Local Landscape Views

Words
61
Reading
1 min
Listen
Play
4y

မင်္ဂလာပါ။
img_0.7951084456876116
ယခု ကျွန်တော် နေထိုင်ရာ ဒေသသည် မိုးကောင်းတော ရပ်ဝန်းပါ။
မိုးကောင်းတော ဆိုတာက မိုးကောင်းမှ သီးနှံတွေ စိုက်ပျိုးလို့ ကောင်းပြီး ရိတ်သိမ်းရတဲ့ အခြေအနေရှိတဲ့ အရပ်ကို‌ ဆိုလိုတာပါ။
မိုးရေ မရရင် စိုက်ပျိုးရေး လုပ်လို့ မရဘူးပေါ့။

img_0.9818235659579014

ဒီလို မိုးကောင်းတော ဒေသမှာ တစ်ဘက်ဆည်ကန်တွေ ရှိတတ်ကြပါတယ်။
တစ်ဘက်ဆည်ကန် ဆိုတာက တစ်ဘက်သာလျှင် ကန်ဘောင်ရှိပြီး အခြားဘက်တွေက မိုးရေ စီးဝင်လို့ရအောင် လုပ်ဆောင်ထားတဲ့ ကန် ကို ဆိုလိုတာပါ။

မိုးရွာတဲ့အခါက စုမိထားတဲ့ ရေ ဖြင့် မိုးကြိုစိုက်ပျိုးထားတဲ့ သီးနှံတွေ အတွက် လိုရေကို အနည်းငယ် ယူသုံးလို့ ရတာပေါ့။

ဒါကတော့ သွားရင်းလာရင်း မြင်တွေ့ခဲ့တဲ့ သဘာဝရေကန် နှင့် သဘာဝသစ်ပင်တွေ ရှုခင်းကို အခြေခံပြီူ ဒေသန္တရဗဟုသုတ အနည်းငယ် မျှဝေပေးလိုက်တာပါ။

ရွှေအနာဂတ်ပိုင်ရှင်

Local Landscape Views | Ecency