Hello.
One evening, I was walking outside the village to the fields.
The purpose is to walk and breathe fresh air and see the countryside scenery.
I'm the one who presents the scenery around HIVE Blockchain, so I also take photos of rural scenery while walking.
There are ponds next to the fields.
Water useful for agriculture is obtained from this ponds and canals.
Seeing the reflection of the trees on the water surface of the ponds, I took the photos with my phone camera.
The Shadow Hunters Community's new Reflection Hunters Contest is here this week, so I was pleased to get reflective photos from my walk outside the village.
By Viewing my rural landscape pictures, let my friends have peace!
Burmese language,
မင်္ဂလာပါ။
ညနေခင်းတခုမှာ ရွာအပြင် လယ်ကွင်းတွေဘက် လမ်းလျှောက်ရောက်ဖြစ်ခဲ့တယ်။
ရည်ရွယ်ချက်ကတော့ လမ်းလျှောက်ရင်း လေကောင်းလေသန့်ရှူရှိုက်ကာ ကျေးလက်သဘာဝရှုခင်း ကြည့်ဖို့ပါပဲ။
ကျွန်တော်က HIVE Blockchain မှာ ပတ်ဝန်းကျင်က မြင်ကွင်းအစုံကို တင်ပြပေးနေသူ ဖြစ်လေတော့ လမ်းလျှောက်ရင်း ကျေးလက်ရှုခင်းပုံ ဓာတ်ပုံရိုက်ယူဖို့လည်း ဖြစ်ပါတယ်။
လယ်ကွက်တွေဘေးမှာ ရေအိုင်တွေ ရှိကြပါတယ်။
စိုက်ပျိုးရေးအတွက် အသုံးတည့်သော ရေ ကို ဒီရေအိုင် နှင့် ရေမြောင်းတွေဆီမှ ရယူရပါတယ်။
ရေအိုင်တွေ၏ ရေမျက်နှာပြင်၌ သစ်ပင်တို့၏ အလင်းပြန်ပုံရိပ်များကို မြင်တွေ့ရတော့ ဖုန်းကင်မရာဖြင့် ဓာတ်ပုံရိုက်ယူခဲ့ပါတယ်။
ဒီတပတ် Shadow Hunters Community ၏ Reflection Hunters Contest အသစ်လည်း ရောက်ရှိနေပြီ ဖြစ်သောကြောင့် ရွာအပြင် ထွက်ကာ လမ်းလျှောက်ခြင်းမှ Reflective photos ရရှိခဲ့လို့ ကျေနပ်ခဲ့ရပါတယ်။
ကျွန်တော်၏ ကျေးလက်ရှုခင်းပုံများ ကြည့်ရှုပြီး မိတ်ဆွေများ ငြိမ်းအေးသာယာနိုင်ကြပါစေ။