Entry For Reflection Hunters Contest SMARP

Words
153
Reading
1 min
Listen
Play
7M

May you be blessed.

Since spring has arrived, the natural ponds along the rural road I'm on have dried up.
So, for me, who usually takes photos of reflections in ponds, it's becoming difficult to get a good reflection.

However, not far from the rural road I was on today, I saw a pond with a little water left.
So I stopped the motorcycle and went near the pond.

The water in the pond was muddy and muddy.
However, I could still see the faint outline of the trees around the pond.
So I walked around the pond and took some photos.

မင်္ဂလာရှိကြပါစေ။

နွေဦးရာသီ ရောက်ရှိလာပြီ ဖြစ်သောကြောင့် ကျွန်တော် သွားနေကြ ကျေးလက်လမ်းနဘေးက သဘာဝမိုးရေအိုင်များသည် ရေခန်းခြောက်နေကြပါပြီ။
ဒီတော့ ရေအိုင် ထဲက အလင်းပြန်ပုံရိပ်တွေကို ဓာတ်ပုံရိုက်ယူလေ့ရှိသော ကျွန်တော့်အတွက် အလင်းပြန်ပုံရိပ်ရရှိရန် ခက်ခဲသွားပါပြီ။

သို့ပေမယ့် ယနေ့ သွားခဲ့သော ကျေးလက်လမ်း နဘေး မဝေးသော နေရာ၌ ရေအနည်းကျန်ရှိနေသော ရေအိုင်တစ်ခုကို တွေ့မြင်ခဲ့ရသည်။
သို့ဖြစ်၍ ကျွန်တော်သည် ဆိုင်ကယ်ကို ရပ်နားကာ ထိုရေအိုင် အနီးသို့ သွားရောက်ခဲ့ပါသည်။

ရေအိုင် ထဲက ရေများသည် ရွံ့နွံများဖြင့် နောက်ကျိနေပါသည်။
သို့ပေမယ့် ရေအိုင် နဘေးက သစ်ပင်များ၏ ပုံရိပ်များကိုတော့ မှုန်ဝါးဝါး မြင်ရသေးသည်။
သို့ဖြစ်၍ ကျွန်တော်လည်း ရေအိုင်ကို ပတ်ကာ ဓာတ်ပုံရိုက်ယူခဲ့ပါသည်။

Entry For Reflection Hunters Contest SMARP | Ecency