Attractive (2)

heinzaw(42)
Published in
#story
Words
173
Reading
1 min
Listen
Play
8y

ခပ်သုတ်သုတ်ကလေးထွက်လာလျက်(အလို... အလှပါလား) ကျွန်တော့်မြင်းလှည်းပေါ် အမြန်တက်ကာ
“ကိုကြင်ဆွေ.. ကိုကြင်ဆွေ... မြန်မြန် မောင်းစမ်းပါ။ မြန်မြန်မောင်းစမ်းပါ..."
သူ့နောက်က တစ်စုံတစ်ယောက် လိုက်လာသည့်နယ်(ဟာ.. ဟုတ်သပေါ့) ဂျပန်စစ်ဗိုလ်တစ်ယောက်၊ ခါးမှာခြောက်နှင့်
ဓားလွယ်ကြီးနှင့်
"ဟေ... အလ... အလ...FB_IMG_1528876523480.jpg
ဘာရမည်နည်း။ ကျွန်တော်က မြင်းကို ကြိမ်နှက်၍ထွက်သည်။
“ဟေး... ဘိရမာ... မာစတာ လိုက်မယ်ကဲ..."
သူနောက်က ပြေးလိုက်လာသည်။ သူ့မျက်နှာမှာ အရက်မူးနေပုံလည်းပေါ်သည်။ အလှမှာ လွန်စွာစိုးရွံ့နေပုံပေါ်လျက်..
"ကိုကြင်ဆွေ.. လွတ်အောင်သာမောင်းစမ်းပါ..။
"ဝိတ်ချပါ..."ဆို၍ ကျွန်တော်မြင်းကို ခြေကုန်သုတ်သည်။ ဂျပန်ကလည်း အလျှော့မပေး၊ အပြေးလိုက်သည်။ သို့ရာတွင်
ဘွတ်ဖိနပ်ရှည်ကြီးနှင့်ဖြစ်ရကား မီဖို့ခဲယဉ်းသည်။ သို့သော် လင့်ခ်လမ်းမှ ဘယ်ဘက် ဘောင်ဒရီလမ်းချိုးလိုက်သည်နှင့် မျက်နှာချင်းဆိုင်မှ
အပြင်းမောင်းလာသော ဂျပန်စစ်ကားကြောင့် ရှေ့က ခပ်ဖြည်းဖြည်းမောင်းနေသော မြင်းလှည်းကို ကျွန်တော် ကျော်မတတ်နိုင်၊ ယင်း၌ ကိုရွှေပန်မြင်းလှည်းပေါ်ရောက်လာပြီး မြင်းဇက်ကြိုးကိုင်နေသော ကျွန်တော့်လက်ကိုဆွဲကာ မြင်းကိုရပ်ပြီး ကျွန်တော့်ပါးကို ရိုက်ပါတော့သည်။ ထိုစဉ်၌
ကျွန်တော်တို့ဗမာများသည် ဂျပန်စစ်ဗိုလ်၊ စစ်သားများကို ခုခံရရိုးမရှိပါ။ သူတို့ပြုသမျှ ခံရသည်သာ။
သို့သော် အလှ.. အလှ...။
အလှသည် သူ့ဖိနပ်ချွတ်၍ ဂျပန့်ပါးကို ဘယ်ပြန်ညာပြန် တီးတော့သည်။ ယင်းမှ ဂျပန်သည် ကျွန်တော့်ကိုလွှတ်လိုက်ပြီး လှေကို
စေ့စေ့ကြည့်သည်။ မိန်းမသားကိုတော့ ဘာမျှမလုပ်။ အလှက ရိုက်ရင်း သူ့အားဆင်းသွားရန် ဂျပန်လိုပြောသည်။ အနီးရှိသူများလည်း
ဝိုင်းအုံလာကြသည်။ ယင်း၌ ဂျပန်သည် သူကြမ်း၍မရမှန်းသိပြီး အလှအား ဂျပန်လိုကြိမ်းမောင်းပြောဆိုပြီး မြင်းလှည်းပေါ်မှ ဆင်းသွားတော့သည်။FB_IMG_1471581005229.jpg
သည်တော့မှ ကျွန်တော်မြင်းလှည်းကို ဆက်မောင်းသည်။ ကျွန်တော့်ပါးစပ်မှ သွေးများကို ထွေးထုတ်လိုက်သည်။
ကျွန်တော့်နှုတ်ခမ်းထောင့်မှ သွေးများစို့နေသည်။ အလှက သူ့လက်ကိုင်ပဝါလေးနှင့် သုတ်ပေးလျက်...
"ကိုကြင်ဆွေ... တော်တော်နာသွားသလား..."
ကျွန်တော်က သူ့လက်ကလေးကို ဖယ်စေလျက် ပြုံးရယ်ကာ
"ယောက်ျားပဲ၊ ဒါလောက်တော့ နာတယ်ဘယ်ခေါ်မလဲ..”
"ကျွန်မကြောင့် ဒီလိုဖြစ်ရတာ... စိတ်မကောင်းလိုက်တာရှင်...”
"အောင်မယ်... ဒီလောက်များ ဘာဟုတ်သေးလဲ... ကျွန်တော်က ဂျပန်ဒဏ်တော့ ဒီလောက်ပက ခံဖူးသေးတာပဲ”ဟု အစချီကာ
သူပိတ်မကောင်းမှုပြယ်ပျောက်စေရန် ပြုံးရယ်ကာဖြင့်... ဂျပန် စရောက်ခါစနစ်၊ ကျွန်တော် မြင်းလှည်းမောင်းခါစတုန်းကပေါ့... ကိုယ်က
မြင်းလှည်းလည်း ကောင်းကောင်းမောင်းတတ်သေး၊ မောင်းရတာကလည်း မြင်းသိုးကလေး၊ သိပ်ပြီးတော့ အာ မာတယ်၊ တော်ရုံတန်ရုံ ဆွဲရုံနဲ့ သူ
မရပ်တတ်ဘူး။ ဒါနဲ့ တစ်နေ့ စကော့ဈေးရှေ့မှာပေါ့။ ကိုယ်က မြင်းလှည်းမောင်းအသွား၊ ဓားလွယ်ကြီးတွေနဲ့ ဂျပန်စစ်ဗိုလ်ကြီး ၃
ယောက်ကဖြတ်အလော... သူတို့က ရပ်မပေးဘူး။ မြင်းလှည်းကသာ ရပ်ပေးရမယ်ပေါ့။ ဒါနဲ့ ကျွန်တော်မြင်းကို ဆွဲရပ်တယ်။ ဒါပေမဲ့ မြင်းသိုးလေးက
တော်ရုံတန်ရုံ ဆွဲရုံနဲ့ ပရပ်တဲ့ကောင်ပေကလား၊ ဂျပန်တစ်ယောက် ဟောဒီမြင်းလှည်း ညာဘက်လက်တံနဲ့ နံစောင်း ပိတ်ထိုးလိုက်တာ

Attractive (2) | Ecency