အရည်​ချင်း

ggay(38)
Published in
#esteem
Words
631
Reading
3 min
Listen
Play
8y

Internship အလုပ်သင်ဝင်ပြီးပြန်လာတဲ့/ internship သွားမယ့် ကျောင်းသား၊ကျောင်းသူများသို့ .......
Internship မဆင်းခင် ကျောင်းသား/သူတွေရဲ့ စိတ်ထဲမှာ အတွေ့အကြုံတွေအများကြီးရမယ် ကံကောင်းရင် အဲ့ဒီကုမ္ပဏီမှာ အလုပ်ရမယ် စတဲ့အတွေးတွေနဲ့ တက်ကြွနေကြမှာသေချာတယ်။
Internship ပြီးသွားတဲ့အခါ အဲ့ဒီကုမ္ပဏီမှာပဲ အလုပ်ဆက်လုပ်ကြတဲ့သူတွေရှိသလို ထင်သလောက်အတွေ့အကြုံမရတာ၊ ကုမ္ပဏီက ကိုယ်မျှော်မှန်းသလောက်မကောင်းတာ၊ တခြားကုမ္ပဏီက internship ကမှ အတွေ့အကြုံပိုရတယ်လို့ထင်ကြတာ စတဲ့ မကျေနပ်မှုတွေနဲ့ ပြန်လာတဲ့သူတွေလည်းရှိပါတယ်။
အထူးသဖြင့် ဒီလို ပြသနာတွေ။
၁။ internship မှာလုပ်ရတာတွေက ကိုယ့်ဘွဲ့နဲ့ သို့ ကျောင်းမှာသင်ခဲ့ရတာတွေနဲ့ ဘာမှမဆိုင်ဘူး။
၂။ internship သွားတဲ့ ကုမ္ပဏီမှာ ဘာမှမယ်မယ်ရရ မလုပ်ရလို့ အတွေ့အကြုံမရခဲ့ဘူး။
၃။ Internship မစခင်က ကုမ္ပဏီက ကောင်းတယ်လို့ထင်ထားပေမယ့် internship ဆင်းတဲ့အခါကျ အတွေ့အကြုံအသစ်နဲ့ အခွင့်အလမ်းတွေမပေးနိုင်ဘူးလို့ထင်လာတဲ့အတွက် internship ပြီးလို့ ကုမ္ပဏီက အလုပ်ခေါ်လည်း မလျှောက်တော့ဘူး။
အဲ့လိုကြုံခဲ့ရတဲ့ intern ကျောင်းသား၊ကျောင်းသူတွေရော internship သွားမယ့်ကျောင်းသား/သူတွေရော အကြံတချို့ပေးချင်တယ်။
----------------->
ပြသနာ ၁ကိုအဖြေရှာတဲ့အခါ …
Internship ဆိုတာ training course မဟုတ်တဲ့အတွက် ကိုယ်လိုချင်တဲ့ပညာ၊ အတွေ့အကြုံတွေကို ကျောင်းမှာလိုသင်ပေးမှာမဟုတ်ဘူးဆိုတာ အရင်ဆုံးနားလည်ထားပါ။ ကိုယ်သိတဲ့တတ်တဲ့နယ်ပယ်က ကုမ္ပဏီဖြစ်စေအုံး intern တွေအနေနဲ့ ကုမ္ပဏီလုပ်ငန်းအားလုံး ၀င်လုပ်ရမှာမဟုတ်ပါဘူး။ အဲ့လိုနားလည်ထားရင် internship သွားတဲ့အခါ ကိုယ်မသိတဲ့ အလုပ်တွေလုပ်ရတယ်။ ကိုယ်က networking သမားမို့ embedded system သမားမို့ system testing တွေ software တွေအကြောင်းလေ့လာရတဲ့အခါ အကျိုးမရှိဘူး အလကားပဲလို့ ထင်တဲ့စိတ်ပျောက်သွားပါလိမ့်မယ်။
လက်ရှိမှာ နိုင်ငံတကာကုမ္ပဏီတိုင်းက နည်းပညာတစ်ခုတည်းပေါ်အခြေမခံတော့ပဲ customer အမျိုးအစားမရွေး ၀န်ဆောင်မှုပေးနိုင်မယ့် customer solution system တွေကို နည်းပညာအားလုံးစုပေါင်းပြီးထုတ်လုပ်တဲ့စနစ်ကို ဦးတည်သွားနေပါတယ်။ ဥပမာ နံမည်ကြီး ဖုန်းကုမ္ပဏီ Samsung က Toyota ကုမ္ပဏီနဲ့ပေါင်းပြီး အလိုအလျောက်မောင်းလို့ရတဲ့ကားထုတ်ဖို့ ကြိုးစားနေသလို ရုံးသုံး software တွေထုတ်တဲ့ ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Microsoft ကလည်း ခေတ်မီရေခဲသေတ္တာ အ၀တ်လျှော်စက်တွေ ထုတ်ဖို့ကြိုးပမ်းနေပါတယ်။ အဲ့ဒါတွေကိုကြည့်ရင် first year, second year တုန်းကတွေးထားသလို ကွန်ပျူတာနဲ့ဘွဲ့ရလို့ programming ပဲရလို့ programmer ပဲလုပ်မယ် ဆိုတဲ့စိတ်မျိုးက လက်တွေ့မှာ ပိုကောင်းတဲ့အလုပ်အခွင့်အလမ်းတွေရဖို့ အကြီးမားဆုံးသော အဟန့်အတားပါပဲ။ Internship မှာလေ့လာရသမျှကို တချိန်မှာဘယ်လိုပြန်အသုံးချလို့ရမလဲဆိုတဲ့ စိတ်မျိုးထားပြီး အတွေ့အကြုံယူဖို့အကြံပေးချင်ပါတယ်။
----------------->
ပြသနာ ၂ ကိုအဖြေရှာတဲ့အခါ …
internship ၃လသွားလို့ဘာအတွေ့အကြုံမှမရဘူးဆိုတာ တကယ်တော့မဖြစ်သင့်ပါဘူး။ အတွေ့အကြုံနဲ့လေ့လာစရာကို ကုမ္ပဏီက ဖန်တီးမပေးခဲ့ရင် ကိုယ့်ဘာသာကိုယ်ဖန်တီးတတ်ရပါမယ်။ နေရာအသစ်မှာ တွေ့ကြုံရသမျှ ကိုယ့်အတွက် လေ့လာစရာချည်းပါပဲ။ စာတွေ့နဲ့မတူတဲ့ လက်တွေ့လုပ်ငန်းခွင်မှာ သုံးတဲ့နည်းပညာတွေ ပညာရပ်ဆိုင်ရာအခေါ်အဝေါ်တွေကစလို့ ကိုယ်ယူတတ်ရင် ဗဟုသုတတွေချည်းပါပဲ။
internship မှာအလုပ်အများကြီးလုပ်ရမှ အတွေ့အကြုံရတယ်လို့ ခေါ်တာမဟုတ်ပါဘူး။
ဘယ်လောက်ပဲအလုပ်များတယ်ပြောပြော ကုမ္ပဏီရဲ့ အလုပ်သင်ဝန်ထမ်းအဆင့်မှာ လုပ်ရတဲ့အလုပ်တွေက ကုမ္ပဏီတစ်ခုနဲ့တစ်ခု သိပ်မကွာလှပါဘူး။ ကိုယ့်ထက်အလုပ်များပုံရတဲ့ intern တွေလည်း intern သွားတဲ့ ၃ ၄လလုံး အတွေ့အကြုံနဲ့နည်းပညာအသစ်တွေ တချိန်လုံးရနေတာမဟုတ်ပါဘူး။ သာမန်လုပ်ရုံးလုပ်စဉ်တွေဖြစ်တဲ့ data entry လုပ်တာ ရှိပြီးသား test case တွေကိုနမူနာကူးရေးတာ ပုံဆွဲတာ စတာတွေနဲ့ အချိန်ကုန်ကြရတာကများပါတယ်။
----------------->
ပြသနာ ၃ ကိုဘယ်လိုချဉ်းကပ်မလဲ …
ကျောင်းမပြီးသေးတဲ့ internship ကျောင်းသား/သူတွေပဲဖြစ်ဖြစ်၊ ကျောင်းပြီးသွားလို့ အလုပ်ရှာရင်း internship ၀င်တဲ့သူဖြစ်ဖြစ် intern ကာလအတွင်းမှာ ကုမ္ပဏီက ကိုယ်နဲ့သင့်တော်လား တက်လမ်းရှိတဲ့ကုမ္ပဏီလား လုပ်ငန်းခွင်အတွေ့အကြုံကောင်းတွေဖန်တီးပေးနိုင်လား စသည်ဖြင့် ကုမ္ပဏီကို လေ့လာသုံးသပ်ကြတဲ့အခါ
၁) ကုမ္ပဏီရဲ့ လုပ်ငန်းခွင်အကြောင်း မှန်မှန်ကန်ကန်သိနိုင်ဖို့ ကိုယ့်ကိုယ်ကို intern ဆိုတာမေ့ထားပြီး ကုမ္ပဏီရဲ့ permanent အမြဲတမ်းဝန်ထမ်းအဖြစ် ကိုယ့်ကိုယ်ကိုခံယူတဲ့စိတ်နဲ့ အလုပ်လုပ်ပါ။
၂) ကုမ္ပဏီနဲ့ဆိုင်တဲ့ သတင်းအချက်အလက်မှန်သမျှ လူနည်းစုရဲ့ gossip, rumour, opinion တွေကိုအခြေမခံပဲ ကိုယ်တိုင် ဆန်းစစ်လေ့လာပြီးမှ အမှန်ယူပါ။ ဥပမာ ရှေ့က အလုပ်ဝင်နေတဲ့၊ အလုပ်ဝင်ခဲ့တဲ့ senior က သို့မဟုတ် ကိုယ်လေးစားတဲ့ အားကျတဲ့ ကုမ္ပဏီဝန်ထမ်း တစ်ယောက်ယောက်က ကုမ္ပဏီက မကောင်းဘူး MD ကမကောင်းဘူး တိုးတက်မယ့်အခွင့်အလမ်းဘာမှမရှိဘူး စသည်ဖြင့်ပြောတဲ့အခါ ချက်ချင်းလက်ခံတာထက် ဘာကြောင့် ကုမ္ပဏီကမကောင်းတာလဲ ဘာကြောင့်အခွင့်အလမ်းမရှိဘူးလို့ပြောတာလဲ လူတိုင်းအခွင့်အလမ်းမရှိတာ သေချာရဲ့လားဆိုတာ ကိုယ်တိုင် လေ့လာသင့်သလို ကုမ္ပဏီမှာရာထူးနေရာရနေတဲ့ အောင်မြင်နေတဲ့သူတွေကိုလည်း သူတို့ဘာလို့ အောင်မြင်နေလည်းဆိုတာ လေ့လာသင့်ပါတယ်။
၃) ကုမ္ပဏီရဲ့ SWOT ကိုရှာတဲ့အခါ open-minded နဲ့ဘက်ပေါင်းစုံက လေ့လာပါ။
ကိုယ်မကြိုက်တဲ့၊ weakness လို့ထင်တဲ့အချက်က သူများအတွက်ကောင်းတဲ့အချက် opportunities သို့ strength ဖြစ်နိုင်ပါတယ်။ ဥပမာ ကုမ္ပဏီက နည်းပညာ A ကိုပဲသုံးပြီးလုပ်နေတာတွေ့လို့ ကိုယ်က နည်းပညာအသစ်တွေ လေ့လာခွင့်မရဘူး weakness လို့ထင်ပေမယ့် နည်းပညာ A မှာထူးချွန်တဲ့သူအတွက်ကတော့ ဒီအချက်က opportunity ပါပဲ။ အဲ့ဒီသဘောတရားကို နားလည်လက်ခံရင် ကုမ္ပဏီနဲ့ပတ်သက်ပြီး တခြားသူတွေက မကောင်းဘူးလို့ပြောနေတဲ့ အချက်တွေကလည်း ကိုယ့်အတွက်တော့ ကောင်းတဲ့ အားသာချက်ဖြစ်နေနိုင်ပါတယ်။
၎) နောက်ထပ်မှတ်ယူထားရမှာက ကုမ္ပဏီမှာ ၃လအလုပ်ဝင်ရုံနဲ့ ကုမ္ပဏီအကြောင်းသေချာသိသွားပြီလို့ မထင်ဖို့နဲ့ အလားတူကိုယ့်ရှေ့က internship ၀င်သွားတဲ့သူတွေက ကုမ္ပဏီက ကောင်းတယ်၊ မကောင်းဘူး စသည်ဖြင့်ပြောတဲ့အခါလည်း ကိုယ်တိုင်လေ့လာဆန်းစစ်ပြီးမှ လက်ခံဖို့ဖြစ်ပါမယ်။
----------------->
Internship တလျှောက်လုံးကြုံတွေ့သမျှ မှတ်တမ်းတင်ရတဲ့ internship program report က internship ရဲ့အသက်ပါပဲ။ အဲ့ဒီ report က internship ကြောင့်ရတဲ့ အကျိုးကျေးဇူးတွေထဲက လက်ဆုပ်လက်ကိုင်ပြလို့ရတဲ့ တခုတည်းသော ရလဒ်ဖြစ်တဲ့အပြင် အလုပ်လျှောက်ဖို့ CV ရေးတဲ့အခါ ကိုယ့်ရဲ့အရည်အချင်းကိုဖော်ပြပေးမယ့် အရေးကြီးတဲ့ သက်သေတစ်ခုဖြစ်ပါတယ်။
internship report ရေးတဲ့အခါ ကုမ္ပဏီအကြောင်းအကျဉ်းချုပ်ကစလို့ လေ့လာခဲ့သမျှအတွေ့အကြုံနဲ့နည်းပညာအသစ်တွေအလယ် ကုမ္ပဏီရဲ့ SWOT အဆုံး report မှာပါတဲ့အကြောင်းအရာတိုင်းကို ကိုယ်တိုင်သေချာနားလည်အောင်လုပ်ပြီးမှ အချိန်ယူပြီးရေးဖို့မှာချင်ပါတယ်။ ဒါမှ နောင်တချိန် အလုပ်ရှာတဲ့အခါ သို့ အလုပ်ပြောင်းဖို့ ကုမ္ပဏီတွေရွေးချယ်တဲ့အခါ ကုမ္ပဏီတွေရဲ့ SWOT ကို စနစ်တကျနဲ့ မှန်မှန်ကန်ကန် အကဲဖြတ်နိုင်ပါလိမ့်မယ်။
----------------->
နိုင်ငံတကာကစီးပွားရေးပညာရှင်တွေရဲ့ အဆိုအရ
Internship ကနေ မဖြစ်မနေသင်ယူသင့်တဲ့ အချက် ၆ ချက်
What you should learn from joining a company internship?

  1. How to talk to people in different roles အလုပ်မှာ မတူတဲ့ရာထူးအဆင့်အတန်းပေါ်မူတည်ပြီး ဘယ်လိုပေါင်းသင်းဆက်ဆံမလဲ
  2. How to identify and learn from influencers (who can be your mentors?) အလုပ်မှာ ဘယ်သူက အရေးပါတဲ့သူလဲ ဘယ်သူကတကယ်ဦးဆောင်တဲ့သူလဲဆိုတာ ဘယ်လိုခွဲခြားသိနိုင်မလဲ
    အဲ့ဒီကတဆင့် အရေးပါတဲ့သူတွေဆီကပညာသင်ယူတတ်လာမယ်
  3. How to ask feedbacks ကိုယ့်အလုပ်အပေါ် အကြံပြုချက် တုံ့ပြန်ချက်တွေကို ဘယ်လိုမေးရမလဲ
  4. How to figure out what works to prioritize တာဝန်ယူရတဲ့အလုပ်တွေထဲက ဘယ်အလုပ်ကပိုဦးစားပေးသင့်သလဲ
  5. How to conduct a useful meeting အကျိုးရှိတဲ့ အစည်းအဝေးတစ်ခု ဘယ်လိုလုပ်မလဲ
  6. What is like to be an employee ၀န်ထမ်းတစ်ယောက် လက်တွေ့လုပ်ငန်းခွင်ဝင်တဲ့အခါ ဘာတွေတွေ့ကြုံရလဲ
    ----------------->
    Internship ဆိုတာ ပညာဖြန့်ဝေဖို့ အလုပ်အခွင့်အလမ်းဖန်တီးပေးဖို့ရည်ရွယ်တာပဲမဟုတ်ပါဘူး။ ဖွံ့ဖြိုးပြီးနိုင်ငံတွေက company တွေမှာ human resource HR တိုးချဲ့ဖို့ အလုပ်ခေါ်တဲ့အခါ လုပ်ခနည်းနည်းနဲ့ ၀န်ထမ်းအစမ်းခန့်ထားတဲ့ internship စနစ်ကို သုံးကြပါတယ်။
    အရင်က နာရီဝက် တစ်နာရီအင်တာဗျူးပြီး ချက်ချင်းအလုပ်ခန့်ထားတဲ့အခါ ၀န်ထမ်းတွေက အင်တာဗျူးမှာဖြေခဲ့သလောက် အရည်အချင်းမရှိတာ ပေါင်းသင်းဆက်ဆံရေး သို့ စိတ်ကျန်းမာရေးချို့တဲ့တာ စတဲ့ပြသနာတွေဖြစ်နိုင် ဖြစ်ခဲ့တဲ့အတွက် လက်ရှိမှာ internship က
    ကျောင်းသားနဲ့ ကုမ္ပဏီ နှစ်ဦးနှစ်ဖက်အကျိုးရှိတဲ့ win-win strategy အလုပ်ခန့်တဲ့ နည်းဗျူဟာတရပ်ဖြစ်လာပါတယ်။
    ကုမ္ပဏီက internship ကြောင့်ရတဲ့ အကျိုးကျေးဇူးတွေအများကြီးရှိပါသေးတယ်။
    Other benefits that companies get from interns.
    Good interns can be the best full-time employees.
    Intern can perform unreasonable project. ကုမ္ပဏီမှာရှိတဲ့ ၀န်ထမ်းတွေမလုပ်ချင် မလုပ်နိုင်တဲ့ တချို့အလုပ်တွေက intern တွေရဲ့ တက်ကြွတဲ့လုပ်အားနဲ့ ပြီးမြောက်နိုင်စွမ်းရှိပါတယ်
    Interns are ease of use with advance technology. intern တွေက နည်းပညာအသစ်တွေကို သုံးဖို့ လေ့လာဖို့ အမြဲအဆင်သင့်ဖြစ်နေတဲ့သူတွေဖြစ်ပါတယ်။
    Interns can opens up new perspectives on your business. တခါတရံမှာ ကုမ္ပဏီအတွင်းကပြသနာကို ကုမ္ပဏီပြင်က intern တွေက ပိုပြီးရှင်းရှင်းလင်း မြင်တတ်ကြပါတယ်။ internship ကာလအတွင်း brainstorming လုပ်ခိုင်းတာ knowledge sharing လုပ်ခိုင်းတာတွေက အဲ့ဒီရည်ရွယ်ချက်ကြောင့်ဖြစ်ပါတယ်။
    ----------------->
    ကျောင်းသားတွေဖက်ကလည်း (စာမေးပွဲအောင်စာရင်းနဲ့မသိနိုင်တဲ့) ကိုယ့်ရဲ့အရည်အချင်းအစစ်အမှန်ကို internship ကာလမှာ စမ်းသပ်ခွင့်ရပါလိမ့်မယ်။ လစာကောင်းတဲ့ ကုမ္ပဏီကြီးမှာ အလုပ်ဝင်နိုင်ဖို့ လိုအပ်ချက်တွေရှိသေးတယ်ထင်ရင်လည်း ထပ်ပြီးလေ့လာဖို့ အချိန်ရပါတယ်။ internship တစ်ခုပြီးတာနဲ့အလုပ်ဝင်ရမယ်လို့လည်း မဟုတ်ပါဘူး။ အခြေအနေပေးရင် အလုပ်မ၀င်ခင်အတောတွင်း နိုင်ငံတကာအတွေ့အကြုံလည်းရအောင် global internship တွေလည်းလျှောက်ကြည့်သင့်ပါတယ်။
    ----------------->
    အနှစ်ချုပ်အနေနဲ့ပြောရရင် ကုမ္ပဏီမှာ ကိုယ်က intern ပဲဆိုပြီး နှိမ်ချတဲ့စိတ်မျိုးထက် ကုမ္ပဏီကလည်း ကိုယ့်ကိုလိုအပ်တယ်ဆိုတာ သိထားစေချင်ပါတယ်။
    ******* You are more important than you think. *******
    ----------------->
    စာကြွင်း။ ။ ကုမ္ပဏီအကြောင်းကိုယ်တိုင်လေ့လာပြီးမှယုံသင့်သလိုပဲ အခုစာပါအကြောင်းအရာတွေကလည်း ကိုယ့်ရဲ့အတွေ့အကြုံပေါ်မူတည်ပြီး သဘောထားကွဲလွဲခွင့်ရှိပါတယ်။
    Photo credit: Internet