This content was muted by Photography Lovers moderators for not following community guidelines.

In the evening Sunset

Words
60
Reading
1 min
Listen
Play
3y

Good evening...


ငါ ညနေခင်း အိပ်ခန်းထဲ ဝင်ခဲ့တယ်။
ညနေဟာ အခန်းတွင်းမှာ မှောင်နေခဲ့ပြီ။
အပြင်ဘက်မှာတော့ အလင်းရောင် ရှိနေသေးတယ်။
နေဝင်ချိန်ဆိုတော့ အလင်း နှင့် အမှောင် အားပြိုင်နေချိန်ပါပဲ။
သဘာဝတရားအရ အမှောင် ကြီးစိုးတော့မှာပါ။
နေဝင်လျှင် အမှောင်လာတာ သဘာဝပဲလေ။
အလင်း ရဖို့တော့ မီးထွန်းရုံသာပဲပေါ့။
ငါ ၏ တနေ့တာ ပင်ပန်းမှုတို့ကို ပြေလျော့စေဖို့ အိပ်ရာပေါ် လဲလျောင်းလိုက်တယ်။
ထိုအခါ အခန်းပြတင်းမှ ဝင်လုဆဲ နေမင်း ကို မြင်တွေ့ခဲ့ရတယ်။
ဒါနဲ့ ဒီညနေ Sunset ကို ငါ အမိအရ ဓာတ်ပုံရိုက်ယူလိုက်ပါတယ်။


နေဝင်လျှင် မိုးချုပ်လိမ့်မည်။
မိုးချုပ်လို့ ညအိပ်ပြီးလျှင် မိုးလင်းပါလိမ့်မည်။
မိုးလင်းလျှင်တော့ တနေ့တာ အလုပ်တွေ လုပ်ရပေဦးမယ်ပေါ့။
ဒါ နေ့တဓူဝ နိစ္စဓူဝပါပဲ။
Good night...

In the evening Sunset | Ecency