Attractive

heinzaw(42)
Published in
#story
Words
204
Reading
1 min
Listen
Play
8y

ကျွန်တော့်ရည်စား ပျောက်လို့ရှာ၊
တွေ့ရင် ပြောကြပါ။
မှတ်မိတာ သေအချာ၊
ပါးစပ်မှာလည်း သွားနဲ့ပါ...။
သူကလေးသည် ကင်ပွန်းတပ်ပွဲတုန်းက ပြီးသည့်နည်းတူ ကျွန်တော့်အားကြည့်၍ ပြုံးလိုက်ပါသည်။IMG_20180613_185906.jpg
သည်အကြောင်း ဆရာမဆီက ကျွန်တော်သိရတော့ လွန်စွာ နှစ်ထောင်းအားရဖြစ်လျက်
“ဆရာမကို ဘယ်သူပြောလဲ...ဟင်...”
"ဘယ်သူပြောရမှာလဲ…. အလှက ပြောတာပဲပေါ့ကွ.. နောက် မင်းက လမ်းမှာ လူတစ်ယောက်ရပ်တင်တော့ ကျန်ရစ်ခဲ့ရာတဲ့၊ အဲဒီ
အလှေစီးတဲ့ မြင်းလှည်းသမားက မင်းကို စိတ်ဆိုးသတဲ့၊ ဘာကြောင့်လဲဆို အဲဒီစီးမယ့်လူက ပထမရှေ့ လှည်းစီးမလို့ဟာ မင်းကလည်း
အလှတို့လှည်းနောက်က ကပ်ရပ်တော့ ခရီးသည်က 'ဟာ... နောက်လှည်းချောင်တယ်'ဆိုပြီး တက်ပီးတော့ ဟိုလူက စိတ်ဆိုးပြီး
မင့်မြင်းမမိအောင် သူ့မြင်း ရိုက်မောင်းသွားတာပဲကွ”
"ဟုတ်တယ်... ဆရာမ၊ အဲဒါ ကျွန်တော့်အမှားပဲ။ တကယ်ဆို ရှေ့လှည်းက လူရပ်တင်ရင် ကျွန်တော် ကျော်တက်သွားရမယ်၊ ဒါပေမဲ့...
ဆိုပြီး ကျွန်တော့်မှာ ရှေ့စကားမဆက်နိုင်ဘဲရှိနေရာ လူ့သဘောနောကျေနေပြီဖြစ်သော ဆရာမက..."
"ဒါပေမဲ့…. မင်းက အလှ နောက်က လျှောက်လိုက်ချင်တာနဲ့ ရပ်လိုက်တယ်ဆိုပါတော့၊ အဲဒါကို အလှကလည်း သိပါတယ်ကွာ၊ ဟေ့...
ဒီမှာ မောင်ကြင်ဆွေ၊ အလှကလည်း မင်းကို စိတ်ဝင်စားနေပါတယ်ကွ၊ သူက ဘယ်လို စပြောသလဲဆိုရင် ဆရာမအိမ်မှာတွေ့ခဲ့ရတဲ့
ကောင်လေးက မြင်းလှည်းမောင်းနေရပါလား.…. သနားစရာလေးတွဲ၊ ဒီတော့... ငါက မသနားပါနဲ့ မယ်မင်းကြီးမ၊ သူ့မိဘတွေက
တာမှာချမ်းသာပါတယ်... သူ့ဟာသူ ရန်ကုန်မှာပျော်လို့ လုပ်ချင်တာလုပ်နေတာလို့ ပြောလိုက်တယ်၊ မင်းတို့ချင်း နီးစပ်နိုင်ပါတယ်ကွာ..စင်စစ် ရန်ကုန်မှာ အိမ်ထောင်ကျ၍ ကျွန်တော် မြင်းလှည်းမောင်းနေရသည်ကို ဆရာမသည် သိဟန်မတူ၊ သူ ခုနက ပြောသကဲ့သို့ပင်
ကျွန်တော်က အပျော်သက်သက် လုပ်နေသည်ဟု ထင်နေပုံပေါ်ပါသည်။ ထို့ကြောင့် အလှ၏ နေရပ် အိမ်နံပါတ်ကို ပြောပြပါသည်။ အလှ၏နာမည်
အပြည့်အစုံမှာ လှလှကြည်ဖြစ်ကြောင်းလည်း ပြောပြပါသည်။ သို့အတွက် ယင်းသည့်နေ့မှစ၍ ကျွန်တော်မောင်းနေသော ဖောင်းဝတ်မ၏
နာမည်သည် ”လှလှကြည်” ဖြစ်သွားပါသတည်း။
JPEG_20180504_115656.jpg
လူ့ဘဝ၌ ကံချင်းနီးစပ်မှုရှိပါက တိုက်ဆိုင်မှုတို့ဖြစ်တတ်သည်မှာ ဓမ္မတာတည်း။
ပြောရဦးမည်။ ဂျပန်ခေတ်တွင် ဗဟန်းသည် ရန်ကုန်မြို့၏ အစည်ကားဆုံးနေရာဖြစ်သည်။ ရွှေတိဂုံစေတီတော်ကြီး၏
ပတ်ဝန်းကျင်ကိုတော့ မဟာမိတ်တို့က ဗုံးမချဟု ယုံကြည်စွာဖြင့် ဘုရားကြီးပတ်လည်မှာ လူများစုနေထိုင်ကြသည်။ ဈေးဆိုင်ကနားတို့နှင့်
လွန်စွာစည်ကားလှ၏။
ကျွန်တော်တို့ စမ်းချောင်းဘက်ကလာပါမူ ဘောင်ဒရီလမ်းမှ လင့်ခ် လမ်းချိုးလိုက်သည်နှင့် ဗဟန်းရွှေမြို့တော်ထဲ ဝင်ရသည်နှင့်
တူချေသည်။ ထိုအချိန်က လင့်ခ်လမ်းသည် မြို့တော်လမ်းမကြီးနှင့် တူပေသည်။ အဆောက်အဦ ကြီးကြီးမားမား ခိုင်ခိုင်ခန့်ခန့်နှင့်တော့မဟုတ်။
ဝါး၊ ဓနိ၊ မြေစိုက်အိမ်များ၊ ဆိုင်များဖြင့် လမ်းနှစ်ဘက်တွင် ပြည့်နှက်လျက်...။ လင့်ခ်ဟိုတယ်၊ ဥတ္တလာဟိုတယ်... စသည်ဖြင့် တရုတ်တန်းနေရာကို
ယူထားပေသည်။
တစ်နေ့သောညနေခင်း၌ ကျွန်တော်သည် လင့်ဟိုတယ် မျက်နှာစာရှေ့၌ မြင်းလှည်းကိုရပ်လျက် ဟိုတယ်ကထွက်လာမည့် ခရီးသည်ကို
စောင့်နေသည်။ အထူးသဖြင့် အညာသားကုန်သည်များ၊ ထိုစဉ်၌ သူတို့သည် ဂျပန်ငွေစက္ကူထုပ်ကို သင်အူလျော်ကြိုးဖြင့် ချည်နှောင်သည်ထိ
ချမ်းသာကြသည်ဖြစ်၍ ရက်ရောစွာ သုံးဖြုန်းလေ့ရှိကြပေသည်။ သည်လိုအညာသားများ ဟိုတယ်ကထွက်၍ မူလာကြပြီဆိုပါက
ဇိမ်မယ်အိမ်များကို ပို့ခိုင်းတတ်၍ လှည်းခင္ မြို့မြို့မြက်မြက် ရတတ်သည်။
ယင်းသို့ အပဲမျိုးစောင့်နေစဉ် ကျွန်တော်မမျှော်လင့်သော အဖြစ်မျိုး ကြုံရသည်။ လင့်ခ်ဟိုတယ်ထဲမှ အမျိုးသမီးတစ်ယောက်က

Attractive | Ecency