Ooredoo is cheating

elizroo(42)
Published in
#stop
Words
215
Reading
1 min
Listen
Play
9y

Ooredoo လုပ်ပုံ ပြောရဦးမယ်…
မနက် သုံးနာရီလောက်က Bill ကုန်သွားလို့ Bill လှမ်းချေးတယ်…
3000 ဖြည့်ပီးမှ ချေးပါတဲ့
msg ပို့လာတယ်…
ဒါနဲ့ Operator ကို ဖုန်းဆက်မေးတော့
ဟုတ်တယ်အစ်မ… Bill 3000 အရင်ဖြည့်လိုက်ပါတဲ့…

Garrrrrr!
မရှိလို့ ချေးပါတယ်ဆိုမှ Bill အရင်ဖြည့်ဆိုတော့
ဘယ် ဘာသာစကားနဲ့ ဆဲရမှန်းမသိ ဖြစ်သွားတယ်…

အဲ့ဒါနဲ့ ဘာလို့အရင်ဖြည့်ရမှာလဲ ဆိုတော့
အစ်မကဒ်က 3000 ပြည့်အောင် မသုံးထားလို့ ဖြစ်မယ်တဲ့…
အေးပါ ညယ်မရယ်… ဒီကဒ်က သုံးလာတာ နှစ်နှစ်လောက်ပဲ ရှိသေးတော့ 3000 ပြည့် မပြည့် မသိသေးဘူးပေါ့ :/

ဟိုတစ်နေ့က လိုင်းတအား ကျလို့ ဖုန်းဆက်မေးတော့လည်း
ဟုတ်တယ် အစ်မ လိုင်းနည်းနည်း ကျနေပါတယ်တဲ့…
ဘာလုပ်ပေးမှာလဲ ဆိုတော့ ဘာမှ လုပ်လို့တော့ မရပါဘူး
ပိုကောင်းအောင် ပြုပြင်နေပါတယ် တဲ့…

ဘာမှ အကြောင်းပြချက် မပေးနိုင် တာဝန်မခံနိုင်ဘဲ ဘာကိစ္စ တွေ့ကရာလူကို Operator ဝန်ထမ်း ခန့် ထားတာလဲ…
customer မေးသမျှကို ပါးစပ်ထဲ တွေ့ကရာ ကောက်ဖြေတာတော့ ကိုယ်တောင် သူတို့ထက် ပိုရယ်ရအောင် ဖြေတတ်သေး…

စိတ်တိုတိုနဲ့ ဖုန်းချကာနီး
အစ်မရေ သူတို့ဝန်ဆောင်မှု စစ်တမ်းကောက်နေလို့ အမှတ်လေး ပေးသွားပါဦးတဲ့…
တောင်းရဲတယ်နော်
ဖဲရှုံးတဲ့သူကို အကောက် လာကောက်နေသလိုပဲ…
ဒါတောင် ဖုန်းထဲမို့…
ဒီလို အထူအပါး မသိပုံနဲ့တော့
အပြင်မှာဆို ရုံးရောက် ဂတ်ရောက် ဖြစ်လိုက်မယ့် အမျိုး…

Operator ဆီ ဖုန်းဆက်ရတာလည်း လွယ်တာ မဟုတ်ဘူး…
ဟိုဂဏန်းနှိပ်ပါ ဒီဂဏန်းနှိပ်ပါ ဆိုတာတွေ လျှောက်နှိပ်နေရသေးတာ…
မှားများနှိပ်မိရင် အစက ပြန်စပြီး ပြောသမျှ နားထောင်ပေးရသေးတာ…
image

လက်စ လက်န ကလည်း ရှိသေးတယ်…
သူများတွေပြောလို့ Bill 1000 ကဒ် ဖြည့်ပီး ချက်ချင်း Bill စစ်တာ 992 ကျပ်ပဲ ရှိတယ်…
ရှစ်ကျပ်က ဘယ်သူတောင်းစား သုတ်သွားတာတုန်း…

ဒါဖြည့်ဖြည့်ချင်းနော်…
ကျန်တဲ့ တတိတိ ခိုးတာတွေ မပါသေးဘူး…
ဖုန်းဆက်မေးရင်လား
ဖုန်းမှာ ကျန်တဲ့ data ဆွဲတာတွေ ဖွင့်ထားလို့ပါလို့ ကြက်တူရွေး နှုတ်တိုက်တွေ ဖြေတာ ဖြေတာ…

ခိုးတာ ဝှက်တာတော့ ကိုယ်လည်း နားမလည်လို့ သူတို့ ပြောသမျှပဲ…
ဒါပေမယ့် တာဝန်ယူမှုတော့ ရှိစေချင်တယ်…
image

လိုင်းကျတဲ့ Operator ကို အစိုးရက ဒဏ်ငွေသာ ဆောင်ခိုင်းပါလား…
မကောင်းရင် ကြိုက်သလိုပြော…

ခုတော့ ပြည်သူက တကယ့်အချဉ်တွေ…
လိုင်းမကောင်းရင် ဘယ်သူမှ တာဝန်မယူဘူး…
ကောက်ချင်တဲ့အခွန်ကျတော့ ပျာလို့…

Ooredoo ကို အလုပ်အကျွေး ပြုလာတာ နှစ်နှစ်လောက် ရှိပြီ…
MPT တောင် စိတ်နာလို့ ဆွဲကြိုးရောင်းပြီး ဝယ်ထားတဲ့ကဒ်တောင် ပြန်သုံးမိမှာစိုးလို့ တစ်ခါတည်း ချိုးပြီး အိမ်သာထဲ ပစ်ချခဲ့တာ…
စိတ်နာရင် မရဘူး…

အစိုးရက ဘာမှ တာဝန်ယူ ဖြေရှင်းမပေးသ၍ ဘယ် Operator ကမှ စေတနာ မှန်မှာ မဟုတ်ဘူး…
တာဝန်ရှိသူတွေ တာဝန်ယူပေးကြပါဦး…
ပြောသာပြောရတယ်
ခပ်လန့်လန့်ပဲ…
တော်ကြာ ခုမှ သတိရပီး
ဖုန်းဘေပါ ဈေးတက်သွားမှာစိုးလို့… image

Ooredoo is cheating | Ecency