လက်​နက်

ggay(38)
Published in
#esteem
Words
60
Reading
1 min
Listen
Play
8y

စစ်သုံးပစ္စည်းတွေအကြောင်း တင်ပြပေးနေတဲ့ Military Equipment ကဏ္ဍကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။
ဒီတစ်ခါမှာတော့ စက်သေနတ်အမျိုးအစားတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲဒီစက်သေနတ်အမျိုးအစားကတော့ Light Machine Gun (LMG) ဖြစ်ပါတယ်။ ပေါ့ပါးတဲ့စက်သေနတ်အမျိုးအစားဖြစ်တဲ့ LMG အမျိုးအစားကို စစ်သားတစ်ဦးချင်းစီ အသုံးပြုနိုင်တဲ့ ဒီဇိုင်းအဖြစ်ဖန်တီးထားပါတယ်။ ခြေလျင်တပ်တွေမှာ အဓိကသုံးကြလေ့ရှိတဲ့ သေနတ်အမျိုးအစားဖြစ်ပြီး အကူမလိုပဲ ကိုင်တွယ်အသုံးပြနိုင်တဲ့သေနတ်ပါ။ ဒီစက်သေနတ်တွေကို အော်တိုမစ်တစ်အဖြစ်နဲ့လည်း အသုံးပြုနိုင်ပါတယ်။ ၁၉ဝ၃ ခုနှစ်မှာ ပြင်သစ်စစ်တပ်က အကြီးစားစစ်သေနတ်တွေကို ခြေလျင်တပ်တွေမှာ ပိုမိုပေါ့ပါးစွာသုံးနိုင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။

သူတို့အနေနဲ့ လမ်းလျှောက်ပြီး ပစ်ခတ်နိုင်တဲ့အထိ အသုံးပြုနိုင်အောင်ကြိုးပမ်းခဲ့ကြပါတယ်။ ပြင်သစ်စစ်တပ်ဟာ စစ်သားတွေသယ်ဆောင်နိုင်တဲ့ပေါ့ပါးတဲ့စက်သေနတ်ဖြစ်ဖို့ လေ့လာမှုတွေများစွာလုပ်ခဲ့ရပါတယ်။ ဒါပေမယ့် ဒီသေနတ်တွေဟာ ထုတ်လုပ်ဖို့အတွက် ခွင့်ပြုခြင်းမခံခဲ့ရပဲ ပထမကမ္ဘာစစ်မှာတော့ လိုအပ်ချက်အရစတင်အသုံးပြုခဲ့ကြပါတယ်။

ပြင်သစ်တွေဟာ လိုအပ်ချက်ကြောင့် လျင်မြန်စွာထုတ်လုပ်လာခဲ့ကြပြီး ဖျက်ဆီးမှုပြင်းအားမြင့်မားတဲ့သေနတ်တွေကို တီထွင်ခဲ့ကြပါတယ်။ ဒုတိယကမ္ဘာစစ်ပြီးဆုံးချိန်မှာတော့ LMG စက်သေနတ်တွေကို တပ်ဖွဲ့တွေအလိုက် တစ်ဦးချင်းစီ ပေးအပ်ခဲ့ပါတယ်

လက်​နက်​ | Ecency