Yield Farming $XVS With $SXP In Binance Launchpad

Words
145
Reading
1 min
Listen
Play
6y

မင်္ဂလာပါ မိတ်ဆွေတို့ရေ

ဒီနေ့ Binance Launchpad က Yield Farmimg
အကြောင်း အနည်းငယ် မျှဝေလိုပါတယ်။
Yield Farming လုပ်တယ် ဆိုတာကတော့
Cryptocurrencies တွေကို စိုက်ပျိုး ထုတ်လုပ်တဲ့
သဘောတရား၊ Stake လုပ်နည်း တစ်မျိုးပါပဲ။
ကျွန်တော်တို့တွေ HIVE မှာ Power Up ထားပြီး
Interest အတိုး ရသလိုမျိုးပေါ့။

Project အလိုက် မိမိ ရင်းနှီးတဲ့ Crypto တွေ
ထုတ်ယူနိုင်တာ ရှိသလို အခြား ဈေးကွက် စဖောက်တဲ့
Crypto တွေ ထုတ်ယူရနိုင်တာမျိုးလည်း ရှိပါတယ်။

ကျွန်တော် ကတော့ SXP တွေ ဝယ်ပြီး Trade ခဲ့ဖူးပါတယ်။
ပထမတစ်ကြိမ် ဝယ်ရောင်းမှာ $ အနည်းငယ် အမြတ်
ထွက်ခဲ့ပါတယ်။ ဒါနဲ့ နောက်တစ်ကြိမ် 22 SXP လောက်
ထပ် Buy အပြီးမှာတော့ ဈေးက ထိုးကျ သွားပါတယ်။
ဝယ်ဈေး ပြန်ရောက်မလား လဝက်လောက် စောင့်ခဲ့ပေမယ့်
တက်မလာသေးတာနဲ့ အတိုးလေးများ ရရန် ရှာကြံ
မိခဲ့ပါတယ်။

img_0.8741662366398573.jpg

ဒါနဲ့ပဲ Binance Launchpad မှာ $SXP ကို
Farming လုပ်နိုင်ကြောင်း သိတာနဲ့ လုပ်ခဲ့လိုက်ပါပြီ။
နေ့စဉ် ပြန်ထုတ်ယူနိုင်တာကတော့ $XVS ပါ။
တစ်နာရီလျှင် 0.0007 XVS နှုန်းဖြင့် ရတာပါ။
တစ်လလောက် လုပ်ထားဖို့ စိတ်ကူးထားပါတယ်။
ကြားရက်မှာ ပြန်ပြီး SXP ကို redeem လုပ်လည်း
ရပါတယ်။

img_0.734406672579806.jpg

ယခု လောလောဆယ် $SXP price မှာ 1.296 USDT
ဖြစ်နေပြီး $XVS price မှာ 2.588 USDT ဖြစ်ပါတယ်။
ယခု နှစ်ရက်မြောက်မှာ 0.03457 XVS ရနေပါပြီ။

ဒါကြောင့် Farming Period ရက်30 ကျန်ရှိနေချိန်
လေးမှာ မိတ်ဆွေတို့ အနေဖြင့် Binance Launchpad
Yield Farm မှာ ဝင်ကစားနိုင်ရန် အသိပေး မျှဝေလိုက်ရပါတယ်။

golden.future@golden.future