Entry for Shadow Hunters Contest/SMASh 🐄 Cows on the road
Hello.
Today I went for a short trip on a motorcycle on the road.
It was raining in the morning and the sun was shining in the afternoon.
It doesn't seem that hot while riding the motorcycle, but it's hot when I stop.
Although it was hot, I stopped for a while on the road.
Because...
While I was riding my motorcycle on the road, I saw a herd of cows walking on the road.
I saw the shadow of the cows on the road, so I had to take a photo.
These cows are also traveling.
Cattle farmers in the area where I live usually let the cattle out to the fields to graze.
Therefore, they have to move the cattle from one place to another in search of good pasture.
I saw the shadow of the cows on the road, and I am describing it here.
Burmese Language,
မင်္ဂလာပါ။
ဒီနေ့ ကားလမ်းပေါ်မှာ ဆိုင်ကယ် စီးပြီး ခရီးတိုလေး သွားဖြစ်ခဲ့တယ်။
မနက်ခင်းကတော့ မိုးဖွဲလေးကျခဲ့ပြီး နေ့လည်မှာ နေရောင်တောက်ပနေခဲ့တယ်။
ဆိုင်ကယ် စီးနေစဉ်မှာ မပူလှဘူး ထင်ရပေမယ့် ရပ်လိုက်လျှင် အတော်ပူပါတယ်။
ပူပေမယ့်လည်း ကျွန်တော် လမ်းမထက် ခဏရပ်ခဲ့မိတယ်။
ဘာကြောင့်လဲဆိုတော့ ...
ကျွန်တော် လမ်းမပေါ် ဆိုင်ကယ် စီးနေစဉ် နွားတစ်အုပ် ကားလမ်းပေါ် သွားနေကြသည်ကို မြင်ခဲ့ရသည်။
ကားလမ်းမပေါ် မှာ နွားတွေ၏ အရိပ်ကို မြင်ရတော့ အရိပ်ရှာနေသူ ကျွန်တော်က ဓာတ်ပုံရိုက်ယူခဲ့ရတာပေါ့။
ဒီနွားတွေကလည်း ခရီးသွားနေကြတာပါပဲ။
ကျွန်တော် နေထိုင်ရာ ဒေသမှ နွားမွေးမြူသူတို့သည် များသောအားဖြင့် နွားများကို လယ်ကွင်းစားကျက်မြေများ သို့ လွှတ်ကာ အစာစားစေကြပါသည်။
သို့ဖြစ်၍ နွားစားကျက်ကောင်းရာ ရှာဖွေရင်း နွားတွေကို တစ်နေရာမှ အခြား တစ်နေရာသို့ ရွှေ့ကြရပါသည်။
ဤသည်ကို ကျွန်တော်က လမ်းမပေါ်မှာ နွားတွေ၏ အရိပ်ကို မြင်ခဲ့ရ၍ ဒီမှာ ဖော်ပြပေးလိုက်တာပါပဲ။