We have to live in harmony with nature for peace of mind
"စိတ်အေးချမ်းသာရန် သဘာဝတရားနှင့် သဟဇာတဖြစ်အောင် နေတတ်ဖို့လိုတယ်"
The whole universe is a vast battlefield and existence is nothing but a continuous struggle, molecules against molecules, atoms against atoms, electrons against electrons and so on and within the physical system itself it is a big battleground. The mind itself is the biggest battlefield. The man who is not at peace with himself cannot be at peace with the world and external wars have to continue in order to hide the fact from individuals that the real war is within.
စကြာဝဠာတစ်ခုလုံးက ကျယ်ပြန့်လှတဲ့ စစ်မြေပြင်ကြီး ဖြစ်ပါတယ်။ ဘဝဆိုတာကတော့ ထူးထူးထွေထွေမဟုတ်ဘဲ အဆက်မပြတ် ရုန်းကန်လှုပ်ရှားမှုတစ်ခုသာဖြစ်ပါတယ်။ မော်လီကျူးတွေက အခြားမောလီကျူးတွေကို ဆန့်ကျင်တယ်၊ အက်တမ်တွေက အခြားအက်တမ်တွေကို ဆန့်ကျင်တယ်၊ အီလက်ထရွန်တွေက အခြားအီလက်ထရွန်တွေကို ဆန့်ကျင်တယ်စသဖြင့် အဆက်မပြတ် လှုပ်ရှားနေတာပါ။ ကိုယ်ခန္ဓာအတွင်းပိုင်း ဖွဲ့စည်းပုံက စစ်တလင်းကြီးဖြစ်ပြီး၊ စိတ်ကတော့ အကြီးဆုံး စစ်ပွဲကြီးပါ။ ကိုယ့်စိတ်ကို ငြိမ်းချမ်းအောင် မလုပ်နိုင်သူဟာ လောကကြီးကို ငြိမ်းချမ်းအောင် မလုပ်ဆောင်နိုင်ပါဘူး။ တကယ့်စစ်ပွဲက စိတ်အတွင်းမှာဖြစ်တာဆိုတဲ့ တစ်ဦးချင်းနဲ့ဆိုင်သည့် တကယ်အရှိအမှန်ကို ဖုံးလွှမ်းသွားအောင် အပြင်ကစစ်ပွဲတွေ ဆက်ဖြစ်နေတာပါ။
The most important prayer of mankind today is for peace, but there can be no peace in this war-torn world until the conflicts of man with himself are ended. 'Having seen a football match, a small child said to the mother, those people are fighting because there is only one ball, why not we give each man one ball then they stop their fighting.'
ယနေ့ လူသားတွေ အရေးတကြီး မျှော်လင့်နေတာဟာ ငြိမ်းချမ်းရေးဖြစ်ပါတယ်။ ဒါပေမယ့် လူတွေဖန်တီးတဲ့ ပြဿနာတွေကို လူသားတွေကိုယ်တိုင်က အဆုံးမသတ်သ၍ စစ်ကြောင့် စုတ်ပြတ်နေတဲ့ ကမ္ဘာကြီးထဲမှာ ငြိမ်းချမ်းရေးဆိုတာ ဖြစ်ပေါ်မလာနိုင်ပါဘူး။ ဘောလုံးပွဲကြည့်ရင်း ကလေးငယ်တစ်ယောက်က မိခင်ဖြစ်သူကို "အဲဒီလူတွေဟာ ဘောလုံးတစ်လုံးတည်းရှိလို့ ပြိုင်လုနေကြတာ။ တစ်ယောက်ကို ဘောလုံးတစ်လုံး ပေးလိုက်ရင် ပြိုင်လုနေတာ ရပ်သွားမယ်" လို့ ပြောဆိုလိုက်တယ်။
In the eyes of the Buddha, living beings tremble like fish in a stream that is almost dry, being in the grip of craving, either leaping hither and thither, like hares caught in a snare. He saw the struggle of all against all, the senseless series of predators trying to prey upon.
မြတ်ဗုဒ္ဓရဲ့ ဉာဏ်စက္ခုထဲမှာ သက်ရှိသတ္တဝါတွေဟာ ခြောက်ခမ်းလုနီးနေတဲ့ စမ်းချောင်းထဲက ငါးတွေလို၊ ကျော့ကွင်းထဲမှာ မိနေတဲ့ ယုန်သူငယ်လို စိုးရိမ်ထိတ်လန့်နေကြတယ်လို့ မြင်တော်မူပါတယ်။ တပ်မက်မှုတဏှာရဲ့ လက်အတွင်းမှာ ကျရောက်နေပြီး ဟိုဟိုသည်သည် ခုန်ပေါက်နေကြတာပါ။ နိုင်ရာစား လုပ်နေတဲ့ မိုက်မဲသော သားရဲတိရစ္ဆာန် တသီတတန်းကြီး ရုန်းကန်လှုပ်ရှားနေမှုလို့လည်း မြင်တော်မူပါတယ်။
World history tells us that racial and colour discrimination, religious fanaticism and greed for political power and wealth have created enormous disasters, miseries and suffering in this world. They have taken a heavy toll of human lives in a cruel way. Such issues have never contributed anything towards worldly progress.
ကမ္ဘာကြီးထဲက လူမျိုးရေး ခွဲခြားဆက်ဆံခြင်း၊ အရောင်အသွေး ခွဲခြားဆက်ဆံခြင်း၊ ဘာသာရေး တယူသန်ခြင်း၊ နိုင်ငံရေး အာဏာနှင့် စည်းစိမ်ဥစ္စာကို လိုချင်တပ်မက်ခြင်းတွေဟာ မဆုံးနိုင်တဲ့ ဘေးအန္တရာယ်တွေ၊ ကံဆိုးမိုးမှောင်ကျခြင်းတွေ၊ ဆင်းရဲဒုက္ခတွေကို ဖြစ်ပေါ်စေတယ်လို့ ကမ္ဘာ့သမိုင်းကဆိုပါတယ်။ ကြမ်းကြုတ်ရက်စက်တဲ့ နည်းလမ်းနဲ့ လူ့အသက်ပေါင်းများစွာ ထိခိုက်သေဆုံးမှု ဖြစ်ပေါ်စေခဲ့ပါတယ်။ ဒီအချက်တွေဟာ ကမ္ဘာလောကကြီး တိုးတက်လာရေးကို နည်းနည်းမှ အထောက်အကူ မပြုပါဘူး။
People who are thirsty for power and wealth and are intoxicated with jealousy and greed always create troubles and often try to justify their cruel acts by talking nonsense in the name of religion, peace and justice.
ရာထူးအာဏာ၊ စည်းစိမ်ဥစ္စာကို အာသာငမ်းငမ်းဖြစ်နေသူတွေ၊ မနာလိုမှု၊ အလိုကြီးမှုတွေနဲ့ ယစ်မူးနေသူတွေဟာ အမြဲတမ်း ပြဿနာတွေကို ဖန်တီးပါတယ်။ ပြီးတော့ ဘာသာရေး၊ ငြိမ်းချမ်းရေး၊ တရားမျှတရေးလို့ အမည်တတ်ပြီး မဟုတ်မဟတ်ပြောဆိုကာ သူတို့ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကို တရားမျှတကြောင်းပြသရန် အများအားဖြင့် ကြိုးစားကြပါတယ်။
We are living in a make-believe world which appears physically united but mentally divided, and at times mentally united but physically divided. The following saying indicates how changes take place in our life:
'We live and work and dream,
Each has his little scheme,
Sometimes we laugh;
Sometimes we cry.
And thus the days go by.'
ကျွန်တော်တို့ဟာ ရုပ်ပိုင်းအရ ပေါင်းစည်းရင် စိတ်ပိုင်းအရ ကွဲလွဲတယ်၊ စိတ်ပိုင်းအရ ညီညွတ်ချိန်မှာ ရုပ်ပိုင်းအရ ကွဲလွဲတယ်ထင်ရတဲ့ စိတ်ကူးယဉ် ကမ္ဘာကြီးထဲမှာ နေထိုင်နေကြတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဘဝမှာ အပြောင်းအလဲတွေ ဘယ်လို ဖြစ်ပေါ်တယ်ဆိုတာကို အောက်ပါ အဆိုအမိန့်လေးက ညွှန်ပြပေးနေပါတယ်။
ကျွန်တော်တို့ဟာ-
ရှင်သန်တယ်။ အလုပ်လုပ်တယ်။ စိတ်ကူးယဉ်တယ်။
လူတိုင်းလူတိုင်းမှာ ကိုယ့်ကြံနဲ့ကိုယ်ရှိတယ်။
တစ်ခါတစ်ရံ ရယ်တယ်။ တစ်ခါတစ်ရံ ငိုတယ်။
ဒီနည်းနဲ့ နေ့ရက်တွေ ကုန်လွန်သွားတယ်။
Man is responsible
လူသားမှာ တာဝန်ရှိတယ်
People always talk about the uncertainty of the world situation. Who is responsible for this unfortunate situation other than the so-called smart man? How can we expect a better and peaceful world if men behave as uncultured persons? How can we enjoy our life in this uncertain world?
လူတွေဟာ ကမ္ဘာလောကကြီးရဲ့ အခြေနေ မရေရာ မသေချာတဲ့အကြောင်း အမြဲ ပြောဆိုကြတယ်။ မရေရာ မသေချာတဲ့ အခြေအနေအတွက် ငါသိ ငါတတ်လို့ ပြောတဲ့ လူသားတွေကလွဲပြီး အခြား ဘယ်သူ့မှာ တာဝန်ရှိမှာလဲ။ လူသားတွေက မယဉ်ကျေးတဲ့ သူတွေအဖြစ် ပြုမှုနေကြလျှင် ပိုမိုကောင်မွန်ပြီး ငြိမ်းချမ်းတဲ့ ကမ္ဘာကြီးဖြစ်လာရန် ကျွန်တော်တို့ ဘယ်လို မျှော်လင့်နိုင်မလဲ။ မရေရာ မသေချာတဲ့ ကမ္ဘာကြီးထဲက ကျွန်တော်တို့ဘဝကို ဘယ်လိုနည်းနဲ့ အရသာတွေ့နိုင်မလဲ။
Scientists seek to conquer nature for their own material ends. Religious philosophers aspire to live in harmony with nature for peace of mind and spiritual achievement. You cannot change worldly conditions according to your wishes but you can change your mind to develop contentment to find happiness. A man who is absorbed in seeking only worldly satisfaction will never reach higher knowledge, for it cannot be found without strenuous search.
သိပ္ပံပညာရှင်တွေက ရုပ်ပိုင်းဆိုင်ရာ ရည်ရွယ်ချက် ပန်းတိုင်အတွက် သဘာဝတရားကို သိမ်းပိုက်စိုးမိုးရန် ကြိုးပမ်းကြတယ်။ ဘာသာရေးဒဿနဆရာတွေက စိတ်အေးချမ်းသာမှုနှင့် စိတ်ပိုင်းဆိုင်ရာ အောင်မြင်မှုတွက် သဘာဝလောကနှင့် သဟဇာတဖြစ်အောင် နေထိုင်စေလိုတဲ့ ဆန္ဒရှိကြတယ်။ လောကကြီးရဲ့ အခြေအနေကို သင့်ဆန္ဒအတိုင်း ပြောင်းလဲလို့ မရနိုင်ပါဘူး။ ဒါပေမယ့် စိတ်ချမ်းသာခြင်းကို ရှာတွေ့နိုင်တဲ့ ရောင့်ရဲတင်းတိမ်မှု ဖြစ်ပေါ်လာအောင် သင့်ရဲ့ စိတ်ကိုတော့ ပြောင်းလဲနိုင်ပါတယ်။ လောကီ ကျေနပ်နှစ်သက်မှု ရှာဖွေခြင်းကိုသာ စွဲငြိနေတဲ့ လူတစ်ယောက်ဟာ ဘယ်တော့မှ မြင့်မားတဲ့ အသိပညာကို မရပါဘူး။ အကြောင်းကတော့ အားသွန်ခွန်စိုက် ရှာဖွေမှုမပြုဘဲ ယင်းကျေနပ်နှစ်သက်မှုကို မရနိုင်တာကြောင့်ဖြစ်ပါတယ်။
Materialism degrades man to the brute state while religion elevates him into the divine or noble state. In a materialistic regime men become slaves to their senses. Naturally most people dislike to face the true facts of life. They like to lull themselves into a false sense of security by dreaming, imagination and taking the shadow for the substance. 'Naturally people believe that god cure the sicknesses but the doctor send the medical bills.'
ရုပ်ဝါဒီတွေက လူသားကို ကြမ်းကြုတ်ရက်စက်တဲ့ အရိုင်းအစိုင်းအခြေအနေသို့ အဆင့်လျောကျစေပြီး ဘာသာရေးကတော့ အံ့ဖွယ်ကောင်းပြီး မြင့်မြတ်တဲ့ အခြေအနေသို့ မြှင်တင်ပေးပါတယ်။ ရုပ်ဝါဒကို ဦးစားပေးစနစ်ကျင့်သုံးသူတွေဟာ အာရုံတွေရဲ့ ကျွန်ဘဝ ရောက်သွားပါတယ်။ လူအများစုဟာ ဘဝရဲ့ အမှန်တရားကို ရင်ဆိုင်ဖို့ ပင်ကိုအားဖြင့် မလိုလားကြပါဘူး။ သူတို့ဟာ မျှောလင့်ခြင်း၊ စိတ်ကူးခြင်းဖြင့် အာမခံချက်ရှိရရှိမယ်လို့ မှားယွင်းတဲ့ ခံစားမှုနဲ့ နှစ်သိမ့်ရတာကို သဘောကျနေပြီး အထည်ဒြပ်အစား အရိပ်ကိုပဲ လိုက်ဖမ်းနေကြတာပါ။ လူတွေဟာ မကျန်းမာမှုကို နတ်ဘုရားက ကုသပေးတယ်လို့ ပင်ကိုယ်အားဖြင့် ယုံကြည်နေပါတယ်။ တကယ်တော့ ဆရာဝန်က ဆေးစာတွေ ပို့ပေးတာဖြစ်ပါတယ်။
The Buddha's attitude to worldly powers and worldly pleasures is best described thus: 'Better than absolute sovereignty over the earth, better than going to heaven, better than even lordship over the worlds, is the fruit of a stream winner - the first stage of sainthood or perfection.' By spending his life only for worldly material progress to feed his insatiable desires it is impossible for man to see the end of unsatisfactoriness in his life. According to the Buddha, this world is based on conflict, friction or unsatisfactoriness and impermanence. Again, he says that the way to worldly gain is one thing and that to salvation is another.
လောကီ အာဏာပါဝါ၊ အပျော်အပါးတွေနဲ့ ပတ်သက်တဲ့ မြတ်ဗုဒ္ဓ၏ သဘောထားကို ဒီလို အကောင်းဆုံး ထုတ်ဖော်ထားပါတယ်။ "ကမ္ဘာမြေပြင်ကို အကြွင့်မဲ့ ပိုင်စိုးတဲ့ အချုပ်အခြာအာဏာထက်၊ ကောင်းကင်ဘုံကို ရောက်ရှိတာထက်၊ စကြာဝဠာကို အုပ်စိုးတဲ့ အရှင်သခင်ထက် အရိယာနယ်ပယ်ရဲ့ ပထမအဆင့်ဖြစ်တဲ့ သောတာပတ္တိဖိုလ်က ပိုပြီး သာလွန်မြင့်မြတ်တယ်"။ မရောင့်ရဲ မတင်းတိမ်နိုင်တဲ့ အလိုဆန္ဒကို ဖြည့်ဆည်းရန် ဘဝကို လောကီ ရုပ်ဝတ္ထုပစ္စည်း တိုးတက်ရေးအတွက်သာ အသုံးပြုနေတဲ့ လူသားဟာ ကျေနပ်ဖွယ်မရှိတဲ့ ဘဝနိဂုံးကို မမြင်နိုင်ပါဘူး။ မြတ်ဗုဒ္ဓ၏ အလိုအရ ဒီကမ္ဘာလောကကြီးဟာ ပြဿနာ၊ ပဋိပက္ခ၊ ကျေနပ်ဖွယ်မရှိမှု၊ ယာယီဖြစ်တည်မှုအပေါ် အခြေပြုထားတာဖြစ်ပါတယ်။ ဒါ့အပြင် လောကီချမ်းသာကို ရရှိစေတဲ့ နည်းလမ်းက တစ်ခြား၊ ဘဝလွှတ်မြောက်ရေးကို ရရှိစေတဲ့ နည်းလမ်းကတစ်ခြားလို့လည်း ထပ်မံ မိန့်ကြားထားပါတယ်။