအား မောင်းခိုင်းသည်။
ခမ်းနားသော အိမ်ကြီးအလုပ်ခန်းထဲ၌ ကျွန်တော်တို့နှစ်ယောက် ဂျပန်အရာရှိကြီးရှေ့ရောက်တော့ အသက် ၆၀ လောက်ရှိမည့်
အဘိုးကြီးသည် စာကြည့်နေသော သူ့မျက်မှန်ချက်၍ ကျွန်တော်တို့ကို မော့ကြည့်လိုက်ပြီးနောက် အလှအား ဝမ်းသာသောအသံဖြင့်..ခမ်းနားသော အိမ်ကြီးအလုပ်ခန်းထဲ၌ ကျွန်တော်တို့နှစ်ယောက် ဂျပန်အရာရှိကြီးရှေ့ရောက်တော့ အသက် ၆၀ လောက်ရှိမည့်
အဘိုးကြီးသည် တကြည့်နေသော သူ့မျက်မှန်ရွတ်၍ ကျွန်တော်တို့ကို မော့ကြည့်လိုက်ပြီးနောက် အလှအား ဝမ်းသာသောအသံဖြင့်...
"အိုး ယူဝါ ဇီယန်ပီ ဖိုင်းဖို
ကျွန်တော့်မှာ ပါးစပ်အဟောင်းသားဖြစ်သွား၍ စိတ်ထဲမှ ဟိုက်ခနဲ မြည်လိုက်မိသည်။ ဂျပန်ကြီးပြောလိုက်သည့်
အင်္ဂလိပ်စကားအဓိပ္ပါယ်မှာ "မင်းနဲ့ လက်ထပ်မယ့်လူ ချောပါတယ် လှပါတယ်..” ဟု ဖြစ်နေ၏။
အလှမှာမူ သူ့အကွက် သူဆင်ထားသည်မို့ ထူမပျက်ဘဲ..

“သိုင်း"
“ဆစ်ဒေါင်း-ဆစ်ဒေါင်း"ဟု ဂျပန်ကြီးကဆို၍ ကျွန်တော်တို့ သူ့ရှေ့က ကုလားထိုင်များတွင် ထိုင်ရသည်။
နောက် အဘိုးကြီးက ဂျပန်လိုအော်လိုက်သည်၌ ကျွန်တော့်အား ပါးရိုက်သော ဂျပန်စစ်ဗိုလ် ထွက်လာပြီး ကျွန်တော့်ရှေ့မှာ
မတ်တတ်ရပ်ရသည်။
အဘိုးကြီးက အင်္ဂလိပ်ဘာသာဖြင့် ကျွန်တော့်အား
"မင်းကို ပါးရိုက်တာ သူဟုတ်လား”