Action verb Vs Linking verb
..................
.
Linking verb ဆိုတာ subject နဲ့ subject complement ကိုဆက်သွယ်ပေးတဲ့ verb တစ်ခုဖြစ်ပြီး action ကိုဖော်ပြခြင်းမရှိပါဘူး။linking verb တွေက subject ကဘာလဲဆိုတာကိုအဓိပ္ပါယ်သတ်မှတ်ပေးသလို subject ဘာဖြစ်သလဲဆိုတာကိုဖော်ပြပေးပါတယ်။Linking verb တွေကို တစ်ခါတစ်လေ copula verb လို့လဲခေါ်ကြပါတယ်။
ဥပမာ-
Mg Mg is a teacher.
မောင်မောင်ကဆရာတစ်ယောက်ဖြစ်တယ်။
ဒီဝါကျမှာ Mg Mg is (မောင်မောင်ကဖြစ်တယ်)ဆိုပြီးရပ်ထားလို့မရပါဘူး။အဓိပ္ပါယ်မပြည့်စုံပါဘူး။ဒီတော့အဓိပ္ပါယ်ပြည့်စုံအောင်ဖြည့်စွတ်ပေးတဲ့စကားလုံး အဖြည့်ပုဒ်(complement)အနေနဲ့ a teacher ဆိုတဲ့ noun ထည့်ပေးရပါတယ်။ဒီတော့ Mg Mg က subject ၊ is က verb ၊ a teacher က complement ပါ။
ဒီနေရာမှာ is ဆိုတဲ့ verb က မောင်မောင်ဘာလုပ်သလဲဆိုတဲ့ action ကိုပြတာမဟုတ်ပဲ မောင်မောင်ဘာလဲဆိုတာကိုပြန်ပြီးအဓိပ္ပါယ်ဖွင့်ပေးတာပါ။
မောင်မောင်ကဘာလဲ
မောင်မောင်ကဆရာတစ်ယောက်
ဒါကြောင့် ဒီဝါကျမှာ is က linking verb ဖြစ်တယ်။
နောက်တစ်ခု
Mg Mg seems drunk.
မောင်မောင်ကိုကြည့်ရတာအရက်မူးနေသလိုပဲ။
ဒီမှာလဲ Mg Mg seems (မောင်မောင်ကဖြစ်ဟန်ရှိသလိုပဲ)ဆိုပြီးရပ်ထားလို့မရပါဘူး။အဓိပ္ပါယ်ပြည့်စုံအောင် drunk ဆိုတဲ့ adjective ထည့်ပေးရပါတယ်။ဒါကြောင့် Mg Mg က subject ၊ seems က verb ၊ drunk က complement ပါ။
ဒီဝါကျမှာ seems ဆိုတဲ့ verb ကမောင်မောင်ဘာလုပ်သလဲဆိုတဲ့ action ကိုပြတာမဟုတ်ပဲ မောင်မောင်ဘာဖြစ်နေသလဲဆိုတာကိုဖော်ပြပေးတာပါ။
မောင်မောင်ဘာဖြစ်နေလဲ
မောင်မောင်အရက်မူးနေတယ်
ဒာကြောင့်ဒီဝါကျမှာ seems သည် linking verb။
အင်္ဂလိပ်grammar မှာ အတွေ့ရအများဆုံး linking verb ကတော့ be(is,am,are,was,were)ပါ။နောက်ထပ် အသုံးများတဲ့linking verb တွေကတော့ seem,feel,smell,sound,taste,look,become စတာတွေဖြစ်ပါတယ်။အခြား linking verb တွေလဲအများကြီးရှိပါတယ်။
အင်္ဂလိပ်စာမှာ be,seem,become တွေကအမြဲတမ်း linking verb ဖြစ်ပေမယ့် ကျန်တဲ့ verb တွေကတော့ တစ်ခါတစ်ရံ linking verb မဖြစ်နိုင်ပါဘူး။
Linking verb အကြောင်းကိုလေ့လာပြီဆို action verb နဲ့လွဲတတ်ပါတယ်။
ဒီတော့ သူတို့ဘာတွေကွာခြားသလဲဆိုတာလေးတော့နည်းနည်းလေ့လာကြည့်ကြစို့။
Action verb
Action verb ဆိုတာက subject ကဘာလုပ်သလဲဆိုတဲ့ action ကိုဖော်ပြပေးတဲ့ verb ပါ။action verb ကိုတစ်ခါတစ်လေ dynamic verb လို့လဲခေါ်ကြပါတယ်။ဥပမာ-
Mg Mg went to Yangon yesterday.
မောင်မောင် ရန်ကုန်ကိုမနေ့ကသွားခဲ့တယ်။
ဒီဝါကျမှာ went ဆိုတဲ့ verb က မောင်မောင်ဘာလုပ်သလဲဆိုတဲ့ action ကိုဖော်ပြပေးတာပါ။ဒီတော့ went သည် action verb ပါ။
The food went bad, because I forgot to put it in the fridge.
ရေခဲသေတ္တာထဲကိုထည့်ဖို့မေ့သွားတာ အစားအစာတွေပုတ်သိုးသွားပြီ။
ဒီဝါကျမှာ went ဆိုတဲ့ verb ကအစားအစာတွေ ဘာလုပ်သလဲဆိုတဲ့ action ကိုဖော်ပြတာမဟုတ်ပဲ ဘာဖြစ်သွားသလဲဆိုတာကိုဖော်ပြပေးတ၊ဲ့ bad ဆိုတဲ့ complement နဲ့ချိတ်ဆက်ပေးတဲ့ linking verb ပါ။
action verb နဲ့ linking verb ရဲ့ကွာခြားချက်တွေကတော့-
Action verb က ဆောင်ရွက်မှုကိုပြတယ်။
Linking verb ကအခြေအနေကိုပြတယ်။
Action verb ရဲ့နောက်မှာ object လိုက်လေ့ရှိတယ်။
Linking verb ရဲ့နောက်မှာ subject complement လိုက်တယ်
Action verb က object မပါပဲတည်ရှိနိုင်တယ်
Linking verb တွေက complement မပါပဲအဓိပ္ပါယ်မပြည့်စုံဘူး။
Action verb က subject ကဘာလုပ်သလဲဆိုတဲ့ဆောင်ရွက်ချက်ကိုပြတယ်။
Linking verb ကsubject ကဘာလဲဆိုတာနဲ့ subject ဘာဖြစ်လဲဆိုတာကိုပြတယ်။
လေ့လာထားမိသမျှ😊