Very beautfull

Words
138
Reading
1 min
Listen
Play
9y

ဝါးနဲ့ ပြုလုပ်ထားတဲ့ ချစ်စဖွယ် အဆောက်အဦးလေးများ
သစ်တောတွေဆိုတာ လူတွေကို အေးချမ်းစေတဲ့ သဘာဝတရားတစ်ခုဖြစ်ပါတယ်။
သဘာဝအနေအထားအရ လူသားတွေကို အကျိုးပြုတဲ့ အောက်ဆီဂျင်ကို ထုတ်လွှတ်ပေးတဲ့အပြင် အေးမြခြင်းကိုလည်း ပေးစွမ်းကြတဲ့ အတွက် သစ်ပင်တွေ၊ သစ်တောတွေဟာ လူတိုင်းကြိုက်နှစ်သက်တဲ့ အရာဝတ္ထုတွေဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ဒီကနေ့ကာလမှာ လူတွေ ကြိုက်နှစ်သက်တဲ့ သစ်ပင်တွေနဲ့ အဆောက်အဦးတွေ၊ နေရာတွေကို အလှဆင်ဖန်တီးလာကြတာကို တွေ့ရပါတယ်။ အခုဖော်ပြမှာကတော့ ဝါးကို အသုံးပြုပြီး ဖန်တီးထားမှုတွေဖြစ်ပါတယ်။

၁။ Green Ladder Pavilion
image

ဒီဝါးကြည့်စင်လေးကတော့ သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့က အနုပညာပြခန်းတစ်ခုမှာ ပြသဖန်တီးထားတဲ့ အရာလေးဖြစ်ပါတယ်။ ဗီယက်နမ်ဗိသုကာတွေနဲ့ ဖန်တီးထားတာဖြစ်ပြီး ၂ဝ၁၆ ခုနှစ်မှာ ဖန်တီးတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ အမြင်တမူထူးစေတဲ့ ကြည့်စင်လေးဖြစ်ပါတယ်။

၂။ Norwegian Pavilion
image
ဒီအဆောက်အဦးလေးကတော့ တရုတ်နိုင်ငံ၊ ရှန်ဟိုင်းကုန်စည်ပြပွဲအတွင်း ပြသခဲ့တဲ့ အရာတစ်ခုဖြစ်ပါတယ်။ ပြခန်းပုံစံတည်ဆောက်ထားတာဖြစ်ပြီး သစ်သားတွေ၊ ဖျင်စတွေနဲ့ ပြုလုပ်တည်ဆောက်ထားတာဖြစ်ပါတယ်။ အဆောက်အဦးရဲ့ ထိပ်ပိုင်းကတော့ သစ်ပင်ရဲ့ အမိုးပိုင်းပုံစံနဲ့ အလားသဏ္ဍာန်တူတယ်လို့ ဆိုပါတယ်။

၃။ Flower Tower
image
ပန်းတာဝါလို့ ဆိုတဲ့အတိုင်း ဒီအဆောက်အဦးတစ်ခုလုံးပန်းအိုးတွေနဲ့ အလှဆင်ဖန်တီးထားတာဖြစ်ပါတယ်။ ၂ဝဝ၄ ခုနှစ်မှာ ဗိသုကာပညာရှင် Edouard Francois က ဖန်တီးတည်ဆောက်ပေးခဲ့တဲ့ အဆောက်အဦးဖြစ်ပါတယ်။ ဝါးပန်းအိုးပေါင်း ၃၈ဝ ကို ရွှေ့လို့မရအောင်ပြုလုပ်ထားပြီး ရေပက်ဖျန်းတဲ့စနစ်ကိုလည်း လည်ပတ်နေအောင်ပြုလုပ်ဖန်တီးထားပါတယ်။

၎။ Bangkok Tree House
image
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာရှိတဲ့ ဟိုတယ်တစ်ခုဖြစ်ပါတယ်။ ဟိုတယ်။ တစ်ခုလုံးကို သစ်ပင်တွေနဲ့ အလှဆင်ဖန်တီးထားပြီး ဝါးကိုတော့ အဆောက်အဦးရဲ့ အဓိကပစ္စည်းအနေနဲ့ အသုံးပြုထားပါတယ်။ ဒီဟိုတယ်ဟာ Phra Pradaeng Peninsula မှာတည်ရှိတဲ့ဟိုတယ်ဖြစ်ပြီး မျက်နှာကြက်နဲ့ မြေပြင်တွေမှာလည်း သစ်ထွက်ပစ္စည်းတွေနဲ့သာ အလှဆင်ထားပါတယ်။

၅။ Bamboo Pavilion
image
ဂျာမနနိုင်ငံ၊ ဘာလင်မြို့မှာရှိတဲ့ အဆောက်အဦးတစ်ခုဖြစ်ပါတယ်။ ဗိသုကာပညာရှင် Rocco Yim က ဒီဇိုင်းဆင်ဖန်တီးထားတာ ဖြစ်ပါတယ်။

ဟောင်ကောင် - ဘာလင် ယဉ်ကျေးမှုပွဲတော်ရဲ့ အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါတယ်။ မြို့ ၂ မြို့ကြားမှာရှိတဲ့ ယဉ်ကျေးမှုတွေကို ဖော်ပြတဲ့ အနေနဲ့ ဖန်တီးထားတဲ့ အရာတစ်ခုလည်းဖြစ်ပါတယ်။

Very beautfull | Ecency