န ဇစ္စာ ဝသလော ဟောတိ။
န ဇစ္စာ ဗြာဟ္မဏော ဟောတိ။
ကမ္မု နာ ဝသလော ဟောတိ။
ကမ္မု နာ ဟောတိ ဗြာဟ္မဏော။
အမျိုးဇာတ်ကြောင့် လူမိုက်မဖြစ်နိုင်။
အမျိုးဇာတ်ကြောင့် ဗြာဟ္မဏ(မြင့်မြတ်သူ)
မဖြစ်နိုင်။လုပ်ရပ်ကြောင့်သာ လူမိုက်ဖြစ်၏။လုပ်ရပ်ကြောင့်သာ ဗြာဟ္မဏ(မြင့်မြတ်သူ) ဖြစ်၏။
အိန္ဒိယမှာ ဇာတ်ခွဲခြားဆက်ဆံတဲ့စနစ်က အတော့
ကိုပြင်းပြင်းထန်ထန်ရှိခဲ့တယ်။ဇာတ်လေးမျိုးရှိတယ်။
ဗြာဟ္မဏဇာတ်,ခတ္တိယဇာတ်,ဝဿ ဇာတ်,သုဒ္ဒဇာတ်
ဆိုပြီးတော့ရှိတယ်။ဗြာဟ္မဏ ခေါ်တဲ့(မြင့်မြတ်သူ)
လို့ခံယူထားတဲ့ အုပ်စုနဲ့စကားပြောချင်ရင်အောက်
ထ စ်ဆုံးဖြစ်တဲ့ သုဒ္ဒဇာတ်အနွယ်တွေက တိုက်ရိုက်
စကားပြောခွင့်မရှိ။ကြားခံနဲ့ပြောကြရတယ်။
တကယ်လို့ ပြောဆိုမိမယ်ဆိုရင်အပြစ်ကျူးလွန်ရာ ရောက်သတဲ့။သုဒ္ဒအနွယ်ဝင်များဟာဗြာဟ္မဏတွေ
ကိုးကွယ်တဲ့…န်တ်ဒေဝတာများကိုကိုးကွယ်သော်
လည်းဘုရားကျောင်းကန်များ……ဘာသာရေးပွဲ
တော်များ ကို တက်ရောက်ဆင်နွဲခွင့်မပေးပဲ အတင်း
အကြပ် တားမြစ်ပိတ်ပင်ထားတယ်။
ခတ္တိယအနွယ်(အုပ်ချူပ်သူ)လူတန်းစားက ဘုရားရှင်
ပွင့်လာတော့ အဲဒီဇာတ်ခွဲခြားတဲ့စနစ်ကိုပယ်တယ်။
ရဟန်းအဖြစ်ကို ရောက်ရှိလာတဲ့ ဘယ်သူ့ကိုမဆို
ဥပမာ,သူတောင်းစားဘဝကပဲလာလာ,သူဌေးသူ
ကြွယ်ဘဝကပဲလာလာ,ဗြာဟ္မဏလို့ခေါ်တဲ့ မြင့်မြတ်
သူအုပ်စုကပဲလာလာ,ခတ္တိယ အနွယ်ကပဲလာလာ
ဘိက္ခု(ရဟန်း)ဆိုတဲ့အမည်နာမနဲ့ သိက္ခာဝါကိုသာ
အလေးထားနေထိုင်ကြရပါတယ်။
သာကီဝင်အနွယ်ရဟန်းတော်များဟာ သူတို့ရဲ့
မုတ်ဆိတ် ဆံသ…အလုပ်အကျွေးပြုခဲ့သူဖြစ်တဲ့
ဥပါလိက သူတို့ထက် ရဟန်းပြုတာစောတော့ ရှိခိုး
ကန့်တော့ကြရပါတယ်။ဒါဘာလည်းဆိုတော့အမျိုး
ဇာတ်ဆိုတာ ဗုဒ္ဓလမ်းစဉ်မှာ မရှိဘူးဆိုတာသေသေ
ချာချာနားလည်သဘောပေါက်ကြရပါမယ်။
အဲဒါကို ဘယ်လိုပြောသလဲဆိုတော့ ဂဂါင်္မြစ်,ယမုနာ
မြစ်,မဟီမြစ်,သရဗူမြစ် အစီရဝတီမြစ် စတဲ့ မြစ်ကြီး
ငါးစင်းတို့သည် မိမိတို့၏ အမည်နာမအသီးသီးဖြင့်
စီးဆင်းခဲ့ကြသော်လည်း သမုဒ္ဒရာသို့ရောက်သော
အခါ အမည်အရင်းတို့ပျောက်၍တစ်သားတည်းဖြစ်
သွားသလိုဆိုပြီး ဥပမာပေးတော်မူပါတယ်။
ဒါကြောင့် ဗုဒ္ဓဘာသာဝင်ဖြစ်တိုင်း မြင့်မြတ်သူလို့
ပြောလို့မသင့်ဘူး။ကိုယ့်ရဲ့ကိုယ်ကျင့်သိက္ခာနဲ့လုပ်
ရပ်တွေဟာ မြင့်မြတ်အောင် လုပ်တတ်နေတတ်မှ
မြင့်မြတ်သူတွေ ဖြစ်လာကြမှာပဲ။ဗုဒ္ဓဘာသာနိုင်ငံ
လို့ဟစ်ကြွေးနေကြတဲ့မြန်မာပြည်ကြီးမှာ…
#ဆရာတော်က တပည့်ဒကာမကို
#သားက မိခင်ကို,အဖေက သမီးကို
#မောင်က နှမကို ဖောက်ပြန်လွန်ကျူး
ကြတဲ့ကိစ္စတွေ များလာနေတာဟာ
ဗုဒ္ဓဘာသာဝင်များရဲ့ ဖြစ်သင့်သော
ကိစ္စမဟုတ်ပါ။
ဖောက်ပြန်မူ့တွေ အားကြီးလာတဲ့တစ်နေ့မှာတော့
အဲဒီလူမျိုး အဲဒီနိုင်ငံ,အဲဒီ ကမ္ဘာပျက်တဲ့နေ့ပါပဲ။
ဒါကို သတိသံဝေဂဥာဏ်နဲ့ ထိန်းကြဖို့ အထူး လို
အပ်နေပါပြီ။
ဒီမျှသာ