စာ​ပေဗဟုသုတအ​ကြာာင်​အရာ

Words
49
Reading
1 min
Listen
Play
8y

စာဖတ်ရင်းနဲ့ သူတို့လိုအကောင်းမြင်စိတ်မရှိချင်ဘူးလား..
လူတိုင်း ရှိချင်ကြတာပါပဲအပြောလွယ်သလောက် လက်တွေ့ကျင့်သုံးနိုင်ဖို့ခက်ပါတယ်။တချို့ကတော့ မွေးကတဲက အကောင်းမြင်စိတ်ပါရမီပါခဲ့ကြတယ်..
အဲဒီလူမျိုးတွေထဲမှာ သင်မပါလို့ စိတ်ဓါတ်မကျပါနဲ့ အကောင်းမြင်စိတ်ဆိုတာ မွေးမြူလို့ ရပါတယ်..
image
ဒါက ဖတ်ဖူးခဲ့တဲ့စာအုပ်တအုပ်က အကြံပေးချက်လေးပါ..လုပ်ကြည့်ပေါ့။ ငွေကုန်ခံစရာမလိုလို့ အရှုံးမရှိပါဘူး..

မနက်အိပ်ယာထလို့ အလုပ်မသွားခင် မှန်ရှေ့မှာရပ်ပြီး အခုလိုစကားကို မိမိနားနဲ့ကြားအောင် ပြောပါ..
ဒီနေ့ ငါကြုံတွေ့နေရတဲ့အခက်အခဲတွေကို ငါဖြေရှင်းနိုင်တယ်” ဆိုတဲ့စကားလေးကို ၅ကြိမ်ကနေ ၁ဝကြိမ်လောက်အထိအထပ်ထပ်အခါပြောပေးပါ..ဒါဘာလုပ်တာလဲ..
image
သင့်ရဲ့ မသိစိတ်ထဲကို အဲဒီအတွေးရောက်သွားအောင် လုပ်ပေးလိုက်တာပါ..
ဒါပေမဲ့ မသိစိတ်ဆိုတာက တခုခုကို တကြိမ် ၂ကြိမ်နဲ့ လွယ်လွယ်နဲ့ လက်မခံတတ်ဘူး..
နေ့စဉ်မနက်တိုင်း ရက်ပေါင်းများစွာ ကျင့်ပေးမှ မသိစိတ်က လက်ခံလာတတ်တာပါ..
image

Crd by hackermen@hackermen

စာ​ပေဗဟုသုတအ​ကြာာင်​အရာ | Ecency