Hello.
Yesterday, while I was sitting in a tea shop, I saw a fisherman bring fish and a tortoise into his bag.
The fisherman caught a tortoise while fishing and brought it to cook.
It is said that turkey is good to eat.
Some people say that if you eat tortoise meat, you will get leprosy.
Have you ever eaten tortoise?
What do you think about tortoise?
The fisherman said he would cook the tortoise.
Just then, another man arrived.
The other man said he was interested in the tortoise and had an idea to keep it at home.
So the man asked the fisherman how much he would pay to sell the tortoise.
The fisherman sells the tortoise for 5,000 kyats (USD $ 2.5).
Therefore, I would like to say that the tortoise was lucky that the tortoise was caught but reached the breeder.
Burmese Language,
မင်္ဂလာပါ။
မနေ့က ကျွန်တော် လက်ဖက်ရည်ဆိုင်မှာ ထိုင်နေစဉ် ငါးဖမ်းသမားတစ်ဦး ငါး နှင့် လိပ် ကို အိပ်ထဲထည့်ယူလာတာ တွေ့မြင်ခဲ့ရပါတယ်။
ထို ငါးဖမ်းသမားက ငါးဖမ်းရာမှ လိပ် ပါ ဖမ်းမိခဲ့ပြီး ချက်စားရန် ယူလာခဲ့ခြင်း ဖြစ်သည်။
လိပ်သား သည် စားကောင်းသည်ဟု ပြောကြသည်များ ရှိသည်။
အချို့က လိပ်သား စားလျှင် နူတတ်သည်ဟု ပြောကြသည်လည်း ရှိသည်။
သင်တို့ရော လိပ်သား စားဖူးကြသလား။
လိပ်သား နှင့် ပတ်သက်၍ ဘယ်လို သဘောရကြပါသလဲ။
ငါးဖမ်းသမားက ထိုလိပ်ကို ချက်စားမည်ဟု ဆိုသည်။
ထိုစဉ် အခြား လူတစ်ဦး ရောက်လာသည်။
ထိုအခြားလူက ထိုလိပ်ကို စိတ်ဝင်စားပြီး အိမ်မှာ မွေးထားရန် စိတ်ကူးရှိသည်ဟု ပြောသည်။
သို့ဖြစ်၍ ထိုလူက ငါးဖမ်းသမားထံ လိပ် ကို ငွေဘယ်လောက်ဖြင့် ရောင်းပေးမလဲ မေးခဲ့သည်။
ငါးဖမ်းသမားက လိပ်ကို မြန်မာငွေ ၅၀၀၀ ကျပ် (USD $2.5) ဖြင့် ရောင်းပေးလိုက်သည်။
ထို့ကြောင့် ထိုလိပ် သည် အဖမ်းခံခဲ့ရသော်လည်း မွေးမြူမည့်သူထံ ရောက်ရှိသွားသောကြောင့် ကံကောင်းသွားသည်ဟု ဆိုချင်ပါသည်။
ရွှေအနာဂတ်ပိုင်ရှင်