ဒဏ်ထမ်းဖော်

Words
34
Reading
1 min
8y
Listen to this post
~1 min

တချို့ထင်တုံးကြီးတွေက
အဖွင့်မျက်နှာ အနှစ်မပါတော့
တစ်ချက်တစ်ချောင်းထင်းကောင်းထွက်လို့
သတ္တိနည်းပီး သွေးမကြောင်ပေမယ့်
ခဏခဏမြူဆွယ် မိတ်ဖွဲ့မှာတော့
စိုးထိတ်မိလေရဲ့...
တခါတခါ ကျပြန်တော့လဲ
မာနတွေထောင်လွှား
သံချပ်ကားကို
ဂျင်ကလိနဲ့အဆုံးသတ်ဖို့
ကြိုးစားနေရသလိုမျိုး
အသွားထက်တဲ့
ပုဆိန်ကိုလည်း ဥပေက္ခာပြု
အအိပ်မက်တဲ့
ငါ့ကိုလည်းလျစ်လျူ
တူညီတဲ့တုန့်ပြန်မူတွေမပေးဘဲ
အတ္တတံခွန်ကို အရောင်းမျိုးစုံနဲ့
လွင့်ထူထားပြန်ရော
အို ...သစ်တုံးကြီးရယ်
ချွေပင်လယ်ထဲမျောနေသည့်ငါ့အား
ယာယီမာနတွေခွါချပီး
မကြင်နာနိုင်ရင်နေပါ
မစိမ်းကားပါနဲ့နော်
တကယ်တော့...
သစ်တုံးနဲ့ပေါက်ဆိန်ကမိတ်ဖက်
မင်းတို့၂ယောက်နဲ့ငါက
ဒဏ်ထမ်းဖော်သူငယ်ချင်းတွေပါ။

image