ဗယ်လင်တိုင်းဒေး ပေါ်ပေါက်လာပုံ
ချစ်သူများနေ့လို့ အများသိကြတဲ့ ဗယ်လင်တိုင်းဒေးဟာ အနောက်တိုင်းခရစ်ယာန်သာသနာရဲ့ Valentinus လို့ အမည်ရှိတဲ့ သူတော်စင်တွေကို ဝတ်ပြုခြင်းဖြစ်တယ်လို့ ကမ္ဘာ့စွယ်စုံကျမ်းမှာ ဖော်ပြထားပါတယ်။
ဗယ်လင်တိုင်းဒေးလို့ သိကြတဲ့ စိန့်ဗယ်လင်တိုင်းဒေးနေ့ကို နှစ်စဉ် ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ကျင်းပပြုလုပ်ကြလေ့ရှိပြီး ယဉ်ကျေးမှုတစ်ရပ်အနေနဲ့ဖြစ်စေ၊ အထိမ်းအမှတ်ပွဲအနေနဲ့ ဖြစ်စေ ကမ္ဘာတစ်ဝန်းကျင်းပပြုလုပ်ကြလေ့ရှိပါတယ်။
ဒါပေမယ့် ဘယ်နိုင်ငံမှာမှ တရားဝင်အားလပ်ရက်အနေနဲ့ သတ်မှတ်ပေးထားခြင်းမရှိဘူးလို့ သိရပါတယ်။ ဗယ်လင်တိုင်းဒေးနဲ့ပတ်သက်တဲ့ နောက်မှတ်တမ်းတစ်ခုကတော့ ရောမအင်ပါယာမှာ ခရစ်ယာန်သာသနာဖိနှိပ်ခံရစဉ်က လက်ထပ်ထိမ်းမြှားခြင်းတားမြစ်ခံရတဲ့ စစ်သားတွေကို ထိမ်းမြှားလက်ထပ်ပေးခဲ့တဲ့အတွက် ထောင်သွင်းအကျဉ်းချခံရတဲ့ စိန့်ဗယ်လင်တိုင်းအမည်ရ သူတော်စင်တစ်ပါးရဲ့ အကြောင်းဖြစ်ပါတယ်။ သူတော်စင်စိန့်ဗယ်လင်တိုင်းဟာ အကျဉ်းချခံနေစဉ်မှာ ထောင်မှူးရဲ့ သမီးဖြစ်သူကိုလည်း ဆေးကုသပေးခဲ့ပြီး သူကွပ်မျက်ခြင်းမခံရခင် သူမအတွက် ရေးသားခဲ့တဲ့ နှုတ်ဆက်စာမှာ Your Valentine လို့ လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။
စိန့်ဗယ်လင်တိုင်းနေ့ဟာ အင်ဂလီကန်ဘုရားကျောင်းတော်နဲ့ လူသာရန်ဘုရားကျောင်းတော်တို့အတွက်လည်း တရားဝင်ပွဲတော်နေ့ဖြစ်ပြီး အရှေ့ပိုင်း အော်သိုဒေါ့ဘုရားကျောင်းတော်ရဲ့ ဒေသအများအပြားမှာ စိန့်ဗယ်လင်တိုင်းနေ့ကို ကျင်းပကြတယ်လို့ ဆိုပါတယ်။ ဇူလိုင် ၆ ရက်နဲ့ ဇူလိုင် ၃ဝ တို့ကလည်း ဗယ်လင်တိုင်းနဲ့ ဆက်စပ်တဲ့နေ့တွေဖြစ်ပြီး ဇူလိုင်လ ၆ ရက်နေ့ဟာ ရောမဘုန်းတော်ကြီးစိန့်ဗယ်လင်တိုင်းကို ဂုဏ်ပြုတဲ့အနေနဲ့ သတ်မှတ်ခဲ့တာဖြစ်ပြီး ဇူလိုင် ၃ဝ ကတော့ သာသနာ့အာဇာနည် ဗယ်လင်တိုင်းကို ဂုဏ်ပြုတဲ့အနေနဲ့ သတ်မှတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ နှစ်စဉ် ဗယ်လင်တိုင်းဒေးနေ့မှာ လက်ဆောင်ကတ်တွေ၊ လက်ဆောင်တွေကို ချစ်သူခင်သူတွေထံ ပေးပို့ကြလေ့ရှိပြီး ချစ်သူခင်သူတွေကြားမှာလည်း ချိန်းဆိုကာ အတူတူသွားလာ၊ တွေ့ဆုံမှုတွေ ပြုလုပ်ကြလေ့ရှိပါတယ်။ ဒါ့အပြင် ခရစ်ယာန်ဘုရားကျောင်းတွေမှာလည်း အကျိုးပြုကိစ္စတွေကို ဆောင်ရွက်ကြလေ့ရှိပါတယ်။
ချစ်သူများနေ့နဲ့ပတ်သက်တဲ့ ဒဏ္ဍာရီတစ်ခုကတော့ ရောမဘုရင်တစ်ပါး လက်ထက်မှာ စစ်တိုက်ထွက်ကြတဲ့ စစ်သည်တော်တွေဟာ ချစ်သူရည်းစားနဲ့ ဇနီးမယားတွေကို တမ်းတအမှတ်ရမှုတွေကြောင့် စစ်ပွဲတိုင်းမြဲရှုံးနိမ့်ခဲ့ကြပါတယ်။ အဲဒီအကြောင်းကို ဘုရင်ကြီးသိတဲ့အခါမှာ ရောမမြို့မှာ ချစ်သူရည်းစားမထားရ။ အစဉ်အလာအားဖြင့် လက်ထပ်ထိမ်းမြှားခြင်းအမှုကို ပြုလုပ်ပေးကြတဲ့ ဘုန်းတော်ကြီးတွေကိုလည်း လုံးဝမပြုလုပ်ပေးရလို့ ပြင်းပြင်းထန်ထန်အမိန့်ထုတ်ခဲ့ပါတယ်။ ဒါပေမယ့် နှလုံးသားရဲရင့်တဲ့ချစ်သူ ၂ ဦးဟာ သူတို့ရဲ့ အချစ်ကို နေ့တစ်နေ့အတွက် မရည်စူးပါ။ ချစ်တတ်သူတွေ အမြဲရှင်သန်ဖို့ ဘုန်းတော်ကြီး စိန့်ဗယ်လင်တိုင်းကို လက်ထပ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဘုန်းတော်ကြီး စိန့်ဗယ်လင်တိုင်းဟာ ချစ်သူတို့ရဲ့ ဘဝချစ်ခြင်းနိယာမကို နားလည်စာနာတတ်သူမို့ အသက်ကို ပဓာနမထားပဲ လက်ထပ်ပေးလိုက်ပါတယ်။ အဲဒီအကြောင်းကို ဘုရင်သိတဲ့အခါမှာ ဖေဖော်ဝါရီ ၁၄ ရက်မှာ ဘုန်းတော်ကြီးကို အဆုံးစီရင်လိုက်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ချစ်သူတွေအတွက် အသက်ပေးသွားခဲ့တဲ့ ဘုန်းတော်ကြီး စိန့်ဗယ်လင်တိုင်းကို ဂုဏ်ပြုတဲ့အနေနဲ့ ဗယ်လင်တိုင်းဒေးနေ့ ပေါ်ပေါက်ခဲ့တာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။ ဗယ်လင်တိုင်းဒေး ယဉ်ကျေးမှုဟာ ဒီကနေ့ခေတ် အင်္ဂလန်နိုင်ငံမှာ အစောဆုံးပေါ်ထွန်းခဲ့ပြီး ၁၉ ရာစုမှာ အင်္ဂလိပ်စကားပြောတဲ့ ဒေသတွေကို ပျံ့နှံ့သွားခဲ့ပါတယ်။ နောက်ပိုင်း ၂ဝ ရာစုနဲ့ ၂၁ ရာစုတို့မှာတော့ အဲဒီဓလေ့ဟာ တခြားနိုင်ငံတွေကို ပျံ့နှံ့သွားခဲ့ပါတယ်။ ဒါပေမယ့် သက်ဆိုင်ရာ နိုင်ငံအလိုက် ဗယ်လင်တိုင်းဒေးနေ့ကို သတ်မှတ်ခေါ်ဆိုပုံတွေတော့ အနည်းငယ်ကွဲပါတယ်။
image
Valentine Valentine Foundation of Western missionary named Valentinus, worship a saint, according to The World Book Encyclopedia.
Valentine Foundation known as the St. Valentine Day Foundation, held annually on February 14 and a culture, The celebration usually held around the world.
No country, however, has not given an official holiday set anywhere. Valentine would ensure the next record is about the Roman Empire, Christian religious repression arrow arrow prevented soldiers married marry marriage had been jailed for about St. Valentine, namely a saint. Saints St. Valentine was imprisoned while the jailer's daughter, who gave medical treatment before being executed in her farewell letter, written signed Your Valentine said.
The day of St. Valentine's and Luther's east, is also the official festival operator in many parts of the Dog Temple to celebrate the day of St. Valentine said. July 3, July 6 days, also related to Valentine Day on your July 6 Roman St. Valentine was designated in honor of the bishop is the July 3 Valentine was designated in honor of the year. Every year on Valentine Foundation gift cards, Often send gifts to loved ones they loved in between appointments and walk together, Often they visit. In addition, Church is often beneficial issues.
About the Valentine legends is that the days of the Roman king who fought out a warrior girlfriend and wife to miss the point about the war were established for each failure. King's talk about it when you know a girlfriend in Rome. Arrow through the traditional marriage as a bishop to serve no, it was strongly ordered. But the heart like a bold 2 their day dedicated to love.ူ always alive monk of St. Valentine, and ask them to marry. His life of St. Valentine who