အေးချမ်း သာယာ ပျော်ရွှင်ကြပါစေ ဟု ပဏာမ
နှုတ်ခွန်းဆက်လိုက်ရပါတယ်။
ဒီနေ့ မနက် ဆောင်း ဝင်လာပြီလား မသိပါ။ မိုးတိမ်တောင်
အချို့နဲ့ မိုးကလည်း အုံ့မှိုင်း နေပါတယ်။ ဒါကြောင့်များ
အေးနေသလား၊ ဆောင်း ရောက်တော့မှာမို့ အအေး
စဝင်လာတာလား မသဲကွဲပါ။
မုတ်သုံ အထွက် ဆိုတော့ကာ မြောက်ပြန်လေကြောင့်
ညခင်းမှာလည်း အအေးဓာတ် ရနေပြီ ဖြစ်လို့
အိပ်တဲ့အခါ စောင် ကပ်ထားရပါပြီ။
လယ်တောဘက် ထွက်ကြည့်တဲ့ အခါမှာလည်း
မြက်ပင်လေးတွေ အပေါ် နှင်းရည် အချို့ ကျရောက်
နေပြီ ထင့်၊ စိုအိနေကြပါတယ်။
ဒီတော့လည်း သဘာဝရဲ့ အေးမြမှုကို ခံစားရင်း
ငြိမ်းချမ်း သာယာစွာ နေလိုက်ရုံသာပဲပေါ့ဗျာ။