Lunches for Mouthwatering

Words
204
Reading
1 min
Listen
Play
2y

Hello.

Today I will share some food pictures.
These are not the dishes I cooked myself.
They are the dishes my brother's wife who lives in Yangon cooked .
Shrimp wraps, fried fish, fried okra, and chicken bone soup.

Shrimp paste is made with tomato curry sauce.
It is good to add shrimp paste to rice and eat it.
A little chili powder makes it more delicious.

The fried fish was leftover from the previous day.
The okra was cut into small pieces, mixed with a little egg, and fried.
It was delicious to eat in small portions.

Chicken bone soup is cooked with a few vegetables.
It is mixed with ginger, garlic, spices, etc., and the chicken bone soup is sweet and fragrant.

I'm sharing the lunch I had because it was delicious.
The pictures are mouthwatering.

မင်္ဂလာပါ။

ယနေ့တော့ စားစရာပုံတွေ ဖော်ပြလိုက်ဦးမယ်။
ဒီအစားအစာတွေ ကျွန်တော် ကိုယ်တိုင် ချက်ထားတာတွေတော့ မဟုတ်ပါဘူး။
ရန်ကုန်မြို့မှာနေထိုင်တဲ့ ညီ ၏ ဇနီးက ချက်ကျွေးသော ဟင်းလျာတွေပါ။
ပုဇွန်ထုပ်ချက်၊ ငါးကြော်၊ ရုံးပတီသီးကြော် နှင့် ကြက်ရိုးဟင်းရည်

ပုဇွန်ထုပ်ချက် ကိုတော့ ဟင်းအနှစ်ရည်ဖြင့် ချက်ထားတာပါ။
ထမင်း ထဲကို ပုဇွန်ဟင်းအနှစ် ထည့်ကာ နယ်စားလို့ကောင်းတာပေါ့။
ငရုတ်သီးအစပ် အနည်းငယ် ထည့်ထားတော့ စားလို့ အရသာပိုရှိပါတယ်။

ငါးကြော် က အရင်ရက်က အကျန်ပါ။
ရုံးပတီသီးကိုတော့ အတုံးအသေးလေးတွေ လှီးဖြတ်ကာ ကြက်ဥအနည်းငယ်ဖြင့် ရောကာ ကြော်ထားပါတယ်။
စီးစီးလေး စားလို့ဆိမ့်ပါတယ်။

ကြက်ရိုးဟင်းရည် ကိုတော့ ဟင်းရွက်အနည်းငယ်ဖြင့် ပြုတ်ထားပါတယ်။
မညှီအောင် ဂျင်း ကြက်သွန်ဖြူ ဟင်းခတ်အမွှေးအကြိုင် စသည်တို့ ရောထည့်ထားတော့ ကြက်ရိုးဟင်းရည်က ချိုချိုမွှေးမွှေးလေးပါပဲ။

ကျွန်တော် စားခဲ့ရတဲ့ နေ့လည်စာ စားကောင်းလို့ မျှဝေပေးလိုက်တာပါ။
ပုံတွေ ကြည့်ပြီး သွားရည်ယိုလို့ရတာပေါ့။

Lunches for Mouthwatering | Ecency