Hello.
I'm going on a trip.
Therefore, it could not stay on the Hive Blockchain for long.
In Myanmar, peacock-flowers are in full bloom in May and June.
Royal poinciana come in different colors, but they are usually red.
Today, I will show you the PO eacock-flowers that I took as souvenirs while traveling.
The peacock-flowers are beautiful enough to take a photo.
Peacock-flowers are not sweet fragrant.
They only look at the natural beauty of the plant.
You can eat peacock-flower salad.
I have eaten peacock-flower salad.
The taste is just bitter.
Some say that peacock-flower salad is medicinal.
All the bitter leaves and flowers have medicinal properties.
Burmese language,
မင်္ဂလာပါ။
ကျွန်တော် ခရီးတခု သွားနေသည်။
သို့ဖြစ်၍ Hive Blockchain ပေါ်မှာ ကြာကြာရှိမနေနိုင်ခဲ့ပါ။
ကျွန်တော်တို့ မြန်မာနိုင်ငံ၌ မေလ နှင့် ဇွန်လ တို့၌ စိန်ပန်းများ လှိုင်စွာ ပွင့်ဝေကြပါသည်။
စိန်ပန်း သည် အရောင်ကွဲများ ရှိသော်လည်း များသောအားဖြင့် အနီရောင်တွေသာ ဖြစ်ကြသည်။
ဒီနေ့မှာတော့ ခရီးသွားရင်း လမ်းမှာ အမှတ်တရ အဖြစ် ရိုက်ယူခဲ့သော စိန်ပန်းများကို ဖော်ပြပေးလိုက်ပါသည်။
ဓာတ်ပုံရိုက်ယူချင်လောက်အောင်လည်း စိန်ပန်းများသည် လှပနေကြသည်။
စိန်ပန်းသည် ရနံ့တော့ မမွှေးပါ။
အပင်ပေါ်၌ သဘာဝအလှ အတိုင်းသာ ရှုမြင်တတ်ကြပါသည်။
စိန်ပန်းပွင့် ကို အသုပ်သုပ်စားလို့ ရပါသည်။
ကျွန်တော် စိန်ပန်းပွင့်သုပ် စားဖူးပါသည်။
အရသာကတော့ ခါးသက်သက် ဖြစ်သည်။
အချို့ကတော့ စိန်ပန်းပွင့်သုပ် သည် ဆေးဘက်ဝင်သည်ဟု ဆိုကြသည်။
ခါးသက်သော သစ်ရွက် ပန်းပွင့် ဟူသမျှသည် ဆေးဘက်ဝင်အာနိသင်တော့ ရှိကြသည်က များပါသည်။