လက်ခုတ်ကနှစ်ဘက် တီးမှမြည်တာဆိုပဲ။
တစ်ဘက်တည်းတီးရတဲ့ လက်ဖြောက်ကိုကျတော့
ကိုယ် မှားတယ် ပြောရတော့မလား ချစ်သူ…။
""ရွှေစစ်ကိုင်း သို့ တမ်းချင်း""
=
ရွှေစစ်ကိုင်းတောင်ကိုလွမ်းတယ် …
ချစ်ခဲ့ဖူးတဲ့သူနဲ့ စကားတူပြိုင်တွဲ
လက်ကလေးတွဲချိတ်ပြီး သွားခဲ့ချိန်က ဦးပိန်တံတားဟာ အထီးမကျန်ခဲ့ပါ။
ပင်လက်ပံ နီရဲရဲက ပွင့်ဖတ်တွေ ကြွေကျ
တောင်သမန်အင်းက မျက်ရည်တွေကို ဖတ်ဖြစ်ခဲ့တယ်။
အလိုလို လွမ်းတတ်သော်လည်း
မေ့ချင်ယောင်ဆောင်ခဲ့ရပါတယ် စစ်ကိုင်းချစ်သူရယ်။