"ဟုတ်ပါတယ်”
"သူ့ကို ပြန်ပြီးတော့ ပါးရိုက်လိုက်ပါ"
ကျွန်တော်က ခေါင်းခါ၍
“မရိုက်ချင်ပါဘူး”
"ဒါဖြင့် မင်းကိုယ်စား ငါ ရိုက်ပေးရမှာပေါ့”ဆိုပြီး ထိုင်ရာမှထ၍ ထိုဂျပန်အား သူတို့ထုံးစံအတိုင်း ဘယ်ပြန်ညာပြန် ၃ ချက်ရိုက်လိုက်သည်။
ပြီးလျှင် သူတို့ ဂျပန်စကား ဂျပန်အမူအရာဖြင့် အလေးပြုလျက် သူမှားကြောင်း၊ ခွင့်လွှတ်ပါရန် တောင်းပန်သည်။ အလှက ဂျပန်လိုပဲ
မနှောက်ယှက်စေရပါဘူး။ ကျွန်ုပ်တာဝန်ခံပါတယ်"
ပြန်ပြောသည်။ သည်နောက် ထိုဂျပန်ထွက်သွားသောအခါ အဘိုးကြီးက အလှအား “ကောင်းမွန်စွာပဲ အလုပ်ပြန်လုပ်ပါ။ နောက်ကို ဒီလို
ထိုကိစ္စပြီး၍ ကျွန်တော်တို့ဂျပန်ရုံးမှ ပြန်လာခဲ့သောအခါ အလှက...
"ကိုကြင်ဆွေ... ဟိုနေ့က အလှပြောခဲ့တဲ့အတိုင်း မနေ့ကထွက်စာတင်တယ်။ အဘိုးကြီးက ဘာ့ကြောင့်လဲမေးလို့
အကျိုးအကြောင်းပြောပြတော့ အောင်မယ် သူ့စစ်ဗိုလ်လေး ကောင်းသားပဲ၊ လက်ထပ်လိုက်ပါလား လုပ်နေလို့ အလှလည်း ရုတ်တရက်
စိတ်ကူးရရာ အလှမှာ စေ့စပ်ထားတဲ့လူ ရှိပြီးသားပါလို့ ပြောမိရာက နောက်ကြောင်းခိုင်မာအောင် ကိုကြင်ဆွေကို ခေါ်ပြလိုက်ရတာပဲ။
စိတ်မရှိပါနဲ့နော်..။ ဒီလို အကူအညီပေးတဲ့အတွက်လည်း ကိုကြင်ဆွေကို သိပ်ပြီး ကျေးဇူးတင်ပါတယ်"
"ကျေးဇူးတင်စရာမလိုပါဘူး အလှရယ်၊ ကျွန်တော်က တကယ် ကိုယ့်ကိစ္စအတွက် လိုက်ပြီးဆောင်ရွက်ရတာလို့
ယူဆလိုက်ချင်ပါတယ်”ဟု ကျွန်တော့်စိတ်ထဲက ပြောချင်လှသော်လည်း အလှနှင့် ကျွန်တော်အတွေ့က နောက်ကျခဲ့လေပြီ။
ထိုနေ့က ကျွန်တော်တို့သည် အလှအား ကြည့်မြင်တိုင်ရှိ သူ့အိမ်သို့လိုက်ပို့ပြီး ပြန်လာကြသောအခါ မြင်းလှည်းမောင်းသောကိုသောင်းကမေး၍ ဇာတ်ကြောင်းပြောပြသောအခါ သူက အားမလိုအားမရနှင့်
"ဟာဗျာ... ခင်ဗျားတို့နှစ်ယောက် ညားရင် သိပ်ရှေ့သွားနောက်လိုက် ညီမှာပဲ၊ တကယ်ညားဖို့ ကောင်းတယ်ဗျာ"
“မဖြစ်နိုင်တော့တာပဲ ကိုသောင်းရယ်
"ခင်ဗျားမှာ အိမ်ထောင်ရှိနေမှန်း သူသိပုံမပေါ်သေးဘူးနော်"
"ကျွန်တော်ကို လူပျိုဝင်နေတာဗျ”
"အေးလေ... ခင်ဗျားကလည်း လူငယ်ကျောင်းသား ရုပ်ကလေး ရှိသေးတာပဲ..”
မှန်ပါ၏။ အကယ်ထိ စပ်မဖြစ် ခတ်မပျက်ဘဲသာရှိပါက ထိုအရွယ်မှာ ကျွန်တော်သည် ကျောင်းသားပဲရှိပါဦးမည်။
ကိုသောင်းနှင့် ကျွန်တော်မှာ မြင်းလှည်းသမားဘဝကတည်းက နောင် စာရေးဆရာဖြစ်သည်အထိ အလွန်ခင်မင်ကြသည်။ ညနေတိုင်း
အတူစားသော်သောက်ဘက် ဖြစ်သည်။ ကိုသောင်းသည် ဖိနပ်ထောင်ဆရာဖြစ်၍ သူ့ဖိနပ်မှာ နွားအခေါင်းတံဆိပ်ဖြစ်သည်။ သူအားလျှင်
ကျွန်တော်မြင်းလှည်းမောင်းရာကို လိုက်တတ်သည်။ အလှ၏ချောမောလှပကြောင်းကို တဖွဖွ ပြောသည်။ အလှနှင့်ကျွန်တော် တွေ့ကြသေးလား
ခဏခဏ မေးသည်။
အလှနှင့်ကျွန်တော်မှာ သူ အလုပ်သွား အလုပ်ပြန်ရာ၌ ကျွန်တော့်မြင်းလှည်းနှင့် မကြာခဏ ဆုံတတ်ပါသည်။ နောင်၌ တစ်ဦးနှင့်တစ်ဦး
စောင့်သည်၊ ကြိုသည်အထိ ခင်မင်လာကြသည်။
၁၉၄၄ ခုနှစ်၊ နွေရာသီ တစ်နေ့သ၌မူ အလှနှင့်ကျွန်တော်သည် တစ်သက်မမေ့နိုင်သောအဖြစ်ကို ကြုံရသည်။
ထိုနွေမှာ အလှသည် အလုပ်မှခွင့်တစ်လရ၍ ကန်ဘဲရှိ သူ့အဘွားအိမ်သို့ အတော်ကြာ သွားနေရမည်ဖြစ်သောကြောင့် သူ့ပစ္စည်းများကို
ကျွန်တော်မြင်းလှည်းနှင့် တင်ပို့ရသည်။ သူ့မှာ ကြောင်မလေးတစ်ကောင် ပါလာလေသည်။