Attractive (3)

heinzaw(42)
Published in
#story
Words
192
Reading
1 min
Listen
Play
8y

တုံးခနဲလဲပါရော..၊ ဒီတော့ သူတို့အားလုံး ခုရား.. ခုရား.. ဖြစ်ကြတုန်း လစ်မှပဲဆိုပြီး မြင်းကို တအား ရိုက်မောင်းပါတယ်။ မလွတ်ဘူး၊ မလဲတဲ့
ဂျပန်နှစ်ယောက်က မြင်းလှည်းအမိုးကိုင်းကို မိနေတော့ ကျွန်တော်ခံရတာပဲ...။
"ခံရတာမှ မြင်းလှည်းအောက်ကို ဆင်းပေးရတယ်။ လဲသွားတဲ့ဂျပန်ကြီးက ကျွန်တော့်လက်ထဲက မြင်းရိုက်တဲ့
ထားဝယ်ကြိမ်လုံးလေးယူပြီးတော့ ပါးကို ဘယ်ပြန်ညာပြန် ချတော့တာပါပဲ။ FB_IMG_1528876526703.jpgကျွန်တော်က မြင်းကိုဆွဲသော်လည်း ဒီမြင်းက မာနေတာမို့ ဒီလို
မတော်တဆ ဖြစ်ရတဲ့အကြောင်း ဒင်းတို့နားလည်မလားလို့ အင်္ဂလိပ်လိုပြောဆိုပြီး တောင်းပန်ပါတယ်။ လား... လား သူတို့က ဘာမှ
နားမလည်တာလား၊ ကျွန်တော် စကားပြောလေ ပိုရိုက်လေ... ဒီတော့ နံဘေးကလူတွေက ဘာမှမပြောဘဲ ငြိမ်သာခံနေပါဆိုလို့ သူတို့ရိုက်သမျှ
အားရအောင် ခံလိုက်ရပါတယ်ဗျာ။ တကဘဲ မျက်နှာတစ်ခုလုံး သွေးချင်းချင်းနီကျန်ခဲ့တာပါပဲ... ဟဲ.. ဟဲ.."
ကျွန်တော်ကရယ်၍ အဆုံးသတ်လိုက်တော့ အလှသည် ကျွန်တော့်အား ကရုဏာသက်စွာဖြင့် ကြည့်လျက်...
"ဖြစ်မှဖြစ်ရလေ ကိုကြင်ဆွေရယ်”
“ကိုယ့်ဝဋ်ရှိလို့ ခံရတယ် ယူဆရတာပေါ့။ မြန်မာပြည်ကြီး တစ်ပြည်လုံးတောင် သူတို့လက်အောက်မှာ ခံနေရတယ် မဟုတ်လား"
အလှသည် သက်ပြင်းချလျက်..
"ဒီဂျပန်ကောင်တွေဟာ သိပ်ပြီးမိုက်ရိုင်းတယ်၊ ဘယ်တော့မှ သူတို့လက်အောက်က လွတ်မယ်မသိဘူး”
"တစ်နေ့လွတ်ရမှာပေါ့လေ။FB_IMG_1528876523480.jpg ဒါနဲ့ ခုန ဂျပန်ကောင်က..."
"အလှ အလုပ်လုပ်တဲ့စက်ရုံက စစ်ဗိုလ်လေ၊ ဪ.. ကိုကြင်ဆွေ ပြောရဦးမယ်၊ အလှက သူတို့ရုံးမှာ စကားပြန်လုပ်တယ်၊ ဒီကောင်က
အလှကို ကြံနေတာ သိသားပဲ၊ ဒီနေ့ သူလုပ်ပုံက ကိစ္စတစ်ခုပြောစရာရှိလို့ဆိုပြီး သူ့အထက်အရာရှိကို ခွင့်တောင်းပြီး ခေါ်လာတယ်။

ဒီဟိုတယ်ရောက်တော့ စာသောက်စရာကျွေးရင်း အလှကို ချစ်စကား ကြိုက်စကားပြောပြီး ခပ်ကြမ်းကြမ်းလုပ်လာတာနဲ့ အလှ ထွက်လာခဲ့တာ
ကိုကြင်ဆွေနဲ့ တွေ့နေတာပဲ၊ ကိုကြင်ဆွေနာမည် အလှသိနေတာ မအံ့သြဘူးလားဟင်...”
"မအံ့ဩပါဘူး၊ ကျွန်တော်ကလည်း ဆရာမဒေါ်ရွှေကြည်ပြောလို့ အလှနာမည် လှလှကြည်ဆိုတာရယ်၊ လမ်းနဲ့ အိမ်နံပါတ်ရယ်
သိနေတာပဲ၊ ကဲ ရှေ့ကလမ်း ညာဘက်ချိုးရမယ် မဟုတ်လား"
သို့နှင့် အလှတို့အိမ်ရှေ့ မြင်းလှည်းရပ်လိုက်သည်။ အလှက သူတို့အိမ်ပေါ်တက်ပါဦးဆို၍ သူ့အမေနှင့် တွေ့ရသည်။ အလှက ယခု
ဖြစ်ပျက်လာခဲ့ပုံကို သူ့အမေအား ပြောပြသည်။ သည်တော့အမေက သူ့သမီးအတွက် ကျွန်တော် ဤကဲ့သို့ခံခဲ့ရသည်ကို
အလွန်စိတ်မကောင်းကြောင်း
"ဟာ ကိစ္စမရှိပါဘူး ဒေါ်ဒေါ်၊ အလှက အဲဒီဂျပန်ကို ဘယ်ပြန်ညာပြန် ဖိနပ်နဲ့လိုက်တာပဲ ကျေနပ်လှပါပြီ။ ကျွန်တော် စိုးရိမ်တာက အလှ
"ဒီအတွက် မပူပါနဲ့ ကိုကြင်ဆွေရယ်၊ အလှက ဒီဂျပန်ပါးရိုက်ပြီးကတည်းက အလုပ်ထွက်ဖို့ ဆုံးဖြတ်ပြီးသားပါ”
ထို့နောက် ကျွန်တော်ပြန်မည်ဟု နှုတ်ဆက်သောအခါ အလှက ကျွန်တော့်အား မြင်းလှည်းခပေးမည်ပြ၌ ကျွန်တော်က
အလုပ်အတွက်” ဤတွင် အလှက...
မျက်နှာချင်းစေ့စေ့ကြည့်၍ ခပ်တိုးတိုးအသံနှင့်
“မလုပ်ပါနဲ့ အလှရယ်၊ တစ်ယောက်တစ်ယောက် အဖိုးအခ မယူတဲ့ မိတ်ဆွေဖြစ်ချင်ပါတယ်”

"ကဲ.. ကိုကြင်ဆွေရ... အလှကို အဖိုးအခမယူတဲ့ ကူညီမှုတစ်ခု လုပ်ပေးပါဦး”
နောက်တစ်နေ့ညနေ၌ အလှသည် ကျွန်တော့်အား ဗဟန်းမြင်းလှည်းဂိတ်၌ တွေ့၍ ပြောပါသည်။

Attractive (3) | Ecency